တရုတ်အပေါ် အလွန်အကျွံ မှီခိုခြင်းမပြုရန် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် သတိပေး

ဖနွမ်းပင်၊ မေ ၁၃

တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသော ခါးပတ်ရပ်ဝန်းတစ်ခု၊ လမ်းမတစ်ခုပေါ်လစီ (One Belt, One Road Policy) မှာ  အာဆီယံရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ဒုတိယနေ့တွင် လူပြောများသည့် အကြောင်းအရာတစ်ခု ဖြစ်သည်။

အဆိုပါပေါ်လစီမှ ရရှိလာနိုင်သည့် အခွင့်အလမ်းများကို ရယူရေးကို လက်ခံကြိုဆိုကြသော်လည်း ပေကျင်းအပေါ် အလွန်အကျွံ အားကိုးခြင်းမပြုရန် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် မေ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည့် ဖိုရမ်တွင် ဟောပြောသူများက သတိပေးခဲ့ကြသည်။

၂၀၁၃ ခုနှစ်တွင် သမ္မတရှီကျင့်ပင်က ပထမဆုံးကြေညာခဲ့သည့် ထိုအစီအစဉ်တွင် အာရှဗဟိုမှတဆင့် တရုတ်နှင့် ဥရောပကို ဆက်သွယ်ရန်အတွက် ရှေးယခင်ကတည်းက ရှိခဲ့သည့် ပိုးလမ်းမကြီးကို ပြည်လည် တည်ဆောက်ရန် ရည်ရွယ်ထားသည်။  အစီအစဉ်ကို နောက်ထပ် မြင့်တင်ရန် ရည်ရွယ်ကာ မေ ၁၄ ရက်နေ့တွင် သမ္မတရှီက ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။ လက်ရှိပုံစံအရ အာရှစီးပွားရေးစြင်္ကခြောက်ခုတစ်လျှောက် အဝေးပြေးလမ်းသစ်များ၊ ရထားလမ်းများ၊ ဆိပ်ကမ်းများ၊ လေယာဉ်ကွင်းများနှင့် ပင်လယ်ရေကြောင်းလမ်းတစ်ခု တည်ဆောက်ရေးတို့ ပါဝင်မည်ဖြစ်သည်။

“တရုတ်မှာ ကာလရှည် မဟာဗျူဟာတစ်ခုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကပြသနေတာက တရုတ်ဟာ ဒီဒေသတွင်းနဲ့ အလွန်မှာ အောင်မြင်တဲ့ စီးပွားရေးတိုးတက်မှုကို အခွင့်အရေး ယူချင်နေတယ်။ လမ်းမကြီးတစ်ခု မဟာဗျူဟာက ပြီးပြည့်စုံတဲ့ စံနမူနာပဲ” ဟု General Electric ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဂျွန်ရိုက်စ်က ပြောသည်။

“ကျွန်တော်တို့ ဒါကို ခြိမ်းခြောက်မှုတစ်ခုလို့ မမြင်ပါဘူး။ အခွင့်အလမ်းတစ်ခုပါ” ဟု ၎င်းကဆိုသည်။

ဒေသတွင်း တရုတ်၏ သြဇာကြီးထွားလာမှုနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံအချို့တွင် စိုးရိမ်မှုများ ရှိနေသည်။ မြန်မာနိုင်ငံ၏ ကြန့်ကြာနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပေကျင်းက ကြီးကြီးမားမား ပါဝင်ပတ်သက်မှုရှိနေသည်။ ထို့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရှယ်ယာတိုးမြှင့်ခြင်းအပါအဝင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတန်သော စီမံကိန်းများကိုလည်း တရုတ်က မျက်စိကျနေသည်။

ခါးပတ်ရပ်ဝန်းနှင့် လမ်းမတစ်ခု အစီအစဉ်များကြောင့် တရုတ်က ၎င်း၏သြဇာကို အရှေ့တောင်အာရှဒေသအပေါ် နောက်ထပ် ချဲ့ထွင်လာနိုင်သည်ကို စိုးရိမ်ရကြောင်း လေ့လာသူအချို့က ထုတ်ဖော်ပြောကြားခဲ့သည်။

“ပထဝီနိုင်ငံရေးကတော့ တရုတ်က တွန်းအားပေးလုပ်ဆောင်မှုရဲ့ အစိတ်အပိုင်းပေါ့။ ဒါပေမယ့်လည်း ဒါက ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ပေါင်းစည်းရေးနဲ့လည်း ပတ်သက်နေပါတယ်” ဟု Growth and Markets Centre Leader of PwC မှ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်များဌာနကို ဦးဆောင်သူ မစ္စတာဒေးဗစ်ဝိုက်ဂျာရက်နေက ပြောကြားသည်။ အစီအစဉ်နှင့် ပတ်သက်သည့် စာမျက်နှာ ၉၀ ပါ အစီရင်ခံစာတစ်စောင်ကို ၎င်းက မကြာမီထုတ်ပြန်မည်ဖြစ်သည်။

“သိသာထင်ရှားတာကတော့ တရုတ်ရဲ့ ပေါ်လစီဘက်ကို လိုက်တာပါ။ ဒါပေမယ့် ဒါက ပထဝီနိုင်ငံရေးသက်သက်တော့ မဟုတ်ပါဘူး။ တခြားဟာတွေလည်း အများကြီးပါပါတယ်”ဟု ၎င်းက ဖိုရမ်ခေတ္တနားချိန်တွင် Frontier ကို ပြောကြားသည်။ “လမ်းကြောင်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီနဲ့ နိုင်ငံတွေ စဉ်းစားကြတဲ့အခါ အရေးပါတယ်လို့ ကျွန်တော်ထင်တာက ပထဝီနိုင်ငံရေးသဘောတရား သက်သက်ကနေမကြည့်ဘဲ ပန်းတိုင်တွေရဲ့ အဆက်အစပ်ကို သူတို့ကြည့်တာပဲ” ဟု ၎င်းကဆိုသည်။

အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် တရုတ်၏ အစီအစဉ်ကပေးသည့် အခွင့်အလမ်းများအပေါ် အမြတ်ထုတ်သင့်သော်လည်း တရုတ်အပေါ် အလွန်အကျွံ အားကိုးခြင်းမပြုကြရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာဂျော့ဂျ်ယိုးက ပြောသည်။

“နိုင်ငံတွေက တရုတ်အပေါ် အလွန်အကျွံ မှီခိုလာမယ်။ တရုတ်က ထိန်းချုပ်ပြီး ကြိုးကိုင်ချယ်လှယ်လာမယ်ဆိုတဲ့ စိုးရိမ်မှုရှိတယ်”ဟု ၎င်းကဆိုသည်။ “အဓိကပြောချင်တာက အရှေ့တောင်အာရှနိုင်ငံတွေအတွက်ပါ။ တရုတ်နဲ့ နီးနီးကပ်ကပ်ပေါင်းပါ။ ဒါပေမဲ့ တရုတ်ကို အထူးသီးသန့်ပုံစံနဲ့တော့ ဘယ်တော့မှ မဆက်ဆံပါနဲ့” ဟု ၎င်းကပြောသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်က ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မေ ၁၁ ရက်နေ့က တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဖိလစ်ပိုင်သမ္မတ မစ္စတာရိုဒရီဂိုဒူတာတေနှင့်အတူ စင်ပေါ်ကို တက်ရောက်လာခဲ့သည်။ ၎င်း၏အစိုးရအဖွဲ့က တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးရှိနေုခြင်းကို ဖွင့်ပွဲအခမ်းအနားမစမီ သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ပြောကြားခဲ့သည်။

“၂၀၀၈ ခုနှစ်က ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကာလမှာ တရုတ်နဲ့ အိန္ဒိယစီးပွားရေးတွေကတော့ ကြံ့ကြံ့ ခံနိုင်ခဲ့ကြတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဥရောပတို့မှာလို တရုတ်စီးပွားရေးလည်း တစ်ချိန်တည်း ပြိုလဲခဲ့မယ်ဆိုရင် ကမ္ဘာကြီးက အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာပဲ။ တရုတ်က သူတို့ရဲ့ပြဿနာကိုသာ ရှင်းနိုင်ခဲ့တာမဟုတ်ပါဘူး။ ဒေသတွင်းကိုလည်း အကူအညီတွေ ပေးနေတာပါ”ဟု ၎င်းကပြောကြားခဲ့သည်။

သတင်း-အိုလီဗာ ဆလိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.