တရုတ်နယ်စပ်ကမြို့ ကိုရိုနာ ကြောက်သလား

COVID-19 ရောဂါစတင်သည့် တရုတ်နိုင်ငံသည် ရောဂါ၏အဆိုးဝါးဆုံးအခြေအနေကို ကျော်ဖြတ်ခဲ့ပြီးချိန်တွင် ကမ္ဘာ့နိုင်ငံများက ရောဂါ၏အဆိုးဝါးဆုံးအခြေအနေကိုစတင်ခံစားနေခဲ့ရပြီဖြစ်သည်။
ယင်းအခြေအနေတွင် တရုတ်နိုင်ငံနှင့်မိုင်ပေါင်း ၃၀ ကျော်ထိစပ်နေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အခြေအနေကို Frontier က လွန်ခဲ့သောရက်သတ္တပတ်က သွားရောက်လေ့လာခဲ့ပါသည်။

နန္ဒ

မြန်မာ-တရုတ် နယ်စပ်ဝင်ပေါက်တစ်ခု ဖြစ်သည့် ရန်လုံကျိုင်းဂိတ်သည် လွန်ခဲ့သော ငါးနှစ်က တပ်မတော်နှင့်ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ပြင်းထန်သောတိုက်ပွဲများအကြား စစ်တလင်းဖြစ်ခဲ့ရသည်။
ကိုးကန့်တိုက်ပွဲအမှတ်တရကျည်ဆန်ရာများရှိနေသေးသည့် ရန်လုံကျိုင်းသည် လက်ရှိတွင်လည်း ဆန်းပြားခြားနားသည့် အန္တရာယ်ရနံ့သင်းနေပြန်သည်။
ယခင်ကလို သေနတ်များ၊ကျည်ဆံများနှင့်ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ မျက်နှာဖုံးများ၊အပူချိန်တိုင်းကိရိယာများ၊ရောဂါကာကွယ်ရေးဝတ်စုံများဖြင့်ရင်ဆိုင်တွန်းလှန်နေသည့် အန္တရာယ်မျိုးဖြစ်သည်။
ကွမ်ယင်မယ်တော်ရုပ်တုထည့်သွင်းတည်ဆောက်ထားသောကိုးကန့်ယဉ်ကျေးမှုထုံမွှန်းနေသည့်ဂိတ်ကိုလွန် လိုက်လျှင် ဟိုဘက်ခြမ်းသည် တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်နေသည့် COVID-19 စတင်ခဲ့ရာတရုတ်ပြည်ဖြစ်သည်။
သို့သော် ရန်လုံကျိုင်းဂိတ်တံခါးသည် ဖွင့်ထားလျက်။

မြန်မာ-တရုတ် နယ်စပ်ဝင်ပေါက် ရန်လုံကျိုင်းဂိတ်အား မတ်လ ၁၀ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ-နန္ဒ

မြန်မာ-တရုတ် နယ်စပ်ဝင်ပေါက် ရန်လုံကျိုင်းဂိတ်အား မတ်လ ၁၀ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ-နန္ဒ

လူတွေရောကားများပါ ဝင်ထွက်သွားလာလျက်။
“တရုတ်ပြည်ဘက်က လူတစ်ယောက်ကူးလာတာမြင်လိုက်တာနဲ့ သူ့ဆီမှာရောဂါပိုးပါလာမှာလားဆိုတဲ့စိုးရိမ်မှုကအပြည့်ပဲ” ဟု ဇန်နဝါရီ ၂၇ ရက်ကထဲက ဂိတ်တွင်တာဝန်ကျနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
သို့သော် ကံအားလျှော်စွာပင်(မတ် ၁၈ ရက်အထိ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူတစ်ဦးမှမတွေ့သေးပါချေ။

ခြောက်ကပ်ကပ်ကစားဝိုင်းများ

တရုတ်နှစ်သစ်ကူးကာလသည် လောက်ကိုင်အတွက်အမြဲပျော်ရွှင်ရသည့်နှစ်သစ်ကူးတော့မဟုတ်ပါချေ။ ၂၀၁၅ ခုနှစ်က နှစ်သစ်ကူးကာလမှာပင် ကိုးကန့်ခေါင်းဆောင်ဦးဖုန်ကြားရှင်၏ တပ်ဖွဲ့နှင့်တပ်မတော်တို့၏တိုက်ပွဲများပြင်းထန်ခဲ့ပြီး လောက်ကိုင်၏နှစ်ကူးကာလသည် ဗျောက်အိုးသံများအစားသေနတ်သံများကနေရာယူခဲ့ပြီးထိတ်ထိတ်လန့်လန့်ဖြစ်ခဲ့ရသည်။ ယခုတရုတ်နှစ်သစ်ကူးကာလတွင်လည်းလောက်ကိုင်သည် COVID-19 ကြောင့် ထိတ်လန့်တကြားဖြစ်ခဲ့ရပြီး နှစ်သစ်ကူးဧည့်သည်များရောက်မလာနိုင်ခဲ့ကြပါ။ ကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းများနှင့်ဒေသအုပ်ချုပ်ရေးအာဏာပိုင်များက ရောဂါကာကွယ်ရေးကို တတ်နိုင်သမျှကိုင်တွယ်ဆောင်ရွက်ပြီးနောက် မြို့သည်ပုံမှန်နီးပါးလည်ပတ်နေပြီဖြစ်သည်။
“ဖြစ်ကာစကတော့ကြောက်ကြတယ်။ အခုကတော့အားလုံးပုံမှန်ပါပဲ။”ဟု လောက်ကိုင်မြို့တွင် ရန်ကုန်မှလာရောက်အလုပ်လုပ်နေသူ ကိုအောင်သူက မတ်လ ၁၂ ရက်တွင်ပြောသည်။ သူကိုယ်တိုင်ကတော့ မျက်နှာဖုံးတပ်ထားပါသည်။
လမ်းပေါ်တွင် လူဆယ်ဦးလျှင် ၃ဦးခန့်က မျက်နှာဖုံးတပ်ထားသည်။
လောက်ကိုင်လမ်းမများပေါ်တွင် လူတွေပုံမှန်လှုပ်ရှားသွားလာနေကြသော်လည်း သိသိသာသာလူရှင်းသွားသည့်နေရာများတော့ရှိနေသည်။

ကာစီနိုနှင့်ဟိုတယ်ဝန်းတစ်ခုတွင်တွဲဖွင့်ထားသည့် ဈေးဝယ်လျှောက်လမ်းတစ်ခု။ ဓာတ်ပုံ-နန္ဒ

ကာစီနိုနှင့်ဟိုတယ်ဝန်းတစ်ခုတွင်တွဲဖွင့်ထားသည့် ဈေးဝယ်လျှောက်လမ်းတစ်ခု။ ဓာတ်ပုံ-နန္ဒ

တရုတ်ဧည့်သည်များကို အားပြုနေရသည့် ကာစီနိုရုံများဖြစ်ပါသည်။COVID-19ကြောင့်တရုတ်ဘက်ကအဝင်အထွက်တင်းကြပ်လိုက်ချိန်တွင် ဧည့်အဝင်ကျခဲ့ရခြင်းဖြစ်သည်။
မြို့ခံတစ်ဦး၏အကူအညီဖြင့် Frontier က ကာစီနိုသုံးခုကိုသွားရောက်လည်ပတ်ခဲ့သည်။ မြို့ခံက သူ့ပစ္စတိုကိုလုံခြုံရေးထံအပ်လိုက်သည်။ မျက်နှာဖုံးတပ်ထားသော ကိုးကန့်တိုင်းရင်းသားလုံခြုံရေးကအပူချိန်တိုင်းတာပြီးနောက် မျက်နှာဖုံးတပ်မှ ဝင်ခွင့်ပြုသည်။
ကာစီနိုထဲတွင် လူရှင်းလျက်ရှိသောကစားဝိုင်းအမြောက်အများကိုတွေ့ခဲ့ရသည်။
ပုံမှန်ဆိုလျှင် ကာစီနိုကစားရုံတစ်ခုတွင် ဝန်ထမ်းရောထိုးသားပါပေါင်းလျှင် လူဦးရေက ထောင်ဂဏန်းအထိရှိသည်။ တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၁၅ခုနှစ်ကာလကပင် ယခုလောက်ဧည့်အဝင်မကျဘူးကြောင်း မြို့ခံက Frontier ကိုပြောသည်။ ထို့နောက် သူက ကာစီနိုပိုင်ရှင်၏ လူယုံတစ်ဦးနှင့်မိတ်ဆက်ပေးသည်။
“ကျွန်တော်တို့ သုံးလဆက်တိုက်အရှုံးပေါ်နေပြီ။ ဒီရောဂါကြီးမြန်မြန်ပြီးသွားဖို့မျှော်လင့်နေတယ်”ဟု ကာစီနိုနှင့်တွဲထားသောဟိုတယ်လော်ဘီတွင်ထိုင်ရင်းသူကပြောသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှားတွင် လူစုလူဝေးမလုပ်ကြဖို့ တားမြစ်ထားသော်လည်း သူက ကစားဝိုင်းလူစည်ရန် ဧည့်မျှော်နေသည်။
ကစားဝိုင်းတွင်လူရှင်းခြင်း၏တိုက်ရိုက်အကျိုးဆက်အဖြစ် အထပ်မြင့်ဟိုတယ်ကြီးကလည်းလူရှင်းလျက်ရှိသည်။
ကာစီနိုထဲတွင် အွန်လိုင်းမှလောင်းကစားလုပ်နိုင်သည့် ကစားနည်းများလည်းရှိသည်။ သို့သော် ဒါတွေက ယခင်ကထဲကရှိနေခြင်းဖြစ်သည်။
“သူတို့တွေက ဖဲကိုင်ရမှယင်းပြေတာ” ဟု တရုတ်တို့လောင်းကစားဝါသနာကြီးပုံကို မြို့ခံကရှင်းပြသည်။
နယ်မြေလုံခြုံရေးနှင့် ညမထွက်ရအမိန့်များချမှတ်ထားသည့် ကြားမှပင် နယ်စပ်ခိုးဝင်ပေါက်များမှတစ်ဆင့် ဧည့်သည်များကို ကားဖြင့်သွားကြိုခဲ့ရသည့်အတွေ့အကြုံများကိုသူကပြောပြသည်။ လက်ရှိအခြေအနေသည် အခက်ခဲဆုံးဖြစ်ကြောင်းသူကဆိုသည်။
တရုတ်ဘက်ကကျန်းမာရေးစစ်ဆေးမှုကိုအထူးတင်းကြပ်ထားပြီးနယ်စပ်ဖြတ်ကျော်ရန်ခိုင်လုံသောအ ကြောင်းပြချက်ရှိသူများကိုသာမြန်မာဘက်သို့ကူးခွင့်ပြုကြောင်းကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က Frontier သို့ပြောသည်။
တရုတ်နိုင်ငံသို့ နှစ်သစ်ကူးပြန်သွားပြီးနောက် ပြန်မလာနိုင်သောတရုတ်သူဌေးများ၏ဆိုင်ခန်းအချို့ကတော့ သော့ပိတ်ချက်။

ပိတ်ထားသောဆိုင်ခန်းအချို့။ဓာတ်ပုံ-နန္ဒ

ပိတ်ထားသောဆိုင်ခန်းအချို့။ဓာတ်ပုံ-နန္ဒ

ပိတ်ထားသောဆိုင်ခန်းအချို့။ဓာတ်ပုံ-နန္ဒ

ပိတ်ထားသောဆိုင်ခန်းအချို့။ဓာတ်ပုံ-နန္ဒ

ဘာတွေပြင်ဆင်ထားလဲ

လောက်ကိုင်မြို့နယ်တွင် တရုတ်နှင့်တရားဝင်နယ်စပ်အဝင်အထွက်ဂိတ်နှစ်ခုရှိပြီး တစ်ခုမှာလောက်ကိုင်မြို့ရှိ ရန်လုံကျိုင်းဂိတ်ဖြစ်ပြီး အခြားတစ်ခုမှာချင်းရွှေဟော်မြို့ရှိ နမ့်ဖာဟော်ဂိတ်ဖြစ်သည်။ ကြံခုတ်ရာသီဖြစ်ရာ ကြံသယ်သည့်ကာများကမြန်မာဘက်မှတရုတ်ဘက်သို့အဝင်အများဆုံးဖြစ်နေသည်။
ဖရန်တီယာ၏ကွင်းဆင်းလေ့လာချက်အရ ဂိတ်နှစ်ခုလုံးလူအဝင်အထွက်ကိုပိတ်မထားဘဲ ဝင်ရောက်လာသူများကို အပူချိန်တိုင်းကိရိယာဖြင့်တိုင်းတာပြီးဝင်ခွင့်ပြုသည်။

အပူချိန် ၃၈ ဒီဂရီဆဲဆီးယပ်နှင့်အထက် ဆိုပါက သံသယလူနာအဖြစ်စောင့်ကြည့်မည်ဖြစ်သည်။ နယ်စပ်ဂိတ်မှာဋ္ဌာနဆိုင်ရာပေါင်းစုံပါဝင်သောပူးပေါင်းအဖွဲ့ဖြစ်ပြီး အပူချိန်တိုင်းတာခြင်းကိုလည်း ကျန်းမာရေးဝန်ထမ်းများအပြင် အခြားဝန်ထမ်းများကပါ ကူညီတိုင်းတာပေးကြသည်။ ၃လနီးပါးတာဝန်ကျသဖြင့်ကျန်းမာရေးဝန်ထမ်းများမှာ ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။
လောက်ကိုင်ခရိုင်ဆေးရုံရှိ လူနာစောင့်များနားနေဆောင်ကို သံသယလူနာတွေ့ပါက သီးသန့်ခြေချုပ်ထားရန် သီးခြားဆောင်အဖြစ်အသွင်ပြောင်းလိုက်ပြီး အဆောင်ကိုသော့ခတ်ထားသည်။

လောက်ကိုင်ခရိုင်ဆေးရုံရှိ လူနာစောင့်များနားနေဆောင်ကို သံသယလူနာတွေ့ပါက သီးသန့်ခြေချုပ်ထားရန် သီးခြားဆောင်အဖြစ်အသွင်ပြောင်းထားပုံ။ ဓာတ်ပုံ-နန္ဒ

လောက်ကိုင်ခရိုင်ဆေးရုံရှိ လူနာစောင့်များနားနေဆောင်ကို သံသယလူနာတွေ့ပါက သီးသန့်ခြေချုပ်ထားရန် သီးခြားဆောင်အဖြစ်အသွင်ပြောင်းထားပုံ။ ဓာတ်ပုံ-နန္ဒ

အဆောင်မှာ လူနာ ၁၂ ယောက်စာအတွက်ဖြစ်ပြီး သံသယလူနာတွေ့ရှိပါက လုပ်ဆောင်ရမည့်အချက်များကို ဝန်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်ကြောင်း လောက်ကိုင်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာဇော်ထွန်းငြိမ်းကပြောသည်။
“လောက်ကိုင်မှာတော့ သံသယလူနာမတွေ့သေးဘူးဗျ။တရုတ်ဘက်လည်း quarantine အရမ်းကောင်းတယ်” ဟု သူကပြောသည်။
နမ့်ဖာဟော်နယ်စပ်ဝင်ပေါက်ရှိသော ချင်းရွှေဟော်တိုက်နယ်ဆေးရုံတွင်မူ သီးသန့်လူနာဆောင် နှစ်ခန်းရှိကြောင်း တာဝန်ကျကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။
နမ့်ဖာဟော်ဂိတ်သည် တရုတ်တွင်ကိုရိုနာဂယက်ပြင်းထန်စွာရိုက်ခတ်နေသည့် ဇန်နဝါရီလကုန်ပိုင်းမှဖေဖော်ဝါရီ လဆန်းအတွင်းက တရုတ်နိုင်ငံတွင်စိုက်ပျိုးရေးလုပ်ငန်းသွားရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအများဆုံးပြန်လာသည့်ဝင်ပေါက်ဖြစ်သည်။

နမ့်ဖာဟော်နယ်စပ်ဝင်ပေါက်တွင် တရုတ်ပြည်မှပြန်ဝင်လာသူများကို ကျန်းမာရေးဝန်ထမ်းတစ်ဦး အပူချိန်တိုင်းနေစဉ်။ ဓာတ်ပုံ-ဇင်ဇင်/ ပြန်ဆက်

နမ့်ဖာဟော်နယ်စပ်ဝင်ပေါက်တွင် တရုတ်ပြည်မှပြန်ဝင်လာသူများကို ကျန်းမာရေးဝန်ထမ်းတစ်ဦး အပူချိန်တိုင်းနေစဉ်။ ဓာတ်ပုံ-ဇင်ဇင်/ ပြန်ဆက်

ဂိတ်တွင်တာဝန်ကျသည့်လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦး၏ပြောပြချက်အရ အဆိုပါကာလက ဆယ်ရက်အတွင်းမြန်မာလုပ်သားရှစ်ထောင်ကျော် တရုတ်ဘက်မှပြန်လည်ဝင်ရောက်ခဲ့သည်ဟုဆိုသည်။
၎င်းတို့ကို အပူချိန်တိုင်းပြီးမှဝင်ရောက်ခွင့်ပြုခဲ့ရာ သံသယလူနာတစ်ဦးမှမတွေ့ကြောင်း တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များကို ကိုးကန့်ဘာသာဖြင့်ပြန်ဆိုထားသော COVID-19 ကာကွယ်ရေးအသိပညာပေးခြင်း ဆိုင်းဘုတ်များကို လောက်ကိုင်မြို့ထဲတွင်တွေ့ရသည်။

လောက်ကိုင်ခရိုင်ဆေးရုံရှေ့ရှိ ပညာပေးဆိုင်းဘုတ်။ ဓာတ်ပုံ-နန္ဒ

လောက်ကိုင်ခရိုင်ဆေးရုံရှေ့ရှိ ပညာပေးဆိုင်းဘုတ်။ ဓာတ်ပုံ-နန္ဒ

ထို့အပြင် အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ဗိုင်းရပ်စ်နှင့်ပတ်သက်၍အသိပညာပေးကို စပီကာနဲ့တရုတ်မြန်မာနှစ်ဘာသာဖြင့်အသံလွှင့်ကြေညာပေးနေသည်။
တရုတ်ဘက်တွင်အရှိန်အမြင့်ဆုံးဖြစ်ပွားနေချိန်တွင် ပိုးသတ်ဆေးဖျန်းခြင်း၊အပူချိန်တိုင်းခြင်း၊မျက်နှာဖုံးများအခမဲ့ဝေပေးခြင်း၊အရည်အသွေးမပြည့်မီသောမျက်နှာဖုံးများကိုဖျက်ဆီးပစ်ခြင်းကိုကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းများနှင့်ဒေသအုပ်ချုပ်ရေးအာဏာပိုင်များကပြုလုပ်ခဲ့သည်။

အရည်အသွေးမပြည့်မီသောမျက်နှာဖုံးများကိုမီးရှို့ဖျက်ဆီးနေစဉ်

အရည်အသွေးမပြည့်မီသောမျက်နှာဖုံးများကိုမီးရှို့ဖျက်ဆီးနေစဉ်

COVID 19 ကြောက်သလား

နိုင်ငံပေါင်း ၁၅၂ နှစ်နိုင်ငံတွင် လူပေါင်းတစ်သိန်းခွဲကျော်ကူးစက်ခံရပြီး ခြောက်ထောင်ကျော်သေဆုံးလျက်ရှိသော COVID 19 ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတ်မှတ်ထားသည်။ သေဆုံးသူ စုစုပေါင်း၏တစ်ဝက်မှာ ရောဂါစဖြစ်သည့် တရုတ်ပြည်မှဖြစ်သည်။
ကမ္ဘာ့နိုင်ငံများသည် ကိုရိုနာ ဗိုင်းရပ်စ်အပေါ်လုံလောက်သည့်အလေးအနက်ထားမှုမျိုးမရှိခဲ့သည့်အတွက် ယခုလောက်ကူးစက်မှုမြန်ဆန်ခဲ့ရခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကထောက်ပြသည်။
မတ်လ ၁၇ ရက်ညပိုင်းအထိစာရင်းများအရ မြန်မာနိုင်ငံတွင် COVID19 ရောဂါပိုးမတွေ့ရှိရသေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ စောင့်ကြည့်လူနာ ၁၄၂ ဦးရှိပြီး သံသယလူနာ ၂ နှစ်ဦးရှိကြောင်းဝန်ကြီးဌာနကထုတ်ပြန်သည်။
လောက်ကိုင်မြို့ထဲတွင်သွားလာနေကြသူ ၃၀ ခန့်ကို ဟု ဖရန်တီယာက ကျပန်းမေးမြန်းရာ တရုတ်ပြည်တွင်ရောဂါစတွေ့သည့် တရုတ်နှစ်သစ်ကူးကာလကသာကြောက်ရွှံ့ခဲ့ကြပြီး လက်ရှိတွင် ထိုစဉ်ကလောက်ထိတ်လန့်တကြားမရှိတော့ဟုဆိုကြသည်။

လောက်ကိုင်မြို့၊ဗမာတန်းတွင်လည်း အသွားအလာ၊အစားအသောက်၊အရောင်းအဝယ်မပျက်ပေ။

လောက်ကိုင်မြို့ရှိ ဗမာတန်း။ဓာတ်ပုံ-နန္ဒ

လောက်ကိုင်မြို့ရှိ ဗမာတန်း။ဓာတ်ပုံ-နန္ဒ

ထို့အပြင် လောက်ကိုင်နှင့်ကပ်ရပ်မြို့ဖြစ်သည့် တရုတ်နိုင်ငံနမ်ဆန်ဘက်တွင် ကိုရိုနာကြောင့်သေဆုံးသည့်သတင်းမကြားရခြင်းကလည်း သူတို့အတွက်စိတ်သက်သာရာရစေသည်။
“ဒီဗိုင်းရပ်စ်ကိုမကြောက်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုကိုယ်ကျန်းမာအောင်နေတယ်။လူထူတဲ့နေရာမသွားဘူး”ဟု စစ်တပ်မှ အရပ်ဘက်သို့ပြောင်းလဲတာဝန်ထမ်းဆောင်နေသူ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးဦးမြင့်အောင်ကပြောသည်။
ရန်ကုန်မှလာရောက်အလုပ်လုပ်ကိုင်နေသည့် ဟိုတယ်ဝန်ထမ်းများနှင့်ကာစီနိုဝန်ထမ်းများကလည်း အိမ်ပြန်ရန်အစီအစဉ်မရှိပေ။
“ကျွန်တော်တို့ကို အလုပ်ဝင်ကာနီးတိုင်းအပူချိန်တိုင်းတယ်။ mask နဲ့ လက်ဆေးရည်လည်း ကုမ္ပဏီကဝေပေးတယ်။” ဟု ဝန်ထမ်းတစ်ဦးကပြောသည်။
သို့သော် ဖျားနာသူတွေ့လျှင်သတင်းပေးရမည်ဟု ညွှန်ကြားထားကြောင်း သူကပြောသည်။
လက်ဆွဲနှုတ်ဆက်တာတွေမလုပ်ဖို့၊တစ်ယောက်နဲ့တစ်ယောက်သုံးပေခန့်ခွာဖို့ တားမြစ်ချက်တွေရှိပေမယ့်လို့ လောက်ကိုင်က ကာစီနိုဝိုင်းတွေမှာတော့ ဖဲနှစ်ချပ်ကို ထိုးသားတွေဝိုင်းအုံကြည့်နေကြဆဲပင်။
ရှမ်းအိမ်အချို့ရှိ ဘုရားစင်တွင် မိုင်းဖုန်းဆရာတော်ဘုရား၏ ဗိုင်းရပ်စ်အန္တရာယ်ကင်းရေးအစီအမံဟုဆိုကာ ” သပြေငါးခက်၊ဖယောင်းတိုင်ငါးတိုင်၊ဇီးသီးငါးလုံးနှင့်သံပရာသီးငါးလုံး”အား စီမံထားသည်ကိုလည်းတွေ့ရသည်။

ဒေသခံများ၏အဆိုအရ မိုင်းဖုန်းဆရာတော်၏အစီအမံဟုသိရသည်။ ဓာတ်ပုံ-နန္ဒ

ဒေသခံများ၏အဆိုအရ မိုင်းဖုန်းဆရာတော်၏အစီအမံဟုသိရသည်။ ဓာတ်ပုံ-နန္ဒ

ဖရန်တီယာ၏ကွင်းဆင်းလေ့လာချက်အရ ဂိတ်နှစ်ခုလုံးလူအဝင်အထွက်ကိုပိတ်မထားဘဲ ဝင်ရောက်လာသူများကို အပူချိန်တိုင်းကိရိယာဖြင့်တိုင်းတာပြီးဝင်ခွင့်ပြုသည်။ သို့သ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.