တရားမျှတမှု၊ အာဂျင်တီးနားနှင့် ကမ္ဘာတလွှား တရားစီရင်ပိုင်ခွင့်

ရခိုင်ပြည်နယ်မှ တရားမျှတမှုနှင့် တာဝန်ခံမှုဆိုင်ရာ ဆောင်းပါး ဒုတိယပိုင်းတွင် အာဂျင်တီးနား၌ ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်ကို အသုံးချမှုနှင့် စွပ်စွဲချက်များအပေါ် မြန်မာအစိုးရ၏ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုကဏ္ဍများကို ကျွန်ုပ်တို့ လေ့လာဆန်းစစ်ထားပါသည်။

သောမတ်စ် ကင်း(န်) ရေးသားသည်။

ရခိုင်ပြည်နယ်နှင့်ပတ်သက်သော တရားစီရင်မှု ဘီးကြီးကတော့ နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက် လှုပ်ရှားလည်ပတ်နေပါသည်။

ဆောင်းပါးပထမပိုင်းတွင် မြန်မာနိုင်ငံအပေါ် လွတ်လပ်သော အချက်အလက်ရှာဖွေရေး မစ်ရှင် IFFM ၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းရေးယန္တရားIIMM ၊ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး ICC နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တို့တွင် မကြာမီက ဖြစ်ပေါ်တိုးတက်မှုများကို ဆန်းစစ်ထားပါသည်။

မြန်မာနိုင်ငံက အိုင်စီစီ၏ စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့ပါသည်။ သို့သော် အိုင်စီဂျေအပေါ် ကွဲပြားသော ချဉ်းကပ်မှုကို ပြုလုပ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စွပ်စွဲချက်များကို တုန့်ပြန်ရန် မြန်မာအဖွဲ့ကို ဦးဆောင်မည်ဟု ကြေညာခဲ့ပါသည်။ နိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ်နှင့် အိုင်စီဂျေရှေ့တွင် မြန်မာကို ကိုယ်စားပြုမည်ဖြစ်သည်။ အိုင်စီဂျေခေါ် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ကိုယ်စားလှယ်သည် ရှေ့နေတစ်ယောက်လိုပင် လုပ်ပိုင်ခွင့်ရှိသည်။ ပုံမှန်အားဖြင့် သူတို့၏အစိုးရကိုယ်စား ငြင်းဆိုပိုင်ခွင့်ရှိသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် အိုင်စီဂျေ၌ ကြားနာမှုကို စတင်မည်ဖြစ်သည်။ ရခိုင်မြောက်ပိုင်းတွင် ကျန်ရှိနေသော ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံ၏ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု အပြုအမူများကို ရပ်တန့်ရေးအတွက် ယာယီအရေးယူ လုပ်ဆောင်မှုများကို ကြေညာရန် တရားရုံးထံ ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုအပေါ် နှုတ်ဖြင့် ငြင်းခုံမှုများကို သုံးရက်ကြာ ပြုလုပ်မည်။ နိုင်ငံအနီး၌ လှုပ်ရှားမှုများရှိသည့်နည်းတူ ကမ္ဘာ့အခြားနေရာများတွင်လည်း လှုပ်ရှားမှုများရှိသည်။

ကမ္ဘာအနှံ့တရားစီရင်ပိုင်ခွင့်

နိုင်ငံတနိုင်ငံ၏ တရားရုံးတစ်ရုံးသည် ကမ္ဘာ့အခြားတစ်ဘက်ခြမ်းတွင် ဖြစ်ပေါ်သည်ဆိုသော လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု တိုင်တန်းချက်ကို မည်သို့မည်ပုံ စဉ်းစားသုံးသပ်နိုင်ပါသနည်း၊ အဖြေကတော့ ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်ပင်ဖြစ်သည်။ အချို့ရာဇဝတ်မှုများသည် အလွန်ပင်ဆိုးရွားယုတ်မာသည် ဖြစ်ရကား မည်သည့်နေရာတွင်ဖြစ်ပွားခဲ့သည်ဖြစ်စေ တရားစွဲဆိုနိုင်သည်ဟူသော အယူအဆသဘောတရားပင်ဖြစ်သည်။

၁၇ ရာစုအတွင်းက ပင်လယ်ဓားပြများ သောင်းကျန်းလွန်းသဖြင့် ၎င်းတို့ကို နှိမ်နင်းရန် ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ၎င်းကိုတဖန် အသုံးပြုခဲ့ကြပြန်သည်။ နူရင်ဘတ်ခုံရုံး Nuremberg Trials တွင် စစ်ဆေးသည့်အမှုများအပါအဝင် စစ်ရာဇဝတ်ကောင်များကို စစ်ဆေးအပြစ်ပေးရာတွင် သုံးခဲ့သည်။ နောက်ပိုင်း၌ အစ္စရေး၏စွဲဆိုမှုများဖြင့် အရေးယူအပြစ်ပေးမှုများပြုလုပ်သည်။

နာဇီစစ်ရာဇဝတ်ကောင် အဒေါ့ဖ်အိုက်ခ်မန်း Adolf Eichmann သည် စစ်ကြီးအပြီး အာဂျင်တီးနားတွင် ပုန်းအောင်းနေခဲ့ရာမှ ၁၉၆၂ ၌ အစ္စရေးတို့က ဖော်ထုတ်ဖမ်းဆီးပြီး တရားစွဲအရေးယူအပြစ်ပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းတွင် ကမ္ဘာအနှံ့တရားစီရင်ပိုင်ခွင့်ကို အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု ကဲ့သို့သော အပြုအမူများပါ အကျုံးဝင်အောင် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု သဘောတူညီချက် Genocide Convention  လို နိုင်ငံတကာသဘောတူစာချုပ်များ ပါဝင်အောင် တိုးချဲ့ပြဋ္ဌာန်းလာခဲ့သည်။

Swiss NGO Trial International အဆိုအရ ကမ္ဘာအနှံ့တရားစီရင်ပိုင်ခွင့်ကို အသုံးပြုမှု မြင့်တက်လာနေပါသည်။ ၂၀၁၇ နှင့် ၂၀၁၈ နှစ်များသည် အလှည့်အပြောင်းနှစ်များပင်ဖြစ်သည်။ အကြောင်းမူကား နိုင်ငံများစွာ၊ အထူးသဖြင့် ဥရောပနိုင်ငံများသည် လူ့အခွင့်အရေးချိုးဖောက်သူများကို တရားဥပဒေရှေ့မှောက်ရောက်လာစေရန် ‘ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်’ အသုံးပြုရေး ပို၍ အလေးထားလာကြသောကြောင့်ဖြစ်ပါသည်။

နိုင်ငံများစွာသည် သူတို့နိုင်ငံ တရားဥပဒေများတွင် ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်ကို ပုံစံတမျိုးမျိုးဖြင့် အသိအမှတ်ပြုထားကြသော်လည်း နိုင်ငံအများစုမှာ ကျဉ်းမြောင်းသော အခြေအနေများကိုသာ အသုံးပြုခွင့်ပေးထားကြသည်။

ဥပမာအားဖြင့် တရားခံသည် နိုင်ငံ၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက် ရောက်နေသောအခါမျိုးတွင်ဖြစ်သည်။ အာဂျင်တီးနားကမူ တမျိုးတဖုံဖြစ်သည်။ နိုင်ငံတကာဥပဒေကို ဆန့်ကျင်၍ နိုင်ငံပိုင်နက်အပြင်ဘက်တွင် ကျူးလွန်သော ရာဇဝတ်မှုများကို တရားစွဲဆိုရန် အာဂျင်တီးနားဖွဲ့စည်းပုံဥပဒေပုဒ်မ ၁၁၈ က ခွင့်ပြုထားသည်။ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနှင့် လူသားအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအပါအဝင် Rome Statute တွင် ပါရှိသော ရာဇဝတ်မှုများပါဝင်သည်ဟု မကြာမီက ပြဋ္ဌာန်းသော ဥပဒေတွင် ရှင်းလင်းထားသည်။ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးများကိုလည်း စီရင်ပိုင်ခွင့်ပေးထားသည်။

၂၀၀၉ ခုနှစ်မှစ၍ အာဂျင်တီးနား၌ အမှုများစွာကို ကမ္ဘာ့အနှံ့ စီရင်ပိုင်ခွင့်အောက်တွင် စီရင်မှုပြုခဲ့သည်။ အထင်ရှားဆုံးအမှုမှာ စပိန်နိုင်ငံတွင် အာဏာရှင်ဖရန်တိုခေတ်အတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာအရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များကို လူသားအပေါ် ကျူးလွန်သောရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုတို့ဖြင့် တရားစွဲဆို စစ်ဆေးအပြစ်ပေးရန် အာဂျင်တီးနားမြို့တော် ‘ဗျူနိုအေးရိစ်’ ဖက်ဒရယ်တရားရုံး၌ Burmese Rohingya Organization UK  (BROUK) က နိုဝင်ဘာ ၁၃ ရက်တွင် တရားစွဲဆိုခဲ့သည်။ BROUK တွင် ၂၀၀၈ ခုမှ ၂၀၁၄ အထိ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သော အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေ Mr. Tomas Ojea Quintana က BROUK အတွက် ဥပဒေရေးရာကိုယ်စားလှယ် လုပ်ပေးခဲ့သည်။ လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့အစည်း နှစ်ခုဖြစ်သော Granmothers of the Plaza ole Mayo နှင့် Foundation for Peace & Justice တို့ကလည်း ထောက်ပံ့ကူညီခဲ့ကြသည်။

Genocide Convention အောက်မှ ဂမ်ဘီယာနိုင်ငံ၏ အိုင်စီဂျေထံ လျှောက်ထားချက်နှင့်မတူဘဲ အာဂျင်တီးနားတရားရုံးတွင် တင်ထားသောစွဲချက်သည် နိုင်ငံကို ဦးတည်စွဲဆိုခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် စွဲဆိုခြင်းဖြစ်သည်။ အိုင်စီစီကလည်း တစ်ဦးချင်း တာဝန်ရှိမှုကို စစ်ဆေးပါသည်။ သို့သော် အကန့်အသတ်နှင့်သာဖြစ်သည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် Rome Statute အဖွဲ့ဝင် မဟုတ်သောကြောင့် စွပ်စွဲထားသော ရာဇဝတ်မှုသည် တစိတ်တပိုင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ရမည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၁၀ တွင် အိုင်စီစီဝင်ခဲ့သည်။

ဤသို့ဆိုပါက ဤအမှုသုံးမှုသည် တစ်ခုနှင့် တစ်ခု ထပ်မနေဘဲ အားဖြည့်ပေးနေပါသည်။ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုနှင့်ပတ်သက်၍ စွဲဆိုသောအမှုကို ကိုင်တွယ်ရန် တနိုင်ငံချင်းရော နိုင်ငံတကာစီရင်ပိုင်ခွင့်ပါ ယခုထိမရှိသေးပါဟု အာဂျင်တီးနားဖက်ဒရယ်တရားရုံးထံ တင်ထားသော BROUK ၏တင်ပြမှု၌ မှတ်ချက်ပြုထားပါသည်။

ထိုတိုင်တန်းချက်တွင် IFFM ၏ တွေ့ရှိချက်များ၊ မကြာမီက တည်ထောင်လိုက်သော မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM ၏ အထောက်အထားများ၊ အာဂျင်တီးနား၏ ပထဝီဆိုင်ရာ ကွာလှမ်းမှုနှင့် တရားစီရင်မှုများသည် ယခုတရားစီရင်ရေးတွင် အနှောင့်အယှက်မဖြစ်အောင် အထောက်အကူပြုပါသည်။ IFFM က ကောက်ယူခဲ့သော အထောက်အထားများကို ရရှိရေးအတွက် IIMM နှင့် ဆက်သွယ်ရယူရန်ကိုလည်း တရားရုံးတော်ကို ပန်ကြားထားပါသည်။

မည်သို့ပင်ဖြစ်စေ ဤတိုင်တန်းချက်သည် IFFM နှင့် ထင်ရှားသိသာစွာ ကွာခြားချက်ရှိသည်။ ယင်းမှာ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနှင့် လူသားအပေါ်ကျူးလွန်သော ရာဇဝတ်မှုစွဲချက်များတွင် အရပ်ဘက်အာဏာပိုင်များလည်း တာဝန်မကင်းမှုပင်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ လုပ်ဆောင်မှုများကို ရှုတ်ချရန်၊ ရပ်တန့်ရန် သူ့ရာထူးနှင့် အရှိန်အဝါကို အသုံးချခြင်းမရှိခဲ့ဟု IFFM က မှတ်ချက်ပြုသည်။ အရပ်ဘက်အာဏာပိုင်များသည် အမုန်းစကားနှင့် မှားယွင်းသော ပြောကြားချက်များကို ပြုလုပ်ခဲ့ကြသည်။ အလွဲအသုံးချမှု စွပ်စွဲချက်များအား စစ်ဆေးမှုမပြုနိုင်အောင် ပိတ်ဆို့ခဲ့ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသည် စွပ်စွဲထားသော ရာဇဝတ်မှုများကို သိသိကြီးနှင့် ပါဝင်ခဲ့သည်ဟု အတည်ပြုစွပ်စွဲရန်တော့ မဖြစ်နိုင်ပါဟူ၍ အဆုံးသတ်ထားပါသည်။

ဤသုံးသပ်ချက်သည် အလွန်တိမ်ကြောင်း IFFM က အစီရင်ခံစာ၏ အခြားအစိတ်အပိုင်းများနှင့် ဝိရောဓိဖြစ်နေကြောင်း BROUK တိုင်တန်းချက်တွင် ဖော်ပြပါသည်။ အရပ်ဘက်အာဏာပိုင်အမျိုးမျိုးတို့၏ အထောက်အပံ့၊ ပူးပေါင်းဆောင်ရွက်မှု၊ ဖြည့်စွက်လုပ်ဆောင်မှု မပါဘဲ စစ်တပ်၏ လုပ်ဆောင်မှုများ မပြီးမြောက်နိုင်ဟုလည်း စောဒကတက်ပါသည်။

လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု၌ တာဝန်ရှိသောအရပ်သားများထဲတွင် ဘုန်းကြီးဦးဝီရသူနှင့် နိုင်ငံရေးသမား ဦးနေမျိုးဝေတို့ကိုလည်း ထည့်သွင်းထားပါသည်။ ကျူးလွန်သူများ၊ အတူကျူးလွန်သူများ၊ ပါဝင်ပတ်သက်သူများ၊ အထောက်အကူများကို ဖော်ထုတ်ဖမ်းဆီးပြီး လွှဲအပ်ရန်ကိုပါ တိုက်တွန်းထားပါသည်။ အိုင်စီစီနှင့်ပတ်သက်၍မူ မြန်မာအစိုးရက တရားစီရင်ပိုင်ခွင့်ကို ငြင်းပယ်ထားသဖြင့် စွပ်စွဲချက်များကို တုန့်ပြန်လိမ့်မည်မဟုတ်ဟု ဆိုပါသည်။

သို့သော်လည်း ယင်းတိုင်တန်းချက်က အရေးပါသောအချက်တစ်ခုတွင် IFFM နှင့် ခြားနားသည်။ ယင်းအချက်မှာ စွပ်စွဲခံရသည့် လူသားမျိုးနွယ်အပေါ် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနှင့် ရာဇဝတ်မှုများအတွက် အရပ်သားအာဏာပိုင်များ၏ တာဝန်မကင်းမှုဖြစ်သည်။ ဒေါ်စုသည် စစ်တပ်၏လုပ်ရပ်များကို ရပ်တန့်ရန်၊ သို့မဟုတ် ရှုတ်ချရန် ၎င်း၏ရာထူး၊ သို့မဟုတ် ကျင့်ဝတ်သြဇာကို အသုံးမပြုခဲ့ဟု IFFM က ဖော်ပြခဲ့သလို အရပ်သားအာဏာပိုင်များကလည်း အမုန်းစကားနှင့် မှားယွင်းသောအကြောင်းအရာများ ပျံ့နှံ့စေကာ စွပ်စွဲခံရသည့်အမှုများကို စုံစမ်းစစ်ဆေးခြင်းကိုလည်း ပိတ်ပင်ခဲ့သည်ဆိုသည်။

သို့သော်လည်း ဒေါ်စု၏အစိုးရသည် စွပ်စွဲခံရသည့် ပြစ်မှုများကိုသိလျက်နှင့် တမင်အားပေးကူညီခဲ့သည်၊ ကျိုးကြောင်းဆီလျော်စွာအခိုင်အမာပြောဆိုရန်မှာမူ မဖြစ်နိုင်ဟုလည်း ၎င်းမစ်ရှင်က သုံးသပ်သည်။ ယင်းခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်မှုမှာ နက်ရှိုင်းမှုမရှိသည့်အပြင် IFFM အစီရင်ခံစာ၏ အခြားအစိတ်အပိုင်းများနှင့်လည်း ဆန့်ကျင်နေသည်ဟု BROUK ၏ တိုင်ကြားမှုတွင် ဖော်ပြပြီး စစ်တပ်၏ လုပ်ရပ်များသည် အရပ်ဘက်အာဏာပိုင်အသီးသီး၏ ဖြည့်ဆည်းမှု၊ ညှိနှိုင်းမှု၊ ပံ့ပိုးမှု၊ သို့မဟုတ် သဘောတူညီမှုမပါဘဲ ထိထိရောက်ရောက် လုပ်နိုင်မည်မဟုတ်ဟုလည်း စောဒကတက်သည်။

ဘုန်းတော်ကြီး ဦးဝီရသူနှင့် နိုင်ငံရေးသမား ဦးနေမျိုးဝေအပါအဝင် အရပ်သားအချို့လည်း လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုတွင် ဥပဒေအရတာဝန်ရှိသည်ဟု စာရင်းတွင်ထည့်သွင်းထားသည်။ ကျူးလွန်သူများ၊ ပူးတွဲကျူးလွန်သူများ၊ ပါဝင်သူများနှင့် အလိုတူအလိုပါများကို သေချာစွာဖော်ထုတ်ရန်နှင့် ဖမ်းဆီးခြင်း၊ ကျူးလွန်သူများကို ကျူးလွန်ရာနိုင်ငံသို့ ပို့ဆောင်ခြင်းအပါအဝင် လိုအပ်သလို အရေးယူမှုများ ပြုလုပ်ရန်လည်း တရားရုံးကို တောင်းဆိုခဲ့သည်။

အိုင်စီစီနှင့်ပတ်သက်၍မူ ယင်းတရားရုံး၏ စီရင်ပိုင်ခွင့်ကို မြန်မာက ပယ်ချထားပြီး စွပ်စွဲချက်များနှင့်ပတ်သက်၍ တုံ့ပြန်မည်မဟုတ် ပြောကြားထားသည်။ အကယ်၍ အာဂျင်တီးနားအမှုကိုသာ ရှေ့ဆက်ဆောင်ရွက်ပါက နောက်ထပ်ဆိုးဝါးသည့် ထိုးနှက်ချက်ဖြစ်လာမည်ဖြစ်သည်။ နိုင်ငံအတွက်လည်း လက်တွေ့ဂယက်ရိုက်မှုများ ရှိလာနိုင်သည်။ သာဓကအားဖြင့် တရားရုံးသည် ဒေါ်စုအပါအဝင် စစ်ဘက်အရပ်ဘက်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်လာနိုင်ပြီး ပြည်ပခရီးသွားလာမှုကို ကန့်သတ်နိုင်သည်။

၂၀၁၈ စက်တင်ဘာ ၂၀ ရက်က ဗြိတိသျှနိုင်ငံရေးဝန်ကြီး မစ္စတာ ဂျယ်ရမီဟန့်အား တပ်မတော်ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတခွင် လိုက်လံပြသစဉ်က မောင်တောမြို့နယ်မှမီးသင့်ကျေးရွာများကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

၂၀၁၈ စက်တင်ဘာ ၂၀ ရက်က ဗြိတိသျှနိုင်ငံရေးဝန်ကြီး မစ္စတာ ဂျယ်ရမီဟန့်အား တပ်မတော်ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတခွင် လိုက်လံပြသစဉ်က မောင်တောမြို့နယ်မှမီးသင့်ကျေးရွာများကို တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

မြန်မာ၏လွတ်လပ်သော စုံစမ်းစစ်ဆေးရေး

သည်ဟိဂ်နှင့် အာဂျင်တီးနားတွင် မကြာသေးခင်က တိုးတက်မှုများရှိနေသော်လည်း တာဝန်ရှိမှုအတွက် မြန်မာ၏ ကိုယ်တိုင်ကြိုးပမ်းမှုအဖြစ် လွတ်လပ်သောစုံစမ်းရေးကော်မရှင်နှင့်စပ်လျဉ်း၍ ပြောကြားထားခြင်းမရှိသေးပေ။

၂၀၁၈ ဇွန်လက တည်ထောင်ခဲ့သော ယင်းကော်မရှင်၏ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်မှ မစ္စရိုဆာရီယိုမာနာလိုက ဆောင်ရွက်ပြီး အဖွဲ့ဝင်များထဲတွင် ဂျပန်မှ ကင်ဇိုအိုရှီးမား၊ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်းနှင့် ဒေါက်တာအောင်ထွန်းသက်တို့ပါဝင်သည်။

လွတ်လပ်သောစုံစမ်းရေးကော်မရှင် Independent Commission of Enquiry (ICOE) မှာ နိုင်ငံတကာအမှု သုံးမှုစလုံးနှင့်သက်ဆိုင်သည်။ သာဓကအားဖြင့် အိုင်စီစီကို နောက်ဆုံးအားကိုးရာတရားရုံးတစ်ခုအဖြစ် ယူဆပြီး နိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်လုံစွာစုံစမ်းစစ်ဆေးပြီး ကိုယ်တိုင်တရားစွဲဆိုမှု မလုပ်နိုင်၊ သို့မဟုတ် မလုပ်လိုသည့်အခါ ကြားဝင်သည်။ အလားတူစွာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ဘက်သို့ ဦးလှည့်ခြင်းမှာ မြန်မာက အများယုံကြည်လက်ခံနိုင်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်သည့် အလားအလားရှိလျှင် လိုအပ်မှုမရှိဟု ကျယ်ပြန့်စွာယူဆကြမည်ဖြစ်သည်။

ဒါဖြင့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ပြဿနာက ဘာလဲ

မည်သည့်နေရာက စရမည်ကို သိရန်ခက်သည်။ ပထမဆုံးက ယင်းကိုဖွဲ့စည်းသည့်အချိန်ဖြစ်သည်။ ယခင်တစ်နှစ် သြဂုတ်နှင့် စက်တင်ဘာလက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီး ကိုးလကျော်အကြာ ၂၀၁၈ ဇွန်လတွင် ထိုကော်မရှင်ကို ဖွဲ့စည်းမည်ဟု အစိုးရက ကြေညာခဲ့သည်။ ဇွန်လ ၃၀ တွင် ကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ပြီးချိန်၌ စံပြကျေးရွာများနှင့် လုံခြုံရေးစခန်းများတည်ဆောက်ရန် ဖျက်ဆီးခံရသော ရိုဟင်ဂျာရွာ အများအပြားကို ဘူဒိုဇာဖြင့် ရှင်းလင်းထားပြီးဖြစ်သည်။

ထိုစဉ် အစိုးရက ၂၀၁၆ အောက်တိုဘာက ပထမအကျော့ အကြမ်းဖက်မှုအပြီး စုံစမ်းမှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ပြစ်မှုများနှင့် လူမျိုးစုရှင်းလင်းရေးအမှုများအတွက် အထောက်အထားမတွေ့ရှိဟု ပြောကြားခဲ့သည်။ စစ်တပ်ကလည်း အမှားတစုံတရာပြုလုပ်ခဲ့ခြင်းမရှိဟု ရှင်းလင်းသည်။

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်းသည် ရခိုင်နှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ သို့မဟုတ် အထူးခုံရုံးများကသာ အမှန်တရားကို ဖော်ထုတ်ပေးနိုင်မည်ဟု စောဒကတက်နေသည့် သူများကို အားပျော့စေရန် မဟာဗျူဟာမြောက်လှုပ်ရှားမှုတစ်ခုနှင့် များစွာတူဟန်ရှိသည်။

ယင်းသို့ စိုးရိမ်မှုများကို သိသာစွာအတည်ပြုသည်မှာ မည်သူ့ကိုမျှ အပြစ်တင်ရန် ရှိမည်မဟုတ်သလို မည်သူ့ကိုမျှ လက်ညိုးထိုးရန်ရှိမည်မဟုတ်ဟု မာနာလိုက ၂၀၁၈ သြဂုတ်လတွင် ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။ တာဝန်ရှိမှုကို ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့အတွက် ထူးဆန်းသောထုတ်ပြန်ချက် တစ်ခုဖြစ်ဟန်ရှိသည်။

တချိန်တည်းမှာပင် ရခိုင်ရှိ လူသားချင်းစာနာကူညီရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်ထောင်စုလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဒေါက်တာအောင်ထွန်းသက်က “ကျွန်တော်တို့နိုင်ငံမှာ လူမျိုးစုရှင်းလင်းရေးတို့၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုမရှိပါဘူး” ဟု ဂျာနယ်လစ်များကို ၂၀၁၈ မတ်လက ပြောကြားခဲ့သည်။

ဆွေးနွေးရမည့်အရေးကြီးကိစ္စ တစ်ခုဖြစ်နေသည်မှာ ယင်းအဖွဲ့ဝင်များ၏ လူသိရှင်ကြား ကြေညာချက်များချည်းသာ မဟုတ်ပါ။ ယင်းကော်မရှင်တွင် တပ်မတော်၏ထိန်းချုပ်မှုအောက် အထူးတရားရုံးများ၌ စစ်ဆေးခံသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့အမှုထမ်းတို့၏ တာဝန်ရှိမှုကို သေချာစေရန် ICOE တွင်လည်း တရားရေးလက်တံမရှိပေ။

 မတ်လက တပ်မတော်သည် ၂၀၁၇ ခုနှစ်နှောင်းပိုင်းက အစောပိုင်းစုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ပြီးနောက် သက်ဆိုင်ရာဖြစ်ရပ်များကို နောက်ထပ်စိစစ်အတည်ပြုရန် အဆင့်မြင့်အရာရှိများပါဝင်သော စုံစမ်းစစ်ဆေးရေး တရားရုံး တစ်ရုံးကို ဖွဲ့စည်းခဲ့သည်။ ဂူတာပြင်၌ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပါဝင်သော စစ်သားများ၏ စစ်ခုံရုံးသည် နိုဝင်ဘာ ၂၆ ရက်က စတင်ဆောင်ရွက်နေပြီဟု သိရသည်။

ICOE သာ တရားစီရင်မှုအသာထား၍ အမှန်တကယ်တာဝန်ခံမှုဆီ တိုးတက်သည့်လက္ခဏာများပြသနေသည် ဟုယူဆလျှင် သည်ဟိဂ်နှင့် အာဂျင်တီးနားက မကြာသေးမီက လှုပ်ရှားမှုများအတွက် စိတ်အားထက်သန်မှုမှာ အေးစက်သွားနိုင်သည်။

သို့သော်လည်း စတင်တည်ထောင်ခဲ့ကတည်းက ယခုအချိန်အထိ ကော်မရှင်သည် အသင့်အတင့်သာ တိုးတက်မှုရှိသည်။ ယင်း၏သတင်းထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီလောက်က ယင်းကော်မရှင်က ရခိုင်သို့ တစ်ကြိမ်သွားရောက်ခဲ့ပြီး သွားရောက်စဉ်အတွင်း သက်သေခံထွက်ချက် ၃၆ ခုကို စုဆောင်းကာ အများပြည်သူ ဖုန်းခေါ်ဆိုမှုရလဒ်အဖြစ် တင်ပြလွှာ ၄၃ ခုကို လက်ခံရရှိခဲ့သည်။

နိုဝင်ဘာ ၂၆ က ကြေညာချက်တစ်ခုတွင် ကော်မရှင်က ပြောကြားခဲ့သည်မှာ ရခိုင်မြောက်ပိုင်းတွင် လူ့အသိုင်းအဝိုင်းအသီးသီးမှ သက်သေ ၁,၅၀၀ ခန့်ကို တွေ့ဆုံမေးမြန်းခဲ့သည်ဆိုသည်။ သို့သော်လည်း ယင်းတွေ့ဆုံမေးမြန်းမှုပုံစံနှင့်ပတ်သက်၍ နောက်ထပ်သတင်းအချက်အလက်များ မထုတ်ပြန်ခဲ့ပေ။

သြဂုတ်လက ယင်း၏အထောက်အထားစုဆောင်းခြင်းနှင့် အတည်ပြုမှုအဖွဲ့၏ စီစဉ်ထားသည့် ခရီးစဉ်တစ်ခုအတွက် ပြင်ဆင်ရန် အဆင့်မြင့်အဖွဲ့တစ်ခုသည် ကော့စ်ဘဇားဈေးသို့ သွားရောက်ခဲ့သည်။ မျက်မြင်သက်သေများထံမှ ထွက်ဆိုချက်များနှင့် အထောက်အထားများကို စုဆောင်းရန် ယင်းအဖွဲ့ကို ကော့စ်ဘဇားဈေးသို့စေလွှတ်ရန် ဘင်္ဂလားဒေ့ရှ်ထံမှ ခွင့်ပြုချက်ကို စောင့်နေသည်ဟု ကော်မရှင်က ပြောသည်။

“ဒီအခြေအနေက သူရဲ့လုပ်ငန်းပြီးစီးဖို့ မြန်မြန်ဆန်ဆန်ချဉ်းကပ်နေတယ်လို့ ယူဆနေတဲ့ ICOE အတွက် ကြီးမားတဲ့ စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေတယ်” ဟု နိုဝင်ဘာ ၂၀ က ကြေညာချက်တစ်ခုမှာ ကော်မရှင်က ပြောသည်။ ကော့စ်ဘဇားသို့သွားရန် အဆိုပါအဖွဲ့ကို မကြာခင် တရားဝင်ခွင့်ပြုချက်ပေးလိမ့်မည်ဟု Frontier က နားလည်ထားပြီး အဖွဲ့သည် ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းကာ ၎င်းတို့ထံမှ အထောက်အထားများ စုဆောင်းလိမ့်မည်ဖြစ်သည်။

တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ယင်းအဖွဲ့ကို စာရွက်စာတမ်းအထောက်အထားများ ပေးအပ်ထားသည်။ ၂၀၁၇ သြဂုတ် ၂၅ရက်က တိုက်ခိုက်မှုများတွင် ရှိနေခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂၀ ကို တွေ့ဆုံမေးမြန်းခဲ့ပြီး သြဂုတ် ၂၅ နှင့် စက်တင်ဘာ ၅ ရက်ကြား ရခိုင်မြောက်ပိုင်းတွင် တာဝန်ကျနေသည့် စစ်သား ၂၉ ဦးနှင့် တွေ့ဆုံမေးမြန်းနေသည်ဟု နိုဝင်ဘာ ၂၆ က ကော်မရှင်က ပြောသည်။

တပ်မတော်၏ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ကူညီပံ့ပိုးမှုအတွက် လေးစားတန်ဖိုးထားကြောင်း ကော်မရှင်က ကြိုဆိုခဲ့သည်။

ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာမှာလည်း ရှင်းလင်းမှုမရှိပေ။ ယင်းအစီရင်ခံစာကို သမ္မတရုံးကို တင်သွင်းလိုက်ပြီဟု ယူဆရသော်လည်း သမ္မတထံသို့ တင်သွင်းရန် ပြင်ဆင်နေသည့် လုပ်ငန်းစဉ်မှာသာ ရှိနေသေးကြောင်း ကော်မရှင်က မေလက ပြောကြားခဲ့သည်။ ကော်မရှင်၏ အခွင့်အာဏာကို ယခုနှစ်ကုန်အထိ သက်တမ်းတိုးထားပြီး နှစ်ကုန်တွင် နောက်ဆုံးအစီရင်ခံစာကို တင်သွင်းမည်ဟု ယူဆရသည်။

ကော်မရှင်က သံသယဖြစ်သူများ အံ့သြအောင်လုပ်နိုင်သေးသော်လည်း ဖြစ်နိုင်ဟန်တော့ မရှိပေ။ အကယ်၍ ကော့စ်ဘဇားသို့ သွားရောက်လျှင်ပင် ခရီးစဉ်မှာ တိုတောင်းနိုင်ဖွယ်ရှိပြီး မြန်မာအစိုးရက ပံ့ပိုးထားသည်ဟု သိရှိထားသော အဖွဲ့တစ်ခုသို့ ထွက်ဆိုချက်တစ်ခုပြုလုပ်ရာတွင် ရိုဟင်ဂျာအများအပြားမှာ အန္တရာယ်ကင်းသည့် ခံစားချက်မျိုးရှိသည်ဆိုခြင်းမှာ သံသယဖြစ်ဖွယ်ရှိသည်။

ယင်းသို့ဖြစ်ခြင်းမှာ တစိတ်တပိုင်းအားဖြင့် နိုင်ငံတကာသို့ တာဝန်ခံမှုကြိုးပမ်းမှုများမှာ တိုးတက်မှု စတင်ရရှိနေပြီဆိုသည့် အခြေအနေမျိုး ICOE က မရရှိသေးဟု ယူဆခံရသောကြောင့်ဖြစ်သည်။ အကယ်၍ စောင့်ကြည့်ရမည့်ကာလတစ်ခုရှိခဲ့သည်ဆိုလျှင် ယင်းကာလမှာ ကုန်လွန်သွားသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – BROUK ဥက္ကဌ္ဍ ဦးထွန်းခင်(ဝဲ) နှင့် အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ မစ္စတာ ကင်တာနာ(ယာ) တို့ နိုဝင်ဘာ ၁၃ ရက်က အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှထွက်ခွာလာစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.