တပ်မတော်နှင့် နိုင်ငံပိုင် ဘဏ်များအပေါ် အရေးယူပိတ်ဆို့ထားမှုများအား အမေရိကန် ဖြေလျော့ပေး

ရန်ကုန်

မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုအား နောက်ထပ် သက်တမ်း ၁၂ လ ထပ်တိုးရန်နှင့် နိုင်ငံပိုင်လုပ်ငန်းနှင့် ဘဏ်များအား ပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်မည့်အကြောင်းကို အမေရိကန်သမ္မတဘားရက်အိုဘားမားက ကွန်ဂရက်အား မေ ၁၇ ရက်တွင် အသိပေးမည် ဖြစ်သည်။

မေ ၁၈ ရက်တွင် စတင်အသက်ဝင်မည့် အဆိုပါပိတ်ဆို့မှုအရ အမေရိကန်ဘဏ္ဍာရေးဌာန၏ ပိတ်ဆို့အရေးယူသည့်စာရင်းတွင် ယခင်ကတည်းက ပါဝင်နေသည့် မြန်မာနိုင်ငံသား ၃၈ ဦးအပေါ်တွင် ပိတ်ဆို့အရေးယူမှုများ ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ ၎င်းတို့ထဲတွင် မြန်မာထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များနှင့် စစ်အစိုးရအဖွဲ့ဝင်ဟောင်းများ ပါဝင်သည်။

ယခုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် မကြာသေးမီက ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ခြင်းအတွက် ရောင်ပြန်ဟပ်မှု ဖြစ်သော်လည်း အချို့သော လူပုဂ္ဂိုလ်နှင့် လုပ်ငန်းများသည် တိုင်းပြည်၏ ထိရှမခံသေးသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအား ချိန်းခြောက်လျက်ရှိနေသေးသည်ဟု အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦးက သတင်းထောက်များကို မေ ၁၇ ရက်ကပြောကြားသည်။

ဦးထွန်းမြင့်နိုင်ဦးဆောင်သည့် အေးရှားဝေါအုပ်စုနှင့် ဆက်စပ်နေသည့် လုပ်ငန်းခြောက်ခုအား ပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းလိုက်သည်။ ၎င်းထဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား အဆင့်မြှင်တင်လုပ်ကိုင်နေသည့် Pioneer Aerodrome Services လည်း ပါဝင်သည်။

အမေရိကန်ဘဏ္ဍာရေးဌာန အထွေထွေ လိုင်စင် ၂၀ အရ အေးရှားဝေါ၏ ဆိပ်ကမ်းများအား ပိတ်ဆို့မှုစာရင်းမှ ကင်းလွတ်ခွင့်ပေးထားခြင်းကိုမူ သက်တမ်းတိုးပေးထားသည်။ အမေရိကန်ဘဏ်များ၏ တောင်းဆိုမှုကြောင့် ထိုသို့ ကင်းလွတ်ခွင့်မပေးခဲ့မီက အေးရှားဝေါလုပ်ငန်းများကို ပိတ်ဆို့အရေးယူထားမှုကြောင့် ပင်လယ်ရေကြောင်း ကုန်စည်တင်ပို့မှုများတွင် အခက်အခဲ တွေ့ခဲ့ရသည်။

တပ်မတော်ပိုင် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လိမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့အား ပိတ်ဆို့မှုစာရင်းတွင် ဆက်လက်ထည့်သွင်းထားဆဲ ဖြစ်သော်လည်း ထိုလုပ်ငန်းများ၏ လုပ်ငန်းခွဲများဖြစ်သည့် အင်းဝဘဏ်နှင့် မြဝတီဘဏ်တို့ကိုမူ ကင်းလွတ်ခွင့် ပေးထားသည်။

မြန်မာ့စီးပွားရေးဘဏ်အပါအဝင် အရပ်သားအုပ်ချုပ်မှုအောက်တွင် ရှိနေသည့် နိုင်ငံပိုင်ဘဏ်နှင့် လုပ်ငန်းများကို ပိတ်ဆို့မှုစာရင်းမှ လုံးဝပယ်ဖျက်ပေးလိုက်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် အမေရိကန်နိုင်ငံသားများအနေဖြင့် ပိတ်ဆို့အရေးယူခံထားရသည့် လူပုဂ္ဂိုလ်များပိုင်ဆိုင်သည့် လုပ်ငန်းများမှ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူမှုကိုလည်း ခွင့်ပြုပေးလိုက်သည်။

လက်ရှိ ကွန်ဂရက်၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူထားမှုအား ပြောင်းလဲသွားအောင် ကြိုးစားရန် အိုဘာမား အစိုးရအဖွဲ့တွင် အစီအစဉ်မရှိဟု အမေရိကန်အရာရှိက သတင်းထောက်များကို ပြောကြားသည်။

ပိတ်ဆို့အရေးယူသည့် စာရင်းမှ ပယ်ဖျက်ပေးလိုက်သည့် နိုင်ငံပိုင်လုပ်ငန်းများ

မြန်မာ့စီးပွားရေးဘဏ်

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်

မြန်မာ့ ရင်းနှီးမြှတ်နှံမှုနှင့် ကုန်သွယ်မှုဘဏ်

မြန်မာ့သစ်လုပ်ငန်း

မြန်မာ့ပုလဲလုပ်ငန်း

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း

အမှတ်(၁) သတ္တုလုပ်ငန်း 

အမှတ်(၂) သတ္တုလုပ်ငန်း

အမှတ်(၃) သတ္တုလုပ်ငန်း

သမဝါယမ ပို့ကုန် သွင်းကုန်လုပ်ငန်း

ကင်းလွတ်ခွင့်ရရှိသားသည့် တပ်မတော်ပိုင်ဘဏ်များ

မြဝတီဘဏ်

အင်းဝဘဏ်

ပိတ်ဆို့အရေးယူသည့်စာရင်းသို့ ထပ်မံထည့်သွင်းခံလိုက်ရသည့် အေးရှားဝေါ၏ လုပ်ငန်းများ

Asia Mega Link
Asia Mega Link Services
Pioneer Aerodrome Services
Green Asia Services
Global World Insurance Company Limited
Shwe Nar Wah Company Limited

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.