စွမ်းအင်နှင့် ရာသီဥတုအတွက် အလှည့်အပြောင်း

ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ် တည်ဆောက်ခြင်းများ ရပ်ဆိုင်းရမည့် နိုင်ငံတကာ သဘောတူညီချက် ရရှိထားသည့် ကာလရောက်ရှိရန် နီးကပ်လာပြီ ဖြစ်ရာ မြန်မာနိုင်ငံသည်လည်း သတိချပ်ရတော့မည် ဖြစ်သည်။

ဒေးဗစ် ဖူးဘရုခ် ရေးသားသည်။

“အာရှဒေသမှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို ဒီအချိန်မှာ တည်ဆောက်မယ်ဆိုရင် ကျွန်တော်တို့အားလုံး ကိစ္စပြတ်သွားနိုင်ပါတယ်” ဟု မေလအစောပိုင်းက ဝါရှင်တန်မြို့တွင် ကျင်းပသော ရာသီဥတုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲ Climate Action Summit တွင် ကမ္ဘာ့ဘဏ် အကြီးအကဲ မစ္စတာ ဂျင်ယောင်ကင်မ် Mr Jim Yong Kim က ပြောကြားသည်။

တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့က ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံသစ်များ၏ လေးပုံသုံးပုံကို ပြီးစီးအောင် တည်ဆောက်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး ကင်မ်၏ စိုးရိမ်ပူပန်မှုကို သတင်းစာများပေါ်တွင် ကျယ်ပြန့်စွာ ရေးသားဖော်ပြခဲ့ကြသည်။ သူ၏ ပြင်ဆင်မှု မရှိဘဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားမှုအပြီးတွင် ကမ္ဘာကြီးသည် ပူနွေးမှု အတိုင်းအတာ သတ်မှတ်ချက်ထက် ၂ ဒီဂရီစင်တီဂရိတ် ကျော်လွန်နေပြီဟူသော သုတေသနတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဧပြီလတွင် နယ်သာလန်နိုင်ငံမှ စွမ်းအင်၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အတိုင်ပင်ခံ အဖွဲ့အစည်းဖြစ်သော Ecofys မှ မစ္စ လင်ဒီဝေါင် Ms Lindee Wong နှင့်အဖွဲ့က ရှာဖွေ တွေ့ရှိသည်မှာ အသစ်ဆောက်လုပ်မည့်  ထိရောက်မှု ကောင်းပြီး ကာဗွန်ထုတ်လွှတ်မှု နည်းသော ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် ဖန်လုံအိမ်ဓာတ်ငွေ့များကို မြေကြီးအောက်သို့  ထုတ်လွှတ်ပေးမည့် အကုန်အကျများသော နည်းပညာများ ပါဝင်နေသည့်တိုင် ကမ္ဘာကြီးပူနွေးမှုကို သတ်မှတ်ချက်ထက် ၂ ဒီဂရီ ကျော်လွန်စေနိုင်မည်ဟု ဆိုထားသည်။

တွေ့ရှိမှုများသည် ဆိုထားသလောက် သက်သောင့်သက်သာ မရှိလှပေ။ ဖေဖော်ဝါရီလတွင် မစ္စတာ အလက်ဇင်းဒါး ဖိုင်ဖာ Mr Alexander Pfeiffer ဦးဆောင်သော အောက်စဖို့ဒ် တက္ကသိုလ် မှ သုတေသနအဖွဲ့က  သတ်မှတ်ချက်ထက် ကျော်လွန်နေသော ၂ ဒီဂရီအောက်တွင် ဆက်ရှိနေရန်မှာ ၂၀၁၇ နောက်ပိုင်း၌ ဆောက်လုပ်မည့် ဓာတ်အားပေးစက်ရုံအားလုံးသည် ကာဗွန်ထုတ်လွှတ်မှုအဆင့် သုညသာ ရှိရမည်ဟု ရှာဖွေတွေ့ရှိထားသည်။

တနည်းဆိုရလျှင် ကျောက်မီးသွေး၊ သို့မဟုတ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသည် ၂၀၁၇ နောက်ပိုင်းတွင် တည်ဆောက်ပါက ကာဗွန်များကို သိုလှောင်သိမ်းဆည်းနိုင်ရမည်။ ယင်းမှာ တည်ဆောက်ရန် စီစဉ်ထားသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ထောင်ပေါင်းများစွာတို့ အဆင်သင့် မဖြစ်သေးသော လုပ်ငန်းစဉ် ဖြစ်သည်။

အသစ်ဆောက်လုပ်သော ဓာတ်အားပေးစက်ရုံများသည် ဖန်လုံအိမ်ဓာတ်ငွေ့ကို မထုတ်လွှတ်ပါက ကမ္ဘာကြီး ပူနွေးမှုသည် ၂ ဒီဂရီအောက်တွင်သာ ရှိနေနိုင်သည်။ သို့သော် ဒေသဆိုင်ရာ နေရာအချို့တွင်မူ ၂ ဒီဂရီထက် ကျော်လွန်နေနိုင်ပါသေးသည်။ ထိုသို့ဖြင့် တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း အာရှဒေသများတွင် အပူချိန်များ မြင့်တက်ခြင်း၊ မိုးခေါင်ခြင်းတို့ကို ကြုံတွေ့ရနိုင်သည်။ ၂ ဒီဂရီထက် ကျော်လွန်လျှင် အစားအစာ၊ ရေနှင့် ဘေးကင်းလုံခြုံရေးအတွက် ထိခိုက်နိုင်သည်။

ထိုအန္တရာယ်ကို ကမ္ဘာကြီးက မည်သို့ တုန့်ပြန်သည်ဆိုသည်မှာ အစိုးရများ၏ မူဝါဒများ၊ စွမ်းအင်ဆိုင်ရာ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် မူတည်သည်။ ယင်းမှာ စီးပွားဖြစ် စက်မှုလုပ်ငန်းများက ထုတ်လွှတ်သော ဖန်လုံအိမ်ဓာတ်ငွေ့များ၏ ရင်းမြစ်ဖြစ်သောကြောင့် ဖြစ်သည်။ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများနှင့် ၂ ဒီဂရီ စင်တီဂရိတ် ပန်းတိုင်သည် ပြီးခဲ့သော ဒီဇင်ဘာလက ပဲရစ်မြို့တွင် ကျင်းပခဲ့သည့် ရာသီဥတုညီလာခံကြီး၏ တန်ဖိုးများ၊ ရည်ရွယ်ချက်များကို စမ်းသပ်မှုတစ်ခု ဖြစ်လာခဲ့သည်။

၂၀၁၇ ခုနှစ်တွင် စတင်လုပ်ဆောင်မည့် ကာဗွန်သိမ်းဆည်းနိုင်စွမ်း မရှိသော ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံသစ်များ တည်ဆောက်မှုကို ရပ်ဆိုင်းမည့် သဘောတူညီချက်သည်လည်း ရွေးချယ်စရာလမ်း တစ်ခု ဖြစ်ခဲ့သည်။ ယင်းသဘောတူညီချက်ဖြင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံသစ်များ တည်ဆောက်မှု ရပ်ဆိုင်းသော နိုင်ငံများကို စွမ်းအင်လုံလောက်စေရန် နေအားလျှပ်စစ်၊ လေအားလျှပ်စစ် စက်ရုံများ တည်ဆောက်နိုင်ရန် အတိုးနှုန်း နည်းပါးသော ချေးငွေများ ထုတ်ချေးခြင်း၊ အထူးထောက်ပံ့ငွေများ ပေးခြင်း စသည်တို့ကို လုပ်ဆောင်သွားမည် ဖြစ်သည်။

နည်းပညာအရ ပြောမည်ဆိုလျှင် ယင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ သို့သော် ယင်းကို အချက်နှစ်ချက်ဖြင့် လုပ်ဆောင်နိုင်ပါသည်။ တစ်ချက်မှာ တရုတ်နှင့် အိန္ဒိယနိုင်ငံသည် နေအားနှင့် လေအားလျှပ်စစ် ထုတ်လုပ်ရေး နည်းပညာများ၌ အရွယ်အစားအရ လျင်မြန်စွာ တည်ဆောက်ပြီးစီးနိုင်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ ကျန်တစ်ချက်မှာ ဒုတိယကမ္ဘာစစ်အတွင်း စက်မှုလှုပ်ရှားမှုများ ဖြစ်ပေါ်လာသကဲ့သို့ နည်းပညာများ တိုးတက်လာခြင်း ဖြစ်မည်။ ကုန်ကျစရိတ်များ လျော့ကျလာပါက ကာဗွန်သိမ်းဆည်းမှု နည်းပညာနှင့် နျူကလီယား ဓာတ်အားပေးစက်ရုံများသည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။

ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံသစ်များ တည်ဆောက်မှုကို ရပ်ဆိုင်းခြင်းသည် နိုင်ငံရေးအရ လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ သို့ရာတွင် စွန့်စားရမှုများ များပြားလာပါက နိုင်ငံများက  မိမိသဘောအတိုင်းသာ ဆုံးဖြတ်ကြမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ဘဏ်များကို အစိုးရက ရွေးထုတ်ပေးလိုက်ရခြင်းသည် ဥပမာတစ်ခု ဖြစ်သည်။ အခြားသဘောတူညီချက်တစ်ခုမှာမူ အိုဇုန်းလွှာ ပေါက်ပြဲမှုကို ကာကွယ်ရန် ပြုလုပ်ခဲ့သော မွန်ထရီယယ် သဘောတူညီချက် Montreal Protocol ဖြစ်သည်။ ယင်းကို ၁၉၈၅ ခုနှစ်တွင် အန္တာတိတ်ဒေသမှ အိုဇုန်းအပေါက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၂ နှစ်အကြာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံသစ်များ တည်ဆောက်မှုကို ရပ်ဆိုင်းခြင်းနှင့် စွမ်းအင် ထုတ်လုပ်ရာတွင် ကာဗွန် မထုတ်လွှတ်အောင် လုပ်ခြင်းသည် အကျိုးရလဒ်ကောင်းများ လျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျန်းမာရေး၊ ကြွယ်ဝချမ်းသာရေးနှင့် လုံခြုံရေးအတွက် ရရှိသော ကောင်းကျိုးများသည် ကျောက်မီးသွေး အသုံးပြုခြင်းကြောင့် ပေးဆပ်ရသော ကုန်ကျစရိတ်ထက် များစွာသာလွန်ပါသည်ဟု ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ရာသီဥတု ကော်မရှင် Global Commission for Economy and Climate ၏ ဖော်ပြချက်အရ သိရှိရသည်။ International Monetary Fund က သုံးသပ်လေ့လာရာတွင် ၂၀၁၄ ခုနှစ်၌ ကျောက်မီးသွေး အန္တရာယ်ကြောင့် ဖြစ်လာသည့် ဆိုးကျိုးများကို ဖြေရှင်းရသော ကုန်ကျစရိတ်သည် ပြန်ပြည့်မြဲစွမ်းအင်များ လုပ်ဆောင်ရန် ကုန်ကျမည့်ငွေထက် အဆ ၅၀ ခန့် များပြားနေသည်ဟု ဆိုသည်။

ရန်ကုန်တိုင်း မြောက်ပိုင်းရှိ မြောင်းတကာ ဓာတ်အားခွဲရုံကို တွေ့ရစဉ်။ ဓာတ်ပုံ - ရဲအောင်သူ/ အေအက်ဖ်ပီ

ရန်ကုန်တိုင်း မြောက်ပိုင်းရှိ မြောင်းတကာ ဓာတ်အားခွဲရုံကို တွေ့ရစဉ်။ ဓာတ်ပုံ – ရဲအောင်သူ/ အေအက်ဖ်ပီ

ထိုနှစ်တွင် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများအတွက် ထောက်ပံ့ငွေသည် ပြန်ပြည့်မြဲစွမ်းအင်များအတွက် ထောက်ပံ့ငွေထက် ၅ ဆခန့် ပိုများနေခဲ့သည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီ International Energy Agency က ခန့်မှန်းထားသည်။

အခြားတစ်ဖက်တွင်လည်း ထိုသို့ ကာလသတ်မှတ်ချက်ဖြင့် ရပ်ဆိုင်းခြင်းကို လက်လှမ်းမမီပါက ကျွန်တော်တို့သည် ပိုမိုပူနွေးလာသော ကမ္ဘာကြီးနှင့် မည်မျှကျင့်သား ရနိုင်မည်ကို မျှော်မှန်းဖွယ်ရာ ရှိသည်။ ယင်းမှာ မရေရာသော ကြိုးစားအားထုတ်မှုသာ ဖြစ်သည်။ ရာသီဥတုနှင့် အစားအစာ ထောက်ပံ့ပေးသော ဂေဟစနစ်တို့ကြား အပြန်အလှန် အမှီအခိုပြုမှုတို့သည် ပိုမိုရှုပ်ထွေးလာပြီး လူ့အဖွဲ့အစည်း၏ လုံခြုံမှုမှာ ပိုမိုရှုပ်ထွေးလာမည် ဖြစ်သည်။ ကမ္ဘာကြီးက ပို၍ပို၍ ပူနွေးလာသောအခါ ထိုသို့ကျင့်သားရရန်မှာ ပိုပိုခက်ခဲလာမည်။

ထိုအခါ သမားရိုးကျ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော စနစ်များအတွက် ခြိမ်းခြောက်မှုများ ရှိလာမည် ဖြစ်သည်။ မိုးခေါင်ရေရှားမှုများနှင့် ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကဲ့သို့ မုန်တိုင်းများကြောင့် ယခင်က ပြုလုပ်လာခဲ့သော စနစ်များကို ကျွန်တော်တို့ လိုအပ်သည့်ပမာဏ ပြည့်မီစေရန် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ကြရမည် ဖြစ်သည်။

အင်ဂျင်နီယာ ပညာရှင်များသည် လူတို့၏ ဖိစီးသောကများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် ရေရရှိရန် ယှဉ်ပြိုင်တိုက်ခိုက်ရခြင်းတို့ကို အာရုံထားလာကြရမည်။ သမားရိုးကျ ဓာတ်အား ထုတ်လုပ်နည်းများကို ပြုပြင်မွမ်းမံရခြင်းသည် ငွေကြေးအကုန်အကျ များသည်။ လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံများကို တည်ဆောက်ရန် စီမံကိန်းများ လုပ်ဆောင်မည့် ရင်းနှီးမြှုပ်နှံသူများအတွက် စွန့်စားရခြင်းနှင့် ပြန်လည်ငွေပေါ်ရန် အခက်အခဲများ ရှိလာမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ မူဝါဒ ချမှတ်သူများ စီမံကိန်းများ လုပ်ဆောင်သော ရင်းနှီးမြုပ်နှံသူများ ရင်ဆိုင်နေရသော မေးခွန်းတစ်ခုမှာ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာကြီးက ယင်း ရပ်ရမည့်ကာလအတွက် မည်သို့တုန့်ပြန်သည်ကို စောင့်ကြည့်နေစဉ်အတွင်း ဘာလုပ်ဆောင်ကြမည်နည်းဟူ၍ ဖြစ်သည်။

လျှပ်စစ်ထုတ်လုပ်ရေး အခြေခံအဆောက်အအုံများကို ပြုပြင်မွမ်းမံရန် ကြိုးပမ်းမှုသည် သူရူးတစ်ယောက်၏ တောက်တိုမယ်ရအလုပ်ကဲ့သို့ ဗျာများလွန်းနေမည်။ အမှန်မှာမူ စီမံကိန်းနှင့် ရင်းနှီးမြုပ်နှံသူများသည် ၂၁ ရာစု၌ ဖြစ်ပွားနေသော နည်းပညာနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများ လျှပ်စစ်ထုတ်လုပ်ရေး နည်းစနစ်များကို အခြေခံမှစပြီး ပြန်လည်စဉ်းစားခြင်းဖြင့် စွန့်စားရမှုများနှင့် လူ့အဖွဲ့အစည်းအပေါ် ရိုက်ခတ်မှုကို လျှော့ချနိုင်မည် ဖြစ်သည်။

ထို့ကြောင့် လျှပ်စစ်ထုတ်လုပ်ရေး အခြေခံအဆောက်အအုံ အများအပြားကို ဆောက်လုပ်ရန် ကျန်ရှိနေသည့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းများပင် ဖြစ်သည်။ ယင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်လည်း တွေ့မြင်နိုင်သည်။

နည်းပညာများနှင့် မူများကို ကမ္ဘာပေါ်ရှိ ဆင်းရဲသော နိုင်ငံ၊ ချမ်းသာသော နိုင်ငံများအားလုံးတွင် နားလည်ထားပြီးဖြစ်ပြီး အသုံးချလျက်ရှိကြသည်။ စွမ်းအင်ထိရောက်သော နည်းပညာများဖြစ်သည့် ဘက်ထရီသုံး၊ နေအား၊ လေအားသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသည် ရာသီဥတု ပြောင်းလဲမှုနှင့် အစိုးရမူဝါဒများအတွက် ထိခိုက်မှု နည်းပါးသည်။ ပြန်ပြည့်မြဲစွမ်းအင် နည်းပညာများအတွက် ကုန်ကျစရိတ်များသည်လည်း ကျဆင်းလာလျက်ရှိသည်။ ထို့ပြင် ရှောင်လွှဲလိုက်သော ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် မြန်မာပြည်သူများသည် ပြန်ပြည့်မြဲစွမ်းအင်၏ ကောင်းကျိုးကို ခံစားရမည်။

ထိုသို့သော ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရန် သော့ချက်မှာ ရှင်းလင်းသော ရေရှည်မူဝါဒများ ဖြစ်သည်။ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံသစ် တည်ဆောက်မှုရပ်တန့်ရေး ကန့်သတ်ကာလ အကောင်အထည် ပေါ်သည်ဖြစ်စေ၊ မပေါ်သည်ဖြစ်စေ ထိုအခွင့်အရေးကို ရအောင်ယူရမည် ဖြစ်သည်။ ထိုအခါ မြန်မာနိုင်ငံသည် ရာသီဥတု ဆိုးရွားမှုဒဏ်ကို ခံနိုင်ရည်ရှိသော အကုန်အကျ သက်သာသည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်မည် ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.