စိုးရိမ်ကြောင့်ကြမှုတွေ ထုတ်ပေးနေတဲ့ စွမ်းအင်စီမံချက်

ဓာတ်ပုံ - ဆူသက်ပ်

ဓာတ်ပုံ – ဆူသက်ပ်

မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကျောက်မီးသွေးတွင်းက သူတို့ရဲ့ကျန်းမာရေးနဲ့ လူနေမှုဘဝတွေကို ဆိုးဆိုးရွားရွား ထိခိုက်နေတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်မှာရှိတဲ့ အဲဒီကျောက်မီးသွေးတွင်းအနီးမှာ နေထိုင်တဲ့ကျေးရွာသားတွေက ဆိုကြပါတယ်။ 

အိုလီဗာ ဆလိုး ရေးသားသည်။

တီကျစ်မြို့က လယ်သမားတစ်ဦးဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် ဦးထွန်းလှိုင်က ပြီးခဲ့တဲ့ လအတွင်းမှာ ရေတွင်းတစ်တွင်းကနေ ရတဲ့ရေကို မသောက်ဘဲ မြန်မာ့အကြီးဆုံးကျောက်မီးသွေးတွင်းအနီးမှာ ရှိတဲ့ကန်တစ်ခုထဲက သောက်ရေကို သောက်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ပင်လောင်းမြို့ အပြင်ဘက်က အဲဒီရေတွင်းဟာ ခန်းခြောက်စ ပြုနေပါပြီ။ ဦးထွန်းလှိုင်က ခုချိန်မှာ သူ့ရဲ့ကောက်ပဲသီးပင်တွေ စိုက်ပျိုးဖို့နဲ့ လျှော်ဖွတ်ဖို့အတွက် အသုံးပြုတဲ့ရေကို ကျောက်မီးသွေးတွင်းနားမှာ ရှိတဲ့ ရေကန်က ရေနဲ့ စခန်းသွားနေတာပါ။ ဒါပေမဲ့ သောက်သုံးရေအဖြစ် အသုံးပြုဖို့တော့ ချီတုံချတုံ ဖြစ်နေပါတယ်။

“ရေ(ရေကန်က ရေ)ဟာ ကျောက်မီးသွေးတွင်းက စွန့်ပစ်ပစ္စည်းတွေကြောင့် ညစ်ညမ်းနေပါပြီ။ ဒါပေမဲ့ ကျွန်တော့မှာ တခြားနည်းလမ်း မရှိပါဘူး။ ကျောက်မီးသွေးတွင်း မပေါ်ခင်တုန်းကတော့ မြို့နဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေအတွက် ရေအလုံအလောက် ရှိပါတယ်။ ခုတော့ မရှိတော့ပါဘူး” လို့လည်း ဆိုလိုက်ပါသေးတယ်။

ပုဂ္ဂလိက ကျောက်မီးသွေးတွင်းတစ်တွင်းရဲ့ အလုပ်သမားတွေက မြေအောက်ကျောက်မီးသွေး ရှာဖွေဖို့ စမ်းသပ်တူးဖော်မှုတွေ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဆူသက်ပ်

ပုဂ္ဂလိက ကျောက်မီးသွေးတွင်းတစ်တွင်းရဲ့ အလုပ်သမားတွေက မြေအောက်ကျောက်မီးသွေး ရှာဖွေဖို့ စမ်းသပ်တူးဖော်မှုတွေ ပြုလုပ်နေစဉ်။ ဓာတ်ပုံ – ဆူသက်ပ်

ရှမ်းတောင်တန်းရဲ့ ဆွဲဆောင်မှုရှိတဲ့ စိုက်ပျိုးရေးမြို့ဖြစ်တဲ့ တီကျစ်က ဒေသထွက်ဆန်၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးတွေကြောင့် နိုင်ငံတစ်ဝှမ်းမှာ လူသိများတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ မြို့ခံတွေရဲ့ဘဝတွေအပေါ် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်နေတဲ့ ကန်ဒေါ်လာမီလျံနဲ့ချီပြီးတန်တဲ့ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအားစက်ရုံတို့ကို စတင်ခဲ့ပါတယ်။

ဒီစီမံချက်က မကောင်းတဲ့ အတိတ်နိမိတ်တွေနဲ့ စတင်ခဲ့တာပါ။ ၂၀၀၄ ခုနှစ်မှာ မိုင်းခွဲ၊ မိုင်းဖြတ်တဲ့နေရာက ပေါက်ကွဲမှုရဲ့ တုန်ခါမှုက မြို့တစ်မြို့လုံး သိမ့်သိမ့်တုန်သွားခဲ့ရပြီး တီကျစ်မြို့ရဲ့ အထင်ကရ စေတီတစ်ဆူ အပါအဝင် အဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။

“ငလျင်လှုပ်တယ်လို့ ထင်လိုက်တာ။ တစ်မြို့လုံး တုန်ခါသွားတာ။ သူတို့က (စေတီ)ကို ပြန်ပြင် မပေးသေးပါဘူး” လို့ ဦးထွန်းလှိုင်က ဆိုပါတယ်။

အခြေအနေတွေက အဲဒီအချိန်ကတည်းကစပြီး ပိုမိုဆိုးရွားလာခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စီမံကိန်းမှာ အဓိကရင်းနှီးမြုပ်နှံသူဖြစ်တဲ့ တရုတ်အမျိုးသား အကြီးစားစက်ယန္တရား ကော်ပိုရေးရှင်းက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ထုတ်လုပ်ရေးလုပ်ငန်းတွေ လွန်ခဲ့တဲ့ လေးလလောက်က ရပ်ဆိုင်းခိုင်းခဲ့ပါတယ်။ မကြာခင်ပြန်စလိမ့်မယ်လို့လည်း ဒေသခံတွေက ယုံကြည်နေကြပါတယ်။

ဒီကျောက်မီးသွေးတွင်းက တန်ချိန် ၂,၀၀၀ နီးပါး နေ့စဉ်ထုတ်လုပ်နေတာပါ။ ရရှိလာတဲ့ ကျောက်မီးသွေးတွေကို ထရပ်ကားတွေ၊ သီးသန့်ဆောက်လုပ်ထားတဲ့ ရွေ့လျားစက်ခါးပတ်တွေနဲ့ တင်ဆောင်ပြီး ၂၀၀၅ ခုနှစ် ဧပြီလမှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ဓာတ်အားပေးစက်ရုံကို ပို့နေတာပါ။

ဓာတ်အားပေးစက်ရုံကို ယာယီပိတ်ပင်ပြီးနောက်မှာ ကျန်ရှိနေတဲ့ လမ်းဘေးဝဲယာက ကျောက်မီးသွေးများ။ ဓာတ်ပုံ - ဆူသက်ပ်

ဓာတ်အားပေးစက်ရုံကို ယာယီပိတ်ပင်ပြီးနောက်မှာ ကျန်ရှိနေတဲ့ လမ်းဘေးဝဲယာက ကျောက်မီးသွေးများ။ ဓာတ်ပုံ – ဆူသက်ပ်

ပအိုဝ်းလူငယ်အဖွဲ့ရဲ့အဆိုအရ အဲဒီဓာတ်အားပေးစက်ရုံကို ကန်ဒေါ်လာ ၄၃ သန်း အကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၆၀ ဂစ်ဂါဝပ်နာရီ ထုတ်ပေးနိုင်တဲ့ မီဂါဝပ် ၆၀ အားရှိတဲ့ တာဘိုင်နှစ်လုံးလည်း ပါပါတယ်။ 

စီမံချက်အတွက် အသုံးပြုတဲ့ ရေပမာဏကို ခန့်မှန်းတွက်ချက်ထားတာ မရှိပါဘူး။ ဒါပေမယ့် တီကျစ်မြို့မှာ အတော်လေး စိုးရိမ်ရတဲ့ အခြေအနေကို ဖြစ်ပွားစေဖို့အတွက် လုံလောက်တဲ့ ရေပမာဏကို အသုံးပြုနေတာပါ။

ဦးထွန်းလှိုင်လိုပဲ မြို့ခံလယ်သမားတစ်ဦးဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ် ဦးမောင်သက်ကလည်း မကြာသေးခင်က စတင်ပြီး သူသုံးမယ့်ရေအတွက် ကျောက်မီးသွေးတွင်းအနီးက ညစ်ညမ်းရေအပေါ်မှာ မှီခိုနေရပါပြီ။

“စိုက်ပျိုးရေးအတွက်တောင် ပြဿ     နာ ရှိပါတယ်။ ရေထဲမှာ အနည်အနှစ်တွေ အများကြီးပါနေလို့ ကျွန်တော့်ရဲ့ ကောက်ပဲသီးနှံတွေကို မလောင်းခင်မှာ သုံးလေးခါလောက် စစ် စစ်ပေးနေရပါတယ်” လို့ ဦးမောင်သက်က ပြောကြားခဲ့သလို အနာဂတ်အတွက်လည်း စိုးရိမ်မိကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

“ဒီစီမံကိန်းကြောင့် ပြဿ     နာအများကြီး တက်နေပါတယ်။ ဒါပေမဲ့ ရေကတော့ အဓိကပါပဲ” လို့လည်း သူက ဆိုပါတယ်။

မြို့စွန်က ဦးမောင်သက်ရဲ့ ရိုးရိုးကုပ်ကုပ်အိမ်ပေါ်မှာ သူနဲ့ ဘေးချင်းယှဉ်ထိုင်နေတဲ့ အသက် ၆၃ နှစ်အရွယ် လယ်သမားတစ်ဦးဖြစ်သူ ဦးဘစီကတော့ ရုတ်တရက် စကားဖြတ် ပြောလိုက်ပါတယ်။

“ကျွန်တော်တို့ ကြုံတွေ့နေရတဲ့အထဲမှာ ရေကတော့ အကြီးမားဆုံး ပြဿ     နာတစ်ခုပဲ” လို့ ဦးဘစီက ဒေါသတကြီး မျက်နှာအမူအယာနဲ့ ပြောချလိုက်ပါတယ်။

“ကျေးဇူးပြုပြီး ဒီကိစ္စအကြောင်း လူတွေကို ပြောပြပါ။ UNDP [ကုလသမဂ္ဂဖွံ့ဖြိုးရေးအဖွဲ့] ကိုလည်း ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿ     နာရပ်အကြောင်း ပြောပြပေးပါ။ ဒီအကြောင်းကို လူတွေသိဖို့ လိုပါတယ်။ ကျွန်တော်တို့ အနာဂတ်အတွက် စိုးရိမ်ရလို့ပါ” လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ခေတ္တတာ ငြိမ်းချမ်းရာ ရနေတဲ့ လယ်သမားတွေက စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက မိတ်ဆက်ပေးခဲ့တဲ့ ယာစိုက်ပျိုးရေးစနစ်သစ်တစ်ခုကို အသုံးပြု စိုက်ပျိုးနေစဉ်။ ဓာတ်ပုံ - ဆူသက်ပ်

ခေတ္တတာ ငြိမ်းချမ်းရာ ရနေတဲ့ လယ်သမားတွေက စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက မိတ်ဆက်ပေးခဲ့တဲ့ ယာစိုက်ပျိုးရေးစနစ်သစ်တစ်ခုကို အသုံးပြု စိုက်ပျိုးနေစဉ်။ ဓာတ်ပုံ – ဆူသက်ပ်

UNDP လို အဖွဲ့တွေအနေနဲ့ ဘာတွေကို ဆောင်ရွက်သင့်သလဲလို့ မေးမြန်းကြည့်ရာမှာတော့ တီကျစ်ဒေသမှာ သန့်ရှင်းတဲ့သုံးရေ ဖြန့်ဖြူးမှုကို လိုအပ်နေတယ်လို့ ဦးဘစီက ဖြေကြားခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွင်း ပင်လောင်းမြို့ရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာတွေအပြင် ရှမ်းပြည်နယ်လွှတ်တော်အမတ်နေရာတွေကို အနိုင်ရရှိထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့အနေနဲ့လည်း ဒီစီမံချက်အပေါ် တစ်စုံတစ်ရာ တုံ့ပြန်ဆောင်ရွက်ပေးဖို့ ဦးဘစီက တောင်းဆိုခဲ့ပါတယ်။

“သူတို့က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွင်းမှာ ပြည်သူ့ထောက်ခံမှုကို ရရှိထားတာပါ။ အခုဆိုရင် သူတို့မှာ လုပ်ပိုင်ခွင့်အာဏာ အတော်လေး ရှိလာပါပြီ။ ဒါကြောင့် ကျွန်တော်တို့ကို ကူညီဖို့ တစ်ခုခု လုပ်ပေးလိမ့်လို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့လည်း ဦးဘစီက ပြောပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်တဲ့ အဓိက စိုးရိမ်မှုတစ်ခုကတော့ ကျောက်မီးသွေး မီးရှို့ရာကနေ ထွက်လာတဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုဖြစ်သော ပြာမှုန်တွေကြောင့် ဖြစ်ပွားနေတဲ့ လေထုညစ်ညမ်းမှုပဲ ဖြစ်ပါတယ်။ ပြာမှုန့်တွေထဲမှာ ပြဒါးဓာတ်၊ ခဲဓာတ်၊ အာဆင်းနစ်အဆိပ်နဲ့ အန္တရာယ်ဖြစ်စေတဲ့ တခြားဒြပ်ပစ္စည်းတွေ ပါဝင်ပြီး နာမကျန်းမှုမျိုးစုံ ဖြစ်စေနိုင်ပါတယ်။

ကျောက်မီးသွေး တူးဖော်တာနဲ့ဆက်စပ်တဲ့ အဓိက ကျန်းမာရေးအန္တရာယ်တွေထဲမှာ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည် ချောင်းဆိုးရင်ကြပ်ရောဂါ၊ အာရုံကြောစနစ် ပျက်စီးမှုနဲ့ Black lung တဲ့ အဆုတ်ထဲမှာ အမှုန်များစွာ ကပ်နေတဲ့ ရောဂါတွေ ပါဝင်ပါတယ်။ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းတွေနဲ့ စွမ်းအင်စက်ရုံက ကျန်းမာရေး ပြဿ     နာရပ်တွေကို ဖန်တီးနေခြင်းရှိ၊ မရှိဆိုတာ သိရှိဖို့ လေ့လာဆန်းစစ်မှု တစ်စုံတစ်ရာ ဆောင်ရွက်ရခြင်း မရှိသေးဘူးလို့လည်း တီကျစ်မြို့ခံများစွာက ယုံကြည်နေပါတယ်။

ပအိုဝ်းလူငယ်အဖွဲ့ရဲ့အဆိုအရ မြို့နယ်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းမျှရှိတဲ့ ဒေသခံပေါင်း ၁၂,၀၀၀ ဦးဟာ သတ္တုတူးဖော်ရေးနဲ့ စွမ်းအင်စက်ရုံတွေကြောင့် အရေပြားရောဂါတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

“ကိုယ်၊ လက်ဆေးဖို့အတွက် ရေ(ညစ်ညမ်းရေ) ကို စတင်အသုံးပြုကတည်းက ဆိုးဆိုးရွားရွား ယားယံမှုတွေကို ခံစားနေရပါတယ်” လို့ ဦးမောင်သက်က ဆိုပါတယ်။ အရေပြားပြဿ     နာကို ရွာသားတိုင်းလိုလို ကြုံတွေ့နေရပေမယ့် ဆရာဝန်နဲ့ ပြသတာမျိုး မလုပ်ရသေးဘဲ  တိုင်းရင်းဆေးတွေကို သုံးပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသနေတယ်လို့လည်း သူက ဆိုပါတယ်။

တီကျစ်မြို့အနီး ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက အလုပ်သမားများ။ ဓာတ်ပုံ - ဆူသက်ပ်

တီကျစ်မြို့အနီး ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက အလုပ်သမားများ။ ဓာတ်ပုံ – ဆူသက်ပ်

တစ်ဘက်မှာလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်က လာမယ့်နှစ်တွေမှာ ၁၃ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းအကြား မြင့်တက်လာလိမ့်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်နေပြီး အဲဒီအစီအစဉ်တွေထဲမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံပေါင်း ၁၁ ခု ပါပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ လေးခု၊ တနင်္သာရီတိုင်းဒေသကြီးမှာ သုံးခုနဲ့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ တစ်ခုစီ တည်ဆောက်ဖို့ စီစဉ်ထားတာပါ။

စီမံချက်အများစုက သဘာဝပတ်ဝန်းကျင်အဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ကြုံတွေ့ နေရပါတယ်။

ကျောက်မီးသွေးစီမံချက်တွေကို မြန်မာနိုင်ငံအတွင်းက အဖွဲ့များစွာက ဆန့်ကျင်ပါတယ်လို့ မေလအတွင်း ကျင်းပခဲ့တဲ့ ရန်ကုန်စီးပွားရေး ထိပ်သီးအစည်းအဝေးမှာ EcoDev ဆိုတဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့ကို ပူးတွဲထူထောင်သူနဲ့ အဲဒီအဖွဲ့ရဲ့မန်နေဂျင်းဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးဝင်းမျိုးသူက ပြောခဲ့ဖူးပါတယ်။

“ရာသီဥတုပြောင်းလဲမှုတွေကိုပေါ်ပေါက်စေတဲ့ ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချဖို့အတွက် တစ်ကမ္ဘာလုံးက ကြိုးစားနေတဲ့အတွက်ကြောင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကို အတော်လေး စိုးရိမ်နေတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ 

ခုချိန်မှာတော့ တီကျစ်ဒေသခံတွေက ကျောက်မီးသွေးတွင်းနဲ့ သူတို့ဘဝတွေအပေါ် သက်ရောက်နေတဲ့ သူ့ရဲ့ဆိုးကျိုးတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ ဦးဘစီက ဆိုပါတယ်။

“ဒီစီမံကိန်းကနေ ဘယ်လိုအကျိုးအမြတ်များ ရလို့လဲ။ လုံးဝကို မရပါဘူး။ ရေနဲ့ ကျန်းမာရေး ပြဿ     နာတွေတင် မကဘူး၊ ရွာသားတွေအတွက် အလုပ်အကိုင် ဖန်တီးပေးတာမျိုးလည်း မရှိဘူး” လို့ ဦးဘစီက ဆိုပါတယ်။ သူ့အဆိုအရ အလုပ်အကိုင် အများစုက တခြားနေရာတွေကနေ ခေါ်ဆောင်လာတဲ့ ဗမာတွေအတွက် ဖြစ်နေပြီး ကျောက်မီးသွေးတူးဖော်ရေးနဲ့ လျှပ်စစ် ဓာတ်အားစက်ရုံမှာ အလုပ်ရတဲ့ ဒေသခံအရေအတွက်ကို လက်ချိုးရေလို့တောင် ရပါတယ်။

“သူတို့က မြေကို ယူသွားပေမယ့် ဘာမှပြန်မပေးဘူး။ ဒေသတွင်း လူမှုအသိုင်းအဝိုင်းအတွက် တစ်ခုခုတော့ ပြန်ပေးဖို့ လိုတာပေါ့” လို့လည်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.