စနစ်တကျ ရှင်းလင်းမည့်ပညာရှင်များအတွက် ပြဿနာ

ဒီမိုကရေစီလွတ်လပ်မှုများရှိသည့်တိုင် မြန်မာ့နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းအတွင်း ညီညွတ်ရေးဆီဦးတည်သော တိမ်းညွတ်မှုသည် ပဒေသရာဇ်ဆန်သည့် အုပ်စိုးမှုစနစ်ကို ပြန်လည်မွေးဖွားရန် ကံပါလာသည့်နှယ် ဖြစ်နေသည်။

ဒေးဗစ် အိုင် စတိန်းဘာ့ဂ် ရေးသားသည်။

၁၉၈၉ ခုနှစ်၌ The Economist မဂ္ဂဇင်းက မှတ်ချက်ပြုခဲ့သည်က “သူတို့က ယူဂိုစလားဗီးယားမှာ စနစ်တကျနဲ့ ရှင်းလင်းတဲ့ ပညာရှင်တွေ The Tidy Minds လက်မှိုင်ချရမည့်ကိန်းဖြစ်နေတယ်လို့ပြောပါတယ်” ဟူ၏။ ထို စနစ်တကျရှင်းလင်းတဲ့ပညာရှင်များဆိုသည်မှာ ယူဂိုဆလားဗီးယား၏ ရှုပ်ထွေးသည့်နိုင်ငံရေးပဟေဠိနှင့် အကြမ်းဖက်မှုတို့ကို နားလည်သဘောပေါက်ရန်နှင့် ဖြေရှင်းရန်ကြိုးစားနေခဲ့ကြသည့် နိုင်ငံခြားသားများ ဖြစ်ဖွယ်ရှိသည်။

သူတို့စိုးရိမ်ခဲ့ကြသည်က ထိုနေရာတွင် ဘာသာရေး၊ လူမျိုးရေးကွဲပြားမှုများနှင့် ရလဒ်အဖြစ်ထွက်ပေါ်လာသည့် ပဋိပက္ခနှင့်ဆက်စပ်ပြီး ယင်းပဋိပက္ခများက အရေးပါသည့် ပထဝီနိုင်ငံရေးလှိုင်းဂယက်များကို ဖြစ်ပေါ်စေမည့် အချက်ပင်ဖြစ်သည်။

ဗမာများအတွက် ယူဂိုစလားဗီးယားပြိုကွဲခြင်းသည် နမူနာယူရှောင်ရှားရမည့်ပုံစံဖြစ်သည်။ ထိုစဉ်က အနောက်နိုင်ငံ အများအပြားနှင့် အဆက်ပြတ်နေသည့်နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ပြည်ပက စနစ်တကျ ရှင်းလင်းသည့်အယူအဆများဖြင့် အာရုံစိုက်ချဉ်းကပ်မှုမရှိခဲ့ပေ။

သို့ရာတွင် အစောပိုင်းနှစ်အနည်းငယ်က ဗမာအများအပြားမှာ ဗိုလ်ချုပ်နေဝင်းဇာတ်သိမ်းသွားပြီးနောက် နိုင်ငံ၏ အနာဂတ်စည်းလုံးညီညွတ်မှု၊ ဦးဆောင်မှုနှင့်ပတ်သက်၍ စိုးရိမ်နေခဲ့ကြသည်။

အစိုးရက ယူဂိုဆလပ်ပုံစံ ကျင့်သုံးနိုင်သည်ဆိုသည့်ခန့်မှန်းချက်များကို ထိုစဉ်က ရန်ကုန်လက်ဖက်ရည်ဆိုင်များ၌ ပြောဆိုခဲ့ကြသည်။ ယင်းပုံစံက နိုင်ငံဆက်လက်စည်းလုံးစေရန် ရည်ရွယ်သည့် သုံးဦးပါဦးဆောင်မှုပုံစံဖြစ်သည်။ သို့သော် ဖြစ်လာခဲ့သည်က မအောင်မြင်သည့် လူထုတော်လှန်ရေး၊ ဆက်ဖြစ်နေသည့် တိုင်းရင်းသားများနှင့် ပဋိပက္ခ၊ အာဏာရှင်ဆန်သည့် စစ်အုပ်ချုပ်ရေးကာလ ဆယ်စုနှစ် နှစ်စုသာဖြစ်သည်။

‘Tidy’ စကားလုံးက အပြုသဘောဆောင်သော၊ ကောင်းသောသဘောဖြစ်ပြီး အစီအစဉ်ကျခြင်းနှင့် သဟဇာတဖြစ်ခြင်း အဓိပ္ပွာယ်သက်ရောက်သည်။ သို့ရာတွင် ပြည်တွင်းပြည်ပ ထိုသို့သောပညာရှင်များက သိသာသည့် သဘောကွဲလွဲမှု၊ ပို၍အန္တရာယ်ကြီးသည့်အာဏာလုပ်ပိုင်ခွင့်အတွက် ပဋိပက္ခဖြစ်နေသော တောင်းဆိုချက်များကို ဖယ်ရှားရန် ကြိုးစားနိုင်ကာ စနစ်ကျသည့် ရှင်းလင်းမှုဟူသည် ထုံးတမ်းနှင့်ညီညွတ်မှုအတွက် နားခံသာသော အသုံးအနှုန်းတစ်ခုလည်းဖြစ်နိုင်သည်ပင်။

လမ်းရိုးလိုက်ဘာသာဗေဒပေါ်လစီများအတွက် စနစ်ကျသူကြီးဟု The Economist က ခေါ်ဆိုခဲ့သည့် စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယူဦးဆောင်ကာ အာရှတန်ဖိုးများကို အချေအတင်ဆွေးနွေးခဲ့ချိန် လွန်ခဲ့သည့်မျိုးဆက်တစ်ဆက်ခန့်ကစွပ်စွဲချက်မှာ အနောက်တိုင်းသည် တသီးပုဂ္ဂလဆန်လွန်းသည်၊ ထို့ကြောင့် အတ္တကြီးသည်၊ သို့ရာတွင် အာရှဒေသအများမှာ လူ့အသိုင်းအဝိုင်းတန်ဖိုးထားမှု ပိုများပြီး ကျယ်ပြန့်သည့် ထုံးတမ်းစဉ်လာ ညီညွတ်မှုအချို့က လေးစားနှစ်သက်ဖွယ်ရှိသည်ဆိုသော အဓိပ္ပာယ်ပါရှိသည်။

သို့သော်လည်း ထုံးတမ်းညီညွတ်မှုနောက်လိုက်ခြင်းက ရံဖန်ရံခါ ပဒေသရာဇ်ဆန်မှုနှင့် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေတတ်သည်။ ယင်းက အရှေ့အာရှဒေသတွင် ပျံ့နှံ့ခဲ့သည့် အဓိကအချက်တစ်ခုဖြစ်ဟန်ရှိသည်။ တရုတ်တွင် သမ္မတရှီကျင့်ဖျင်သည် တရုတ်ဟန်ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေမကျင့်နိုင်သည့် ဝီဂါနှင့်တိဗက်တို့ကိုလည်းကောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏တင်းကျပ်သည့်အုပ်စိုးမှုမှ သွေဖည်သူများကိုလည်းကောင်း စိတ်ကသိကအောက်ဖြစ်သည်က သေချာပါသည်။

ပညာရေးဌာနများမှာ ထူးခြားသည့်အန္တရာယ်ရှိပါသည်။ ဝန်ကြီးချုပ်မိုဒီနှင့် ဘီဂျေပီပါတီလက်ထက် အိန္ဒိယသည် ယဉ်ကျေးမှုစုံလူ့အဖွဲ့အစည်းတွင် ဟိန္ဒူဝါဒသြဇာလွှမ်းမိုးမှုမြင့်မားလိုဟန်ရှိပြီး အထောက်အထားမရှိသော မွတ်စလင်များကို နိုင်ငံသားပေးရန် ငြင်းဆိုသည်။ ထို့ပြင် ထိုင်းနိုင်ငံ၌ ဘုရင်နှင့်စစ်တပ် မဟာမိတ်ဖြစ်မှု အစဉ်အလာကိုကိုက်ညီအောင် ကြိုးပမ်းထားမှုက ခေါင်းဆောင်ပိုင်းအား ဝေဖန်မှုတိုင်းလိုလိုနှင့် တရားဝင်ပဋိပက္ခဖြစ်လေ့ရှိပါသည်။

သို့သော်လည်း မြန်မာမှာကော ဘယ်လိုရှိပါသလဲ။ မြန်မာအခြေအနေက ရှုပ်ထွေးပြီး စိုးရိမ်စရာကောင်းပါသည်။ ကိုယ်စားပြု၊ ရွေးချယ်ခံ၊ ပါတီစုံဆိုသည့် ဥပဒေပြဋ္ဌာန်းမှုရှိနေသော်လည်း ထုံးတမ်းစဉ်လာကိုက်ညီမှုက ဆက်လက်ချီတက်နေဟန်ရှိသည်။ ယင်းက အင်စတီကျူးရှင်းအရေး၊ တိုင်းရင်းသားအရေးနှင့် ဘာသာရေးတို့နှင့် ပတ်သက်သည်။ စစ်ဘက်နှင့် အရပ်ဘက်အာဏာပိုင်များက အဖျက်သဘောဆောင်သည်ဟု မမှတ်ယူသည့် အခြားအမြင်အချို့ကို လူ့အဖွဲ့အစည်း၏ဖွင့်ဟနိုင်စွမ်းက မြင့်မားလာသည့်တိုင် ထုံးတမ်းစဉ်လာကိုက်ညီမှုက ထင်ရှားမြင်သာနေသည်။

ဦးဆောင်မှုပိုင်းတွင် ဗုဒ္ဓဘာသာနှင့် ဗမာများသာ သီးသန့်နီးပါးဖြစ်နေသော တပ်မတော်သည် ၂၀၀၈ အခြေခံဥပဒေမှတဆင့် အရေးပါသည့် လူမှု-နိုင်ငံရေးအင်အားစုများအပေါ် ထိန်းချုပ်မှုကို ဆက်လက်တည်တံ့စေရန် ဆုံးဖြတ်ထားခဲ့ပြီး အဆိုပါအခြေခံဥပဒေမှာလည်း ကြိုးကိုင်ခြယ်လှယ်သည့် ပြည်သူ့ဆန္ဒခံယူပွဲမှတဆင့် အတည်ပြုခဲ့သည်မှာ ရှင်းလင်းသိသာပြီး ထိုအစဉ်အလာညီညွတ်မှုကို ထိန်းသိမ်းရန် စီမံထားသည်။

အင်န်အယ်လ်ဒီသည် မသန့်ရှင်းသော ပေါ်လစီများရှိသည်ဟု ခေါ်ဆိုနိုင်သည့် အဖွဲ့ဝင်များကို ထုတ်ပယ်ခဲ့သည်။ အခြေခံဥပဒေ၏ လူကြားကောင်းရုံသာ တောင်းဆိုနေသည့် လူနည်းစုယဉ်ကျေးမှုနှင့် ဘာသာစကားများကို ကာကွယ်ရန်ပြဋ္ဌာန်းချက်များက လက်တွေ့၌ ရိုးရာသီချင်းနှင့် အကပွဲတော်များမှလွဲ၍ အဆိုပါအခွင့်အရေးများမှာ လစ်လျူရှုခံရသည်။ လူ့အဖွဲ့အစည်းအတွင်း မွတ်စလင်များအပေါ် မလိုမုန်းထားမှုကို နေရာတကာနီးပါး တွေ့နေရခြင်းမှာလည်း ဘာသာရေးရှေးရိုးစွဲဆန်မှုက ပေါ်လွင်ထင်ရှားနေသည်။ အထူးသဖြင့် ဘာသာရေးအရသာမက လူမျိုးရေးအရပါ မလိုမုန်းထားခံနေရပြီး အာရှ၏အဆင်းရဲဆုံးပြည်သူများဖြစ်သော ရိုဟင်ဂျာများအပေါ် ပို၍မုန်းတီးနေသည်။

သဘောမတူကြောင်းပြသရန် ပိုမိုလွတ်လပ်ခွင့်ရှိနေသော်လည်း ဩဇာအာဏာ၏ ဗဟိုချက်များတွင် ရှိနေသော ထိုအိုင်ဒီယာများမှာ တင်းကျပ်သည့် တရားဝင်ပြန်လှန်စွပ်စွဲမှုများတွင် ဖြစ်ပေါ်လာလေ့ရှိသည်။ စစ်ဘက်ရော အရပ်ဘက်တရားရေးစနစ်များမှာပါစစ်တပ်၊ သို့မဟုတ် အုပ်ချုပ်ရေးအမိန့်များ၏ လက်အောက်ခံသာ ဖြစ်နေသည်က ရှင်းလင်းသိသာနေသည်။

စစ်ဘက်၊ သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်းများကို စော်ကားသည်ဟု ယူဆခံရသူများကို နိုင်ငံတော်က တရားစွဲသည့်အခါ ရှေးရိုးစဉ်လာကို ထိန်းသိမ်းလိုက်နာမှုအပေါ် အကဲဆတ်မှုက ပေါ်လွင်ထင်ရှားလာသည်။ ယင်းပုံစံမှာ အရပ်သားအစိုးရအပေါ်တွင်လည်း ယုတ်လျော့သွားမှုမရှိသေးပေ။ စနစ်တကျပြင်ဆင်မှုမှာ မိမိကိုယ်မိမိ အကျပ်ကိုင်ရာကျပြီး ရံဖန်ရံခါနိုင်ထက်စီးနင်းဆန်သည်။

ဒီမိုကရေစီနည်းကျကျ အတည်ပြုထားသည့် တင်းကျပ်သည့်ဥပဒေက မွတ်စလင်လူနည်းစုကို ရည်ရွယ်ကာ ရာစုနှစ်ဝက်ကျော် စစ်တပ်ကလွှမ်းမိုးသည့် အုပ်ချုပ်ရေးအောက်၌ တိုးတက်မှုလမ်းကြောင်းများ ပိတ်ပင်ထားသည်။ ပုဂ္ဂိုလ်ရေးတက်လမ်းကို ပိတ်ထားသည့် အတားအဆီးဟူသော glass ceiling ဝေါဟာရမှာ ယခုကဲ့သို့ ငြင်းပယ်မှုအတွက် ရိုးလွန်းနေသည်။

ယင်းက လွတ်လပ်ရေးနှင့်အတူ မွတ်စလင်ခေါင်းဆောင်များ ဆယ်စုနှစ်တစ်စုကြာ သြဇာရှိခဲ့သော လွတ်လပ်ပြီးစ မြန်မာအစိုးရဆီမှ သဘောထားပြောင်းလဲမှုတစ်ခုဖြစ်သည်။ တိုင်းရင်းသားများ မတူကွဲပြားစွာရှိနေမှုကိုက ပြည်ထောင်စု၏ အနှစ်သာရပြည့်ဝမှုကို ဖော်ပြနေသည်။ သို့သော်လည်း အာဏာက လူဦးရေ၏ သုံးပုံနှစ်ပုံရှိသော ဗမာအများစု၏ လက်ထဲတွင်ရှိနေသည်။

သည်ဟိဂ်ရှိ နိုင်ငံတကာတရားရုံးတွင် ရိုဟင်ဂျာများအပေါ် မြန်မာ၏ အပြုအမူများအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကာကွယ်မှုက နိုင်ငံတကာအသိုင်းအဝိုင်းအား ယုံကြည်မှုမပေးနိုင်သော်လည်း ယင်းမှာ အရှိတရားနှင့် အစဉ်အလာနောက်လိုက်ခြင်းနှစ်ရပ်စလုံးအတွက် ဝေဝါးမှုကိုပုံဖော်လိုက်ခြင်းသာမက မြန်မာပြည်သူတို့၏ အမြင်နှင့်ညီညွတ်မှု၏ သာဓကတစ်ခုဖြစ်သည်။

အင်န်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်သည် အားကောင်းသည့်မွတ်စလင်ဆန့်ကျင်ရေး၊ ရိုဟင်ဂျာဆန့်ကျင်ရေး သဘောထားများကို တိတ်တဆိတ်ခိုင်မာအောင်ပြုလုပ်နေပြီး တချိန်တည်းမှာပင် ရခိုင်တွင် စစ်တပ်၏ လွဲမှားသည့်လုပ်ရပ်များအတွက် အလွန်သိမ်မွေ့စွာ မေးခွန်းထုတ်နေသည်။ သိသာစွာကြီးမားနေပြီးဖြစ်သော စစ်ဘက်-အရပ်ဘက်သဘောကွဲလွဲမှုအက်ကြောင်းက ကြီးမားလာသည့်တိုင် သိသိသာသာ ကျယ်ပြန့်မှုတော့မရှိခဲ့ပေ။ ကာကွယ်ရေးမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အရေးပါသည့် ပြည်တွင်းသက်ရောက်မှုရှိစေရန် ရည်ရွယ်ပုံဖော်ထားကြောင်းထင်ရှားသည်။

အသိဉာဏ်ရှိသော ထုံးတမ်းနှင့်ကိုက်ညီမှုသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ထူးခြားထင်ရှားသည့်အချက် ဖြစ်သည်ဆိုသည့်ပမာဏမှာ အငြင်းပွားဖွယ်ဖြစ်သည်။ သို့တစေ မြန်မာနိုင်ငံတွင် ထုံးတမ်းနှင့်ညီညွတ်မှုက လျော့ပါးသွားမည့်အရိပ်အယောင်မရှိပေ။ လာမည့်ရွေးကောက်ပွဲများကလည်း နိုင်ငံတော်၊ နိုင်ငံရေးနှင့် လူမှုရေးအင်အားစုများမှာရှိနေသည့် တင်းကျပ်မှုမျိုးဆီသို့ တိမ်းညွှတ်မှုကို ပိုဆိုးစေနိုင်ပေသည်။

စစ်အုပ်ချုပ်ရေးအောက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့တွင် လမ်းရိုးလိုက်ရေးနှစ်များစွာ ပြဋ္ဌာန်းခဲ့ပြီးနောက် ပိုမိုငယ်ရွယ်သော၊ ပိုမိုပညာတတ်သော၊ နိုင်ငံတကာနှင့် ထိတွေ့ဖူးသော မျိုးဆက်တို့ရှိလာကာ ၎င်းတို့က လမ်းရိုးလိုက်အတွေးအခေါ်မဟုတ်သော၊ ဝေဖန်ဆန်းစစ်သောအတွေးအခေါ်ကို သင်ယူထားကြသည်။ ၎င်းတို့သည် နိုင်ငံတော်၏ မျှော်လင့်ချက်ဖြစ်သင့်သည်။ သို့သော်လည်း စနစ်တကျရှင်းလင်းမှုကို လူ့အဖွဲ့အစည်းက အတင်းအကျပ်တောင်းဆိုခြင်းက အောင်မြင်မှုလမ်းစအတွက် ဝမ်းနည်းစရာပင်တည်း။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.