စတုတ္ထမြောက် တယ်လီကွန်းအော်ပရေတာ၏ ကွန်ယက် စတင်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် တယ်လီကွန်းအော်ပရေတာဖြစ်လာမည့် Mytel ၏ ဆက်သွယ်ရေး ကွန်ယက်ကို စတင်ဖွင့်လှစ်သည့် ပထမဆုံးဖုန်းခေါ်ဆိုသော အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

Mytel ၏ ပထမဦးဆုံး ဖုန်းခေါ်ဆိုသည့်အနေဖြင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗီယမ်နမ် ကာကွယ်ရေးဝန်ကြီးထံ ပထမဦးဆုံး Video Call ပြုလုပ်ကာ စကားပြောဆိုခြင်းနှင့် ကျိုင်းတုံ၊ ကချင်၊ မြိတ်တို့မှ စစ်တိုင်းမှူးများထံ Video Call ပြုလုပ်ကာ စကားပြောဆိုခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖုန်းဂဏန်း ၀၉ ၆၉ ဖြင့် စတင်မည့် MyTel ဆင်းကတ်များကို လာမည့် မတ်လဆန်းပိုင်းတွင် အများပြည်သူ စတင်အသုံးပြုနိုင်မည်ဟု ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက အခမ်းအနားအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း အင်တာနက်ဂျာနယ်တွင် ရေးသားထားသည်။ 

ဗီယမ်နမ်နှင့် မြန်မာနိုင်ငံတို့မှ တပ်မတော်များက ချုပ်ကိုင်ထားသည့် စီးပွားရေးလုပ်ငန်းဖြစ်သည့် Telecom International Myanmar Company Limited (Mytel) အား စတုတ္ထမြောက် နိုင်ငံအဝှမ်း အော်ပရေတာအဖြစ် လုပ်ဆောင်နိုင်ရန် Nationwide Telecommunication License ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့က ရရှိခဲ့သည်။

ထိုလုပ်ငန်းအတွက် ဗီယက်နမ်တပ်မတော်ပိုင် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော Viettel Global Investment Joint Stock Company Limited နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင် Star High Company နှင့် Myanmar National Telecom Holding Public တို့က ဖက်စပ်လုပ်ငန်း သဘောတူညီချက်ကို ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ သဘောတူညီချက်အရ Viettel က ၄၉ ရာခိုင်နှုန်း ထည့်ဝင်မည်ဖြစ်ပြီး မြန်မာစီးပွားရေးလုပ်ငန်း ၁၁ ခု ပူးပေါင်းထားသည့် Myanmar National Telecom Holding Public နှင့် Star High Public Co တို့က ၂၃ ရာခိုင်နှုန်းနှင့် ၂၈ ရာခိုင်နှုန်းစီ ထည့်ဝင်ကြမည်ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.