A police officer at a highway checkpoint. (Frontier)
အဝေးပြေးလမ်းမကြီးပေါ်က စစ်ဆေးရေးဂိတ်တစ်ခုအနီး ရဲတပ်ဖွဲ့ဝင်တစ်ဦးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

စစ်အာဏာရှင်လက်အောက်တွင် ခရီးသွားခြင်း

ယခုအချိန်က မှတ်ပုံတင်မပါဘဲ ခရီးသွားလို့ကောင်းတဲ့ ကာလမဟုတ်ပါဘူး။ မှတ်ပုံတင်မပါဘဲ မဖြစ်မနေ ခရီးသွားရမယ်ဆိုရင်တော့ လမ်းတစ်လျှောက်မှာတွေ့ရမယ့် စစ်ဆေးရေးဂိတ်က ရဲတွေကို လာတ်ထိုးဖို့ ပိုက်ဆံပိုယူသွားဖို့သလို လက်ကိုင်ဖုန်းထဲက ပြဿနာတက်နိုင်တဲ့ အချက်အလက်တွေကိုလည်း ကြိုဖျက်ထားဖို့လိုပါလိမ့်မယ်။

ဖရွန်တီးယားမြန်မာ

လွန်တဲ့နှစ် ဒီဇင်ဘာလက ရန်ကုန်မှာ စာရေးသူရဲ့ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံလိုက်ရပါတယ်။ ပိုက်ဆံအိတ်နဲ့အတူ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ ကျောင်းသားကတ်နဲ့ အေတီအမ်ကတ်လို အရေးကြီးတဲ့စာရွက်စာတမ်းတွေလည်း ပျောက်ဆုံးသွားခဲ့ရပါတယ်။

ကြားကာလမှာ မပြန်ဖြစ်ခဲ့ပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့ လုံခြုံရေးအရပါ မှတ်ပုံတင်ရှိနေဖို့လိုအပ်ပါတယ်။ ဒါကြောင့်ဇာတိမြို့ဖြစ်တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်ကို မဖြစ်မနေပြန်ပြီး မှတ်ပုံတင်အသစ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ မှတ်ပုံတင်နဲ့အတူ ပျောက်သွားခဲ့တဲ့ အခြားကတ်တွေကလည်း မှတ်ပုံတင်ရှိမှသာ ပြန်လျှောက်လို့ရတာကြောင့်ဖြစ်ပါတယ်။

ဖေဖော်ဝါရီ၁ရက်၊ အာဏာမသိမ်းခင် လေးလလောက်က ကျမနယ်ကို တစ်ခေါက်ပြန်ဖြစ်ခဲ့ပါသေးတယ်။ မော်လမြိုင်ပြန်ဖို့ အဝေးပြေးကားပေါ်မှာ ယာဉ်အကူကို ကျမရဲ့ မှတ်ပုံတင်နံပါတ်ပြောရတာကလွဲပြီး တခြား အစစ်ဆေးခံရတာမျိုးမရှိခဲ့သလို ခရီးလမ်းတစ်လျှောက်မှာလည်း စစ်ဆေးရေးဂိတ်တွေအများအပြားမရှိနေခဲ့ပါဘူး။

ဒါပေမဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ အခြေအနေတွေကပြောင်းလဲသွားခဲ့တာကို ကျမကိုယ်တိုင်ကြုံတွေ့လိုက်ရပါတယ်။ မြန်မာပြည်မှာ ပြည်တွင်းခရီးသွားရတာ ခက်ခက်ခဲခဲနဲ့ မလုံခြုံတဲ့စိတ်ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေ ပြည့်နှက်နေခဲ့သလို တစ်ခါတစ်ရံ စစ်သားနဲ့ ရဲတွေက ခရီးသည်တွေရဲ့ အထုပ်အပိုးတွေ၊ ဖုန်းတွေကို ရှောင်တခင် စစ်ဆေးတာမျိုးတွေအထိ ရှိလာပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို အားပေးတာမျိုးတွေ၊ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်တာနဲ့ ပါဝင်သူတွေကို ကူညီတာမျိုးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်စုံတစ်ရာတွေ့တာ ဒါမှမဟုတ် သံသယရှိပြီဆိုတာနဲ့ စစ်ဆေးမေးမြန်းတာမျိုး၊ အခန့်မသင့်ရင် အဖမ်းခံရနိုင်ပါသေးတယ်။

ဒီအခြေအနေတွေကို ကြိုသိထားပေမဲ့ မဖြစ်မနေအခြေအနေကြောင့် လမ်းခရီးမှာတစ်ခုခုများဖြစ်မလားဆိုတဲ့ မဝံ့မရဲစိတ်နဲ့ပဲ ကျမရဲ့မော်လမြိုင်ခရီးကို စတင်ခဲ့ပါတယ်။ အရင်က မှတ်ပုံတင်မရှိရင် ရပ်ကွက်ထောက်ခံစာ ဒါမှမဟုတ် ရဲစခန်းထောက်ခံစာကို အလွယ်တကူသွားယူပြီး အထောက်အထားအနေနဲ့ ပြလို့ရပါတယ်။ လက်ရှိအချိန်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း CDM လုပ်ကြသူတွေရှိသလို တချို့ရပ်ကွက်ရုံးတွေကလည်း မီးလောင်ဖျက်ဆီးခံရတာ၊ ဗုံးကွဲတာတွေအထိဖြစ်ကုန်တာကြောင့် ထောက်ခံစာသွားယူဖို့ အဆင်မပြေနေပါဘူး။ ရဲစခန်းတွေကိုတော့ ထောက်ခံစာသွားယူရင်း အခန့်မသင့်ရင် အဖမ်းခံရနိုင်ခြေရှိကြောင့် မှတ်ပုံတင်မိတ္တူတစ်ခုနဲ့ပဲ ရန်ကုန်ကနေထွက်လာခဲ့ပါတယ်။

ခရီးသွားရင်း စစ်ဆေးရေးဂိတ်တစ်ခုခုရောက်တာနဲ့ ပထမဆုံးစစ်ဆေးခံရမှာကတော့ မှတ်ပုံတင်လို့အလွယ်ခေါ်ကြတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားပဲဖြစ်ပါတယ်။ ရန်ကုန်- မော်လမြိုင်အဝေးပြေး ဘတ်စ်ကားပေါ်စီးလာရင်း ပထမဆုံးကြုံရတဲ့ စစ်ဆေးရေးဂိတ်ကတော့ ပဲခူးမြို့အဝင်မှာ ဖြစ်ပါတယ်။ ခရီးသည်တွေ ကားအောက်ကိုဆင်းစရာမလိုပါဘူး။ ရဲနဲ့စစ်သားအချို့က ကားပေါ်တက်လာပြီး မှတ်ပုံတင်နဲ့ ခရီးသည်ကိုတိုက်စစ်ပါတယ်။ ကျမအလှည့်ရောက်တဲ့အခါ ပါလာတဲ့မှတ်ပုံတင်မိတ္တူကိုပြလိုက်ပြီး မှတ်ပုံတင်မူရင်းပျောက်ဆုံးနေကြောင်းနဲ့ အသစ်လုပ်ဖို့ မော်လမြိုင်ကိုပြန်လာတာဖြစ်ကြောင်း ရဲကို ရှင်းပြခဲ့ပါတယ်။

စစ်ဆေးတဲ့ရဲက အသံကျယ်ကျယ်နဲ့ မှတ်ပုံတင်အစစ်မပါရင် ဖမ်းလို့ရကြောင်း၊ ရပ်ကွက်ဒါမှမဟုတ်ရဲစခန်းထောက်ခံစာကို ယူလာဖို့လိုကြောင်း သတိပေးပါတယ်။ ပြီးတော့ ကျမရဲ့အိတ်တွေကို စစ်ဆေးခံဖို့ပြောပါတယ်။ စိတ်ကြိုက်စစ်ပြီးတဲ့နောက်မှာတော့ ခရီးဆက်ဖို့ ကံကောင်းစွာနဲ့ ခွင့်ပြုလိုက်ပါတယ်။ ဒုတိယနဲ့ တတိယစစ်ဆေးရေးဂိတ်တွေမှာလည်း ထိုနည်းလည်းကောင်းစစ်ဆေးခံပြီး ခရီးဆက်ခွင့်ရခဲ့ပါတယ်။ 

နောက်ဆုံးစစ်ဆေးရေးဂိတ်မှာတော့ ခရီးသည်အားလုံး အောက်ဆင်းခိုင်းပါတယ်။ မှတ်ပုံတင်တွေကို အသီးသီး ပြရပြန်ပါတယ်။ ထုံးစံအတိုင်းကျမလည်း ပြောနေကျအတိုင်း ထပ်ရှင်းရတာပါပဲ။ ဖြတ်ခဲ့တဲ့ စစ်ဆေးရေးဂိတ်က စစ်သားတွေနဲ့ မတူတာကတော့ မှတ်ပုံတင်မူရင်းမပါဘဲခရီးသွားရင် ဒဏ်ငွေဆောင်ရမယ်ဆိုတာပါပဲ။ အဲဒီနောက်မှာတော့ မှတ်ပုံတင်ဘယ်ရောက်သွားသလဲ၊ ဘာလို့ မယူလာတာလဲ၊ မော်လမြိုင်ကိုဘာသွားလုပ်မှာလဲဆိုတဲ့ မေးခွန်းတွေ ဆက်တိုက်ဆိုသလို ဆက်မေးပါတော့တယ်။ 

အဲဒီအချိန်မှာပဲ စစ်သားတစ်ယောက်က စစ်ဆေးတာအချိန်ကြာနိုင်လို့ ကားဆရာကထားခဲ့တာမျိုးမခံရအောင် လက်ဖက်ရည်ဖိုးလေးပေးရင် အဆင်ပြေကြောင်း ပြောလာပါတယ်။ ရှည်ရှည်ဝေးဝေးပြောမနေဘဲ ပိုက်ဆံ ၁၀,၀၀၀တန်တစ်ရွက် ခပ်မြန်မြန် ထုတ်ပေးလိုက်တဲ့အခါမှာတော့ ကားပေါ်ပြန်တက်ပြီးခရီးဆက်ခွင့်ရခဲ့ပါတယ်။

စိတ်လှုပ်ရှားစရာခရီးဖြစ်ခဲ့ပေမဲ့ မော်လမြိုင်ရောက်လို့ မှတ်ပုံတင်အသစ်ပြန်လျှောက်တဲ့အခါ ထင်ထားတာထက် လွယ်နေတာကြောင့် ပိုပြီးအံသြခဲ့ရပါသေးတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်းတစ်ယောက်ကို လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ ဝန်ဆောင်ခကျပ် ၅၀,၀၀၀ပေးလိုက်ရပြီး  နောက်တစ်နေ့မှာ မှတ်ပုံတင်အသစ် ရခဲ့ပါတယ်။ မှတ်ပုံတင်အဟောင်းလုပ်တုန်းက ကျပ်၂၀၀၀ခန့်သာ ကုန်ကျခဲ့တာပါ။ ကတ်အဟောင်းကို ၂၀၁၄တုန်းက လုပ်ခဲ့တာဖြစ်ပြီး စာရွက်စာတမ်းဖြည့်တာ၊ စိစစ်တာနဲ့ အတည်ပြုပေးတဲ့အရာရှိကိုတွေ့ဖို့ နှစ်ရက်ဆက်တိုက် ရုံးမှာသွားရောက်စောင့်ဆိုင်းခဲ့ရပါတယ်။ ဝန်ဆောင်ခမပေးခဲ့တဲ့အတွက် မှတ်ပုံတင်ကတ်ရဖို့ ၁၀ရက်လောက် စောင့်ခဲ့ရပါတယ်။

အပြန်ခရီးမှာ လုံခြုံရေးတင်းကျပ်မှုက အသွားတုန်းကထက် ပိုဆိုးလာပါတယ်။ စစ်သားနဲ့ရဲတွေက ကရင်အမျိုးသားအစည်းအရုံး(ကေအဲင်န်ယူ)ထိန်းချုပ်ထားတဲ့ နယ်မြေတွေဘက်ကနေ စစ်သင်တန်းတက်ပြီးပြန်လာတဲ့ လူငယ်တွေကိုရှာနေတယ်ဆိုတာမျိုးတော့ သိထားပါတယ်။ ရဲတွေနဲ့စစ်သားတွေကတော့ ဒီအကြောင်းပြချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ မော်လမြိုင်ကနေ သုံးနာရီလောက်ပဲကြာတဲ့ စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးအဖွဲ့ဝင်တွေက ခရီးသည်းတွေရဲ့ အိတ်တွေနဲ့ မှတ်ပုံတင်တွေကို အသေးစိတ်စစ်ပါတယ်။ မွန်ပြည်နယ်ကထုတ်ပေးတဲ့ မှတ်ပုံတင်မကိုင်ဆောင်တဲ့သူတွေကို အသေးစိတ်မေးခွန်းတွေကို ပိုမေးတာကို သတိထားမိပါတယ်။

ဒုတိယစစ်ဆေးရေးဂိတ်ဖြစ်တဲ့ မုပ္ပလင်ဂိတ်ကတော့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ စစ်တောင်းတံတားအနီးမှာ ရှိပါတယ်။ ကျမခုံရှေ့မှာထိုင်တဲ့ လူငယ်တစ်ယောက်ကို မုပ္ပလင်ဂိတ်မှာ ရဲကဆင်းနေဖို့ ခေါ်ထားလိုက်ပါတယ်။ သူကိုင်ထားတဲ့ မှတ်ပုံတင်က ဧရာဝတီတိုင်းမှတ်ပုံတင်ဖြစ်နေပြီး အသေးစိတ်စစ်ဆေးဖို့လိုတာကြောင့်လို့ ရဲက ပြောပါတယ်။ ကားစထွက်လို့ ဘေးကိုကြည့်လိုက်တဲ့အခါ အဲဒီစစ်ဆေးရေးဂိတ်မှာ လူအယောက်၆၀လောက်ထိုင်နေတာကို သတိထားမိပါတယ်။ သူတို့ဟာ မေးခွန်းမေးခံရဖို့ ဒါမှမဟုတ် အဖမ်းခံရပြီးသား လူငယ်တွေလည်းဖြစ်နိုင်ပါတယ်။ လူငယ်တချို့ကို လက်ထိပ်ခတ်ထားတာကိုတွေ့ရပါတယ်။ ဘာကြောင့်ဖမ်းတာလဲ၊ ဘယ်သူတွေလဲဆိုတာကို ရဲတွေကို သွားမေးချင်စိတ်ဖြစ်မိပေမဲ့ ကိုယ်တိုင်ပါ အဖမ်းခံရနိုင်ခြေများတာမို့ ပါးစပ်ပိတ်ပြီးနေခဲ့ရပါတယ်။

တတိယစစ်ဆေးရေးဂိတ်မှာတော့ အသွားတုန်းက ပြဿနာကို အေးဆေးပဲဖြေရှင်းနိုင်ခဲ့ပါပြီ။ မှတ်ပုံတင်တောင်းခဲ့အခါ အေးအေးဆေးဆေးပြနိုင်ခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ မေးခွန်းတစ်ခုကြောင့် ပိုက်ဆံပေးခဲ့ရပြန်ပါသေးတယ်။ မှတ်ပုံတင်ကိုကြည့်ပြီး “ဘာကြောင့် ကတ်ကအသစ်ဖြစ်နေရသလဲ”ဆိုပြီး ရဲက ပြဿနာထပ်ရှာခဲ့ပါတယ်။ ကတ်ပျောက်လို့ အသစ်လုပ်ခဲ့ရတာဖြစ်တယ်လို့ ရှင်းပြရင်း ပြဿနာထပ်ရှာမခံရအောင် အသွားတုန်းကလိုပဲ လက်ဘက်ရည်ဖိုးထပ်ပေးလိုက်ပါတယ်။

လေးခုမြောက် စစ်ဆေးရေးဂိတ်ကတော့ ပဲခူးအဝင်ဘုရားကြီး ဂိတ်ဖြစ်ပါတယ်။ အဲဒီဂိတ်မှာတော့ မှတ်ပုံတင်အပြင် ဖုန်းတွေကို အစစ်ခံရပါတယ်။ ကျမကတာတော့ ခရီးမသွားခင်ကတည်းက ဆိုရှယ်မီဒီယာအကောင့်တွေ၊ ပို့စ်တွေ၊ ဖုန်းမှတ်တမ်းနဲ့ ပုံတွေကို ဖျက်ခဲ့ပြီးသားဖြစ်တာကြောင့် အေးအေးဆေးဆေးဖြစ်ခဲ့ပါတယ်။ ခရီးသည်အချို့ကတော့ စစ်ဆေးမှုတွေကြားမှာ စိတ်ရှုပ်သောကဖြစ်နေပုံပါပဲ။

ရဲတွေက ခရီးသည်တွေရဲ့ ဖုန်းကိုစစ်ရင်း ဆန္ဒပြတာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေကိုတွေ့တဲ့အခါ အဲဒီခရီးသည်ကို ဖမ်းမယ်လို့ခြိမ်းခြောက်ပါတယ်။ ခြိမ်းခြောက်ခံရတဲ့ခရီးသည်တွေက အဖမ်းမခံရဖို့အရေး စစ်ဆေးတဲ့ရဲတွေကို ပိုက်ဆံပေးခဲ့ရပါတယ်။ ပိုက်ဆံပေးခဲ့ရတဲ့ ခရီးသည်တွေကို မေးကြည့်တဲ့အခါ ကျပ်၅၀,၀၀၀နဲ့ ကျပ်၁၀၀,၀၀၀ကြား ပေးရတာမျိုးရှိပြီး တစ်ယောက်နဲ့ တစ်ယောက်ပေးရတဲ့နှုန်းကလည်း မတူပြန်ပါဘူး။

လူမှုကွန်ရက်စာမျက်ပေါ်က ပို့စ်နဲ့ဓာတ်ပုံမှတ်တမ်းတွေရဲ့ အခြေအနေပေါ်မူတည်ပြီး အဖမ်းခံရနိုင်ခြေ ရှိရင်ရှိသလောက်ပေါ် ပေးရတာမျိုးဖြစ်ပါတယ်။ သို့ပေမဲ့ ကားတိုင်း၊ ခရီးသည်တိုင်းကို စစ်တာမျိုးမဟုတ်ပဲ စစ်ချင်တဲ့ကားကို အဓိကထားပြီး ဖုန်းတွေကိုစစ်တာမျိုးဖြစ်ပါတယ်။ တချို့ ဖုန်းအစစ်မခံရတဲ့ ကားတွေလည်းရှိပါတယ်။ မှတ်ပုံတင်ကတော့ မဖြစ်မနေ အဓိကထားစစ်ပါတယ်။

ကျမနဲ့ ခုံချင်းကပ်ရပ်ထိုင်တဲ့ ခရီးသွားဖော် အမျိုးသမီးတစ်ဦးကတော့ ရန်ကုန်နဲ့မော်လမြိုင်ကို အလုပ်ကိစ္စကြောင့် မကြာခဏ ခရီးသွားလေ့ရှိပြီး အာဏာမသိမ်းခင်တုန်းက ဒီလိုအခြေအနေ တစ်ခါမှမကြုံဖူးဘူးလို့ပြောပါတယ်။

“အရင်တုန်းကတော့ ဘယ်ခရီးသွားသွား ဘာမှစိုးရိမ်စရာမရှိဘူး။ အခုတော့ ကျမတို့အားလုံးက အမှောင်ထုထဲ လုံးဝရောက်နေသလို ခံစားမှုမျိုးပဲ။ သူတို့က လက်နက်တွေကိုင်ပြီး ပြည်သူတွေကို အနိုင်ကျင့်နေကြတာ”လို့ပြောလိုက်တဲ့ အမျိုးသမီးရဲ့မျက်နှာမှာတော့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေအပေါ် ခံပြင်းမှုနဲ့အတူ ဒေါသတွေအပြည့်နဲ့…

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.