စစ်ရှောင်ကချင်လူငယ်များ၏ မျက်မြင်ကိုယ်တွေ့တင်ပြချက်

ကချင်ပြည်နယ်တွင် လွန်ခဲ့သောငါးနှစ်က တည်ထောင်ခဲ့သော စီမံကိန်းတစ်ခုသည် ပဋိပက္ခကြောင့် နေရာပြောင်းရွှေ့သွားရသော လူငယ်များကို ဓာတ်ပုံများပြသကာ ဇာတ်ကြောင်းပြောပြခြင်းတို့ဖြင့် ဘဝအားမာန်များရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။

ဂျင်းမာရီ ဟာလေဆီ ရေးသားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းမှ ဓာတ်ပုံပြသ ဇာတ်ကြောင်းပြောပြသော စီမံကိန်းသည် ပဋိပက္ခများ၊ သဘာဝ ဘေးအန္တရာယ်များ၊ လူမှုစီးပွားရေးအရ ခွဲခြားဆက်ဆံမှုများကြောင့် ထိခိုက်နစ်နာနေရသော ကလေးငယ်များ၊ လူငယ်များကို ဓာတ်ပုံနှင့် ဇာတ်ကြောင်းပြောပြနိုင်စေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

InSIGHT Out! စီမံကိန်းသည် မတူကွဲပြားသော လူမျိုးနွယ်များ၊ ဘာသာရေး လူ့အဖွဲ့အစည်းများမှ လူငယ်များကို အပြန်အလှန် ယဉ်ကျေးမှုဖလှယ်နိုင်စေရန် အားပေးကူညီပေးနေသည်။

ထိုစီမံကိန်းသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများရှိ ကျောင်းများနှင့် ပြပွဲများတွင် ကလေးများ၏ ဓာတ်ပုံဇာတ်လမ်းများကို ပြသစေခြင်းဖြင့် ခေါင်းဆောင်မှုစွမ်းရည်ကိုလည်း တိုးတက်လာအောင် လုပ်ဆောင်ပေးလျက်ရှိသည်။ဓာတ်ပုံ - N-ran Mung Na (left), Mung Mai Naw (top right) and Nangzing Naw Ring (bottom right)

ဓာတ်ပုံ – N-ran Mung Na (left), Mung Mai Naw (top right) and Nangzing Naw Ring (bottom right)

ရည်ရွယ်ချက်မှာ ကလေးများကို မီဒီယာများ၊ အများနှင့်ဆိုင်သောပြပွဲများ၊ လူ့အဖွဲ့အစည်းအတွင်း သူတို့၏ ဇာတ်ကြောင်းများကို မျှဝေပြောပြနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထိုအဖွဲ့သည် ၂၀၁၃ ခုနှစ်ကတည်းက ကချင်ပြည်နယ်တွင် နေရာပြောင်းရွှေ့ခံရသော ကလေးများနှင့်အတူ လုပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။ သောင်းနှင့်ချီသည့် ဒေသခံများသည် ၁၉၉၄ ခုနှစ်က ကေအိုင်ကေ Kachin Independence Army နှင့် တပ်မတော်တို့ကြား လက်မှတ်ရေးထိုးခဲ့သော အပစ်အခတ်ရပ်စဲရေးစာချုပ်သည် ၂၀၁၁ ခုနှစ်တွင် ပျက်ပြယ်ကတည်းက နေအိမ်များစွန့်ခွာကာ နေရာပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။

ဇန်နဝါရီလတွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ United Nations Office for the Coordination of Humanitarian Affairs (OCHA) က ထုတ်ပြန်သောအချက်အလက်များအရ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ နေရပ်စွန့်ခွာသူများစခန်း ၁၆၅ ခုတို့တွင် နေထိုင်နေသူများမှာ တစ်သိန်းအောက်သာ ရှိနေသေးသည်ဟု သိရသည်။

ဓာတ်ပုံ - Ndup Bum Tsaw Naw

ဓာတ်ပုံ – Ndup Bum Tsaw Naw

InSIGHT OUT! အဖွဲ့သည် ကချင်ပြည်နယ် ရွှေဇက်၊ မယ်နနှင့် မိုင်ဂျာယန်ဒေသများမှ နေရပ်စွန့်ခွာသူများစခန်းတို့မှ ကလေးများနှင့် အလုပ်ရုံဆွေးနွေးများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သောနှစ်က InSIGHT OUT! သည် မြန်မာအင်န်ဂျီအိုတစ်ခုဖြစ်သော မေတ္တာဖောင်ဒေးရှင်းနှင့် ပူးပေါင်းခဲ့ပြီး ဗန်းမော်မြို့ရှိ နေရပ်စွန့်ခွာသူများစခန်းများတွင် ကလေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

ထိုသို့နေရာပြောင်းရွှေ့မှုများကြောင့် မိသားစုများသည် အခက်အခဲများနှင့် ရင်ဆိုင်ရသည်။ အလုပ်အကိုင် ရှာဖွေရခက်ခဲလာသည်။ နေရပ်စွန့်ခွာသူများစခန်းမှ ကလေးများကို ပညာသင်ကြားပေးရာတွင် အခက်အခဲတွေ့ရသည်။

အကူအညီပေးချင်သော ကုလသမဂ္ဂအေဂျင်စီများ၊ ပြည်တွင်းနှင့်နိုင်ငံတကာမှ အင်န်ဂျီအိုများကို အစိုးရက ကန့်သတ်မှုများ လုပ်ဆောင်နေသောကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ  နေရပ်စွန့်ခွာသူများစခန်းများ၏ အခက်အခဲသည် ပိုမိုဆိုးလာလျက်ရှိသည်။

ဓာတ်ပုံ - Dumhpau Nan Tsin

ဓာတ်ပုံ – Dumhpau Nan Tsin

ကန့်သတ်ချက်များကြောင့် နေရပ်စွန့်ခွာသူများစခန်းများမှ ကလေးများကို ပညာသင်ကြားပေးရာတွင် အခက်အခဲများ ဖြစ်လာပြီး ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သော မိဘများကြောင့် မိသားစု တကွဲတပြား ဖြစ်လာရသည်။

ထိုအလုပ်ရုံ လေ့ကျင့်ခန်းများသည် အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား ယောက်ျားလေး၊ မိန်းကလေးများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို များစွာမြှင့်တင်ပေးနိုင်သည်။

ဇူလိုင်လတွင် InSIGHT OUT! အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျောမာဆတ် နေရပ်စွန့်ခွာသူများစခန်းရှိ လူငယ် ၂၂ ယောက်နှင့် အလုပ်ရုံ လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Dumhpau Nan Tsin (top left), Lasham Roi Ja (bottom left), Nye Zau Hkawng (right)

ဓာတ်ပုံ – Dumhpau Nan Tsin (top left), Lasham Roi Ja (bottom left), Nye Zau Hkawng (right)

အလုပ်ရုံလေ့ကျင့်ခန်းတွင်ပါဝင်သော လူငယ်များကို အုပ်စု ၃ စု ခွဲခြားထားရှိပြီး အုပ်စု ၁ ခုတွင် လေ့ကျင့်ပေးသော ဆရာတစ်ဦးစီ ထားရှိသည်။ InSIGHT OUT! မှ လေ့ကျင့်ရေးဆရာများသည် မီဒီယာလောကမှ ပညာရှင်များဖြစ်ပြီး ၎င်းတို့က ဒေသခံဆရာတစ်ဦးနှင့် ပူးပေါင်းကာ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းဖြစ်သည်။

လူငယ်များကို ကင်မရာများပေးထားပြီး နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်ပေးထားသည်။ သူတို့နေထိုင်သော နေရပ်စွန့်ခွာသူများစခန်းမှ နေ့စဉ်ဘဝ၊ အစားအစာနှင့် ရိုးရာယဉ်ကျေးမှု၊ အားကစားစသည်တို့ကို နေ့စဉ် တာဝန်ပေးကာ ရိုက်ကူးဖော်ပြခိုင်းသည်။ သင်တန်းသားများ ရိုက်ကူးလာသော ဓာတ်ပုံများကို ပုံအကြောင်း ဖော်ပြသည့်ပုံစာများ ရေးသားခိုင်းကာ အဖွဲ့အစည်းက ထုတ်ဝေသောဂျာနယ်တွင် ထည့်သွင်းကာ သူတို့ထံ ဖြန့်ချိဝေငှပေးသည်။

အလုပ်ရုံလေ့ကျင့်မှုများသည် ဓာတ်ပုံများ၊ အနုပညာလက်ရာများ ပြသသောပြပွဲများဖြင့် အဆုံးသတ်သည်။ အုပ်စုများက ၎င်းတို့၏ ကိုယ်စားလှယ်များ ရွေးချယ်ပြီး ဂျာနယ်ထဲတွင်ပါဝင်သော ဇာတ်ကြောင်းများကို ဖတ်ရှုရသည်။ အလုပ်ရုံလေ့ကျင့်မှုအပြီးတွင် သင်တန်းဆင်းအောင်လက်မှတ်များလည်း ထုတ်ပေးသည်။

ဓာတ်ပုံ - Nye Zau Hkawng

ဓာတ်ပုံ – Nye Zau Hkawng

မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများစခန်းများ၏ အခက်အခဲများကို မီဒီယာများတွင် အကျယ်တဝင့် ရေးသားနေကြသော်လည်း ကလေးများရိုက်ကူးပြသသော ဓာတ်ပုံများသည် ၎င်းတို့တွေ့ကြုံခံစားနေရသော အရာများကို ရှင်းလင်းစွာ ပြသနိုင်ပေသည်။

InSIGHT OUT! စီမံကိန်းသည် အနာဂတ်တွင် အလုပ်ရုံလေ့ကျင့်မှုများ ပိုမိုလုပ်ဆောင်နိုင်စေရန် လုပ်အားပေးမည့်သူများ၊ လှူဒါန်းမည့်သူများကို ကြိုဆိုလျက်ရှိသည်။ ထို့ပြင် ၂၀၁၈ ခုနှစ် နှစ်ကုန် ပြပွဲတစ်ခုလည်း ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.