စစ်ရာဇဝတ်မှုများ တရားဥပဒေအောက်ရောက်ဖို့ မြန်မာကို အချိန်ပေးပါ

လွတ်လပ်သော စုံစမ်းရေးစစ်ဆေးရေးကော်မရှင်က ရခိုင်တွင် အရပ်သားများ လုယက်သတ်ဖြတ်ခံရမှုကို အထောက်အထားများဖြင့်မှတ်တမ်းတင်

ဒေါ်အောင်ဆန်းစုကြည် ရေးသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သော  အကြမ်းဖက်မှုနှင့် အစုအပြုံလိုက် ပြောင်းရွှေ့ရမှုများကို လွတ်လပ်သော စုံစမ်းရေးစစ်ဆေးရေးကော်မရှင်က ပြည့်စုံစွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အပြီးသတ်အစီရင်ခံစာကို ယခုအပတ်တွင် သမ္မတထံ တင်ပြလိုက်ပြီဖြစ်သည်။ ကော်မရှင်သည် ထိခိုက်ခံစားခဲ့ကြရသူများနှင့် လုံခြုံရေးဝန်ထမ်းများအပါအဝင် မျက်မြင်သက်သေ (၁၅၀၀) နီးပါးကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ကိုယ်တွေ့မျက်မြင်အကြောင်းအရာများကို ရယူစုဆောင်းနိုင်မှုတွင် ယခုကော်မရှင်သည် ကမ္ဘာပေါ်ရှိအခြားအချက်အလက်ရှာဖွေရေးအဖွဲ့ အားလုံးထက်ပိုမိုခဲ့ပါသည်။
ကော်မရှင်၏ တွေ့ရှိချက်များနှင့် ပြည်တွင်း၌ နောက်ထပ်စုံစမ်း၊ စစ်ဆေးအပြစ်ပေးရန် ထောက်ခံတင်ပြချက်များက ဒွိဟသံသယအားလုံးကို ဖယ်ရှားပစ်လိုက်ပြီး ထိရောက်မည်မဟုတ်ဟု အာဃာတနှင့် ကြိုတင်တွေးဆသူများ မှားယွင်းကြောင်းပြသလိုက်ပါသည်။ 
ဖြစ်ပျက်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှုကို ဆွေးနွေးကြရေးနှင့် ထိုဒေသတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာရေး လမ်းပြမြေပုံတစ်ခု ဖော်ဆောင်ရန် ဤအစီရင်ခံစာက အခွင့်အရေးပေးသင့်ပါသည်။
နိုင်ငံတကာ  တရားစီရင်ရေးဖော်ဆောင်ရန်မှာ အချိန်နှင့် အားထုတ်လုပ်ဆောင်မှုလိုပါသည်။ ဤလုပ်ငန်းစဉ်သည် သားကောင်ဖော်ထုတ်ရေး သီးသန့်ထွက်ဆိုချက်များအဖြစ် အလွယ်တကူဆက်နွယ်သွားနိုင်ပြီး သူတို့ပြောသမျှဖြစ်ရပ်ဇာတ်ကြောင်းများနှင့် ခွဲခြားမရအောင် ဖြစ်သွားနိုင်ပါသည်။ ICOE အစီရင်ခံစာကို မျှမျှတတဖတ်ရှုလေ့လာကြည့်ပါက ရခိုင်ပြည်က အဖြစ်အပျက်များအပေါ် နိုင်ငံတကာ၏ လက်ရှိလုပ်ဆောင်မှုများအနေနှင့် ဤသို့ဖြစ်သွားနိုင်သည့် အန္တရာယ်အမှန်ပင်ရှိကြောင်း ပြသနေပါသည်။
ICJ တွင် မြန်မာအပေါ်စွဲဆိုထားသော အမှု၊ ICC ထံ စွဲဆိုတင်ပြထားချက်များနှင့် အာဂျင်တီးနားနိုင်ငံတွင် ပုဂ္ဂလိကစွဲဆိုထားမှု၊ ဤစွဲဆိုမှုအားလုံးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ တင်ပြချက်များအပေါ် အလွန်အမင်းမှီခိုအခြေခံထားခြင်း ဖြစ်ပါသည်။ ၎င်းတို့အားလုံးသည် ဘဂ်လားဒေ့ရှ်ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များ၏ ပြောဆိုချက်များသာ ဖြစ်ပါသည်။
အချို့ဒုက္ခသည်များသည် မမှန်မကန်ပုံကြီးချဲ့ထားသော အချက်အလက်များဖြစ်နိုင်သည်ဟု ICOE အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ဒါကိုနားလည်နိုင်သော်လည်း နေရာတိုင်း အဆင့်တိုင်းတွင် စိန်ခေါ်မှုရှိသည်ဆိုသည်ကိုတော့ အသိအမှတ်ပြုရပါမည်။ နိုင်ငံတစ်ခုလုံး အစိုးရတစ်ဖွဲ့လုံးကို ရာဇဝတ်ကောင်တွေအဖြစ် အလုပ်ခံရတော့မည့် အရိပ်တွေသန်းနေချိန်တွင် သတင်းမှားများကို စစ်ထုတ်နိုင်မည့် ကိရိယာမျိုးလည်း နိုင်ငံတကာတရားရေးစနစ်တွင် ရှိကောင်းမှ ရှိပါလိမ့်မည်။ 
လူ့အခွင့်အရေးအုပ်စုများသည် သင့်တော်သော ရာဇဝတ်မှုစုံစမ်းစစ်ဆေးမှုများမလုပ်ရသေးဘဲ သက်သေမရှိသော ဖော်ပြချက်များအပေါ်အခြေခံကာ မြန်မာနိုင်ငံအပေါ် ရှုံ့ချပြစ်တင်မှုများ လုပ်ခဲ့ကြပါသည်။
နိုင်ငံတကာ၏ ရှုံ့ချပြစ်တင်မှုများသည် ရခိုင်ပြည်နယ်တွင် တိုးတက်မှုနှင့် တည်ငြိမ်မှုရအောင် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများအပေါ် အနုတ်လက္ခဏာသက်ရောက်မှုများဖြစ်စေခဲ့ပါသည်။ စစ်ဘက်နှင့် အရပ်သားအစိုးရတို့အကြား ပူးပေါင်းလုပ်ဆောင်မှုရရှိအောင် ပြည်တွင်း၌ ခဲယဉ်းပင်ပန်းစွာ အားထုတ်နေရမှုကို ဖျက်လိုဖျက်ဆီး ဖြစ်စေခဲ့ပါသည်။ အလွန်ကွဲပြားခြားနားသော နိုင်ငံတစ်ခုတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် အုတ်မြစ်ချရန် ကျွန်ုပ်တို့၏ လုပ်နိုင်စွမ်းကို အဟန့်အတားဖြစ်စေခဲ့ပါသည်။ ကျွန်ုပ်တို့၏ အပြန်အလှန်ဆက်ဆံရေးကို ထိခိုက်စေခဲ့ပြီး မြန်မာ၏ ပုံရိပ်ကို ဖျက်ဆီးခဲ့ပါသည်။ မြန်မာနိုင်ငံထက် အရင်းအမြစ်တွေ နည်းပါးသော နိုင်ငံများသာ ယခုမြန်မာနိုင်ငံ ရှုံ့ချပြစ်တင်ခံရသလို ခံခဲ့ရပါမူ ဖြစ်လာမည့်အကျိုးဆက်များမှာ အလွန်ကြောက်မက်ဖွယ် ဖြစ်ခဲ့ပါလိမ့်မည်။
လူ့အခွင့်အရေးအတွက် အခိုင်မာဆုံးကာကွယ်မှုပေးနိုင်ရန်မှာ အခြေအမြစ်မရှိသော လူပြောသူပြောများအပေါ်အခြေခံ၍ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများလုပ်ကိုင်နေကြပုံကို ပြုပြင်ပြောင်းလဲဖို့လိုပါသည်။ ခံခဲ့ရသော သားကောင်များ၏ အသံကို နားထောင်ကြရမည်။ ကျွန်ုပ်တို့နှလုံးသားကို အမြဲထိခိုက်စေရပါမည်။ ထိုနည်းတူပင် အချက်အလက်ရှာဖွေသူများသည် သတိရှိရှိနှင့် အမှန်တရားကို ဖော်ထုတ်နိုင်ဖို့အရေးကြီးပါသည်။
ရခိုင်တွင် အကြမ်းဖက်မှုအထောက်အထားကို ICOE အစီရင်ခံစာက တင်ပြခဲ့လျင် ပြည်တွင်းစုံစမ်းစစ်ဆေးမှုနှင့် အရေးယူမှုပြုလုပ်မည်ဟု ကျွန်ုပ် ICJ ကို ပြောခဲ့ပါသည်။ မြန်မာ့လုံခြုံရေးတပ်များနှင့် အရပ်သားများက ARSA အကြမ်းဖက်အဖွဲ့နှင့် တိုက်ခိုက်မှုတွင် စစ်ရာဇဝတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုရှိခဲ့ကြောင်း ICOE အစီရင်ခံစာက ဖော်ပြခဲ့ပါသည်။ အရပ်သားများအား သတ်ဖြတ်ခဲ့မှု၊ အင်အားအလွန်အကျွံအသုံးပြုမှု၊ ပစ္စည်းဥစ္စာများ လုယူမှု၊ မူဆလင်နေအိမ်များကို ဖျက်ဆီးမှုများကို ICOE အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြခဲ့ပါသည်။
ICOE က လူမျိုးတုံးသတ်ဖြတ်မှုအထောက်အထားကိုတော့ မတွေ့ရှိခဲ့ပါ။ ကျေးရွာများကို လုယက်မှု၊ မီးရှို့မှုတွင် ပါဝင်ခဲ့သော အရပ်သားများအား စုံစမ်းစစ်ဆေးရေးအစီအစဉ်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက  ကြေညာခဲ့ပြီးဖြစ်ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ပါက ပြည်တွင်းရှိသက်ဆိုင်ရာစစ်ခုံရုံးတွင် စစ်ဆေးအပြစ်ပေးမည်ဖြစ်ပါသည်။ 
ဤလုပ်ငန်းစဉ်များ၏ ဂုဏ်သိက္ခာကို ကျွန်ုပ်တို့လေးစားဖို့လိုပါသည်။ မြန်မာ့တရားရေးစနစ်အပေါ် မလျော်ကန်သော တောင်းဆိုမှုများမှ ရှောင်ရှားသင့်ပါသည်။ လက်နက်ကိုင်တပ်ဖွဲ့များတွင် တပ်ဖွဲ့ဝင်အချို့ ကိုယ်ကျိုးအတွက် လုပ်ဆောင်မှုများကို ဖော်ထုတ်ပြီး အရေးယူမှာ အလွန်ခက်ခဲတတ်ပါသည်။ ဤသည်မှာ တစ်ကမ္ဘာလုံးကြုံတွေ့နေရသော ပြဿနာဖြစ်ပါသည်။ သို့သော် ဤအတွက်ကြောင့် နိုင်ငံတကာတရားရေး ချက်ချင်းဝင်လာရမည်ဟု မဆိုချေ။ 
ရခိုင်ပြည်နယ်မှ ချိုးဖောက်မှုပြဿနာများဖြေရှင်းရန် မြန်မာနိုင်ငံ၏ လုပ်ရည်ကိုင်ရည်ကို အကဲခတ်လိုပါလျင် မြန်မာ့တရားရေးစနစ် ဆောင်ရွက်ရန်အချိန် လုံလုံလောက်လောက်ပေးမှသာ ဖြစ်နိုင်ပါသည်။
တရားဥပဒေသည်သာ မယုံကြည်မှု၊ စိုးရွံ့ထိတ်လန့်မှု၊ အာဃာတနှင့် အမုန်းတရား၊ လူ့အသိုက်အဝန်းများအကြား ကာလကြာရှည်ရှိနေခဲ့သော အကြမ်းဖက်မှုတို့ကို အဆုံးသတ်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်၏ ပန်းတိုင်ပင်ဖြစ်ပါသည်။ ဤပန်းတိုင်ရရှိအောင် ကျွန်ုပ်တို့ ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတကာတရားစီရင်ရေးသည် ရခိုင်အခြေအနေ ဆွေးနွေးပွဲများတွင် တွေ့မြင်ရတတ်သော အစွန်းရောက်ကွာဟမှု၏ သားကောင်ဖြစ် မသွားသင့်ပါချေ။ 

Financial Times တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရေးသားသော Give Myanmar time to deliver justice on war crimesကို ဦးကိုကိုဘာသာပြန်သည်။

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.