စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းပိုင်းတစ်ခုအား အိန္ဒိယက ဒေါ်လာ ၁၇၆ သန်းအသုံးပြုကာ အဆင့်မြှင့်တင်မည်

စစ်ကိုင်းတိုင်းဒေသကြီးတွင် လမ်းအဆင့်မြှင့်တင်ရေးစီမံချက်အတွက် အမေရိကန်ဒေါ်လာ ၁၇၆ သန်းတန် ကန်ထရိုက်တစ်ခုကို အိန္ဒိယက ခွင့်ပြုပေးခဲ့သည်။ မြန်မာနိုင်ငံသို့ တရားဝင်ခရီး ပထမဆုံးလာရောက်သည့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြ္̔ဒာမိုဒီ၏ ခရီးစဉ်နှင့် တိုက်ဆိုင်ကာ ထိုအစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ကလေးဝနှင် ယာကြီးအကြားရှိ ၁၂၀ ကီလိုမီတာရှည်သော လမ်းအပိုင်းအား အဆင့်မြှင့်တင်ရန်အတွက် အိန္ဒိယအမျိုးသား အဝေးပြေးလမ်း အာဏာပိုင်အဖွဲ့က Punj Lloyd နှင့် Varaha Infra တို့ ပူးပေါင်းထားသည့် ဖက်စပ်ကုဏီအား တင်ဒါချထားပေးလိုက်ခြင်းဖြစ်သည်ဟု အိန္ဒိယမီဒီယာများက ရေးသားထားသည်။

ထိုအဆင့်မြှင့်တင်မှုသည် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုရေးမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်သို့ ဆက်သွယ်မည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား မော်တော်ကားလမ်းဆက်သွယ်မှုအား အဆင့်မြင့်လာစေရန် တည်ဆောက်နေသည့် ၁,၃၆၀ ကီလိုမီတာရှည် အဝေးပြေးလမ်းမကြီးကို နယူးဒေလီက ကျောထောက်နောက်ခံ ပေးထားခြင်းဖြစ်သည်။

မိုရေးနှင့် ကလေးဝအကြား ၁၃၀ ကီလိုမီတာရှည်လျားသည့် လမ်းပိုင်းကိုမူ အိန္ဒိယ Border Roads Organisation က တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။

ကလေးဝနှင့် ယာကြီးအကြား ၁၂၀ ကီလိုမီတာရှည် လမ်းပိုင်းအား နှစ်လမ်းသွားလမ်းအဖြစ် အဆင့်မြှင့်တင်မည် ဖြစ်သည်။ စီမံကိန်းအတွက် ကုန်ကျငွေအား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးမည်ဖြစ်သည်။ ထိုအထဲတွင် တံတားပေါင်း တစ်ဒါဇင်ကျော်အား ပြုပြင်တည်ဆောက်မှုလည်း ပါဝင်သည်ဟု Livemint.com စီးပွားရေးသတင်းဝက်ဘ်ဆိုက်က ရေးသားထားသည်။

စီမံကိန်းကို သုံးနှစ်အတွင်း ပြီးစီးရန် မျှော်လင့်ထားသည်။

ကီလိုမီတာ ၁,၆၀၀ ရှည်လျားသည့် နယ်နိမိတ် ထိစပ်နေသည့် မြန်မာနိုင်ငံအား အကူအညီနှင့် ထောက်ပံ့မှုအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလျံ ပေးအပ်ရန် အိန္ဒိယအစိုးရက ဆုံးဖြတ်ထားသည်ဟု Livemint က ရေးသားထားသည်။

မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံအထိရှိနေပြီး အိန္ဒိယကုဏီများက မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၇၅၀ ရင်းနှီးမြှုပ်နှံထားကြသည်ဟု ၎င်းက ဆက်လက်ဖော်ပြထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.