ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအနီး ယာယီကိုဗစ်-၁၉ ကုသရေးဌာနဆောက်လုပ်နေသည့် မြင်ကွင်းတစ်ခုကို မြင်ရစဉ်။ ပိုးတွေ့လူနာဦးရေ တဟုန်ထိုး မြင့်တက်လာမှုကြောင့် အစိုးရက ကုသရေးဌာနများ ထပ်မံဖွင့်လှစ်နိုင်ရန် အပူတပြင်း စီစဉ်လျက်ရှိသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

စက်တင်ဘာ၁၁ရက်မှ၁၇ရက်အထိ ကိုဗစ်-၁၉ သတင်းသုံးသပ်ချက်

စက်တင်ဘာ၁၁ရက်မှ၁၇ရက်အထိ ရက်သတ္တပတ်သည် ကိုဗစ်-၁၉ပိုးတွေ့လူနာဦးရေ စံချိန်တင်ထပ်မံတွေ့ရှိခဲ့သည့် ကာလဖြစ်ခဲ့ပြီး သေဆုံးသူဦးရေလည်း မြင့်တက်ခဲ့သည်။

အောင်ဖေကြည်စိုး စုစည်းတင်ပြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် စက်တင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ရက်သတ္တပတ် တာကာလအတွင်း စံချိန်တင်ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂,၀၃၄ ဦး တွေ့ရှိစစ်ဆေးနိုင်ခဲ့သည်။

အဆိုပါရက်သတ္တပတ်တာ ကာလအတွင်း ဆေးရုံမှဆင်းခွင့်ရရှိသူ ၃၁၉ ဦးနှင့် သေဆုံးသူ ၄၇ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်များအရ တွေ့ရှိရသည်။

စံချိန်တင်လူနာသစ် ၂,၀၃၄ ဦးတွေ့ရှိခဲ့သော်လည်း လူနာဦးရေပိုမိုများပြားလာသည့်အတွက် ဝန်ကြီးဌာနသည် ယခင်ကကဲ့သို့ လူနာများ၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရမှုကို နေ့စဉ်ထုတ်ပြန်ပေးခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်မှ ၁၇ရက်အထိ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံမှာ ဆင်းခွင့်ရရှိသူ ၃၁၉ဦးရှိခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်မှ ၁၇ရက်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်  ဓာတ်ခွဲနမူ နာ စုစုပေါင်း ၃၀,၇၅၈ ကို စစ်ဆေးပေးနိုင်ခဲ့သည်။ 

ယခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်မှ စက်တင်ဘာလ၁၇ ရက်အထိ ဝန်ကြီးဌာနသည် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၉၁,၆၉၆  ခုတို့ကို ကိုဗစ်ရောဂါဓာတ်ခွဲစစ်ဆေးပေးနိုင်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးလုံးဝမတွေ့ရသေးသည့် တစ်ခုတည်းသောပြည်နယ်မှာ  ကယား  ပြည်နယ် ဖြစ်သည်။

သေဆုံးသည့်လူနာ ၄၇ ဦးရှိခဲ့

စက်တင်ဘာလ၁၁ရက်မှ ၁၇ရက်အတွင်း ကွယ်လွန်ခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာ ၄၇ဦးရှိခဲ့သည်။ သေဆုံးလူနာ၄၇ ဦးအနက် ၄၆ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး ကျန်တစ်ဦးမှာ မန္တလေးတိုင်းဒေသကြီးမှ ဖြစ်သည်။

၎င်းတို့အနက် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီး(လူနာနံပါတ်-၃၀၀၄)မှာ တပ်မတော်စစ်ဆေးရုံကြီးတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူသွားသည့် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီးတစ်ဦးဖြစ်သည်။

ထို့ပြင် တောင်ဥက္ကလာပဆေးရုံကြီး၊ ရန်ကုန်တွင် တက်ရောက်ကုသမှုခံယူရင်း သေဆုံးခဲ့သည့် အသက်၁၃နှစ်အရွယ် မိန်းကလေး(လူနာနံပါတ်-၂၅၃၁)သည် ဓာတ်ခွဲအတည်ပြု၍ သေဆုံးသည့်လူနာများတွင် အသက်အငယ်ဆုံးဖြစ်သည်။ 

သေဆုံးသူအများစုသည် အခြားရောဂါအခံရှိသူများဖြစ်ပြီး သွေးတိုးနှင့် ဆီးချိုသည် သေဆုံးသူအများစုတွင်တွေ့ရသည့် ရောဂါများဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ၆၁ဦးရှိပြီဖြစ်သည်။

တစ်ပတ်တာကာလအတွင်း သတင်းထုတ်ပြန်ချက်များ

အလှည့်ကျရုံးတက်အစီအစဉ်ကျင့်သုံးရန် အစိုးရညွှန်ကြား

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသည် နိုင်ငံဝန်ထမ်းများအတွင်း ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူများရှိလာခြင်း၊ ရောဂါပိုးကူးစက်ခံရပြီး (၁၄) ရက်အတွင်း၌သာ ရောဂါလက္ခဏာပြသခြင်းတို့ကြောင့် အစိုးရဝန်ထမ်းများအနေဖြင့် အလှည့်ကျရုံးတက်အစီအစဉ် ကျင့်သုံးရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။

အဆိုပါညွှန်ကြားချက်အရ အကျုံးဝင်သည့် အဖွဲ့အစည်းများမှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ Core Group အဖွဲ့တွင်ပါဝင်သော ဝန်ထမ်းများအားလုံးနှင့် ညွှန်ကြားရေးမှူးနှင့်အထက်အဆင့် ဝန်ထမ်းအားလုံး ပါဝင်သည်။

ညွှန်ကြားချက်အရ အကျုံးဝင်သည့်အဖွဲ့အစည်းများနှင့် အစိုးရဝန်ထမ်းများသည် နေ့စဉ်ရုံး တက်ရန်နှင့် ဒုတိယညွှန်ကြားရေးမှူးနှင့်အောက် ဝန်ထမ်းများအားလုံး၏ တစ်ဝက်သည် နှစ်ပတ်ရုံးတက်၍ ကျန်တစ်ဝက်သည် နှစ်ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းကို အလှည့်ကျဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ပြင် အဆိုပါဝန်ထမ်းများအနေဖြင့် နှစ်ပတ်အိမ်မှာနေသည့်အချိန်၌ “မိမိတို့နေထိုင်ရာ အဝိုင်းအဝန်း (အိမ်၊ အဆောင်၊ ရိပ်သာ၊   အိမ်ရာ)အတွင်း၌သာ နေထိုင်၍ ရုံးလုပ်ငန်းဆောင်ရွက်ရန်နှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် စျေးဝယ်ခြင်းတို့မှလွဲ၍ ပြင်ပသို့ လုံးဝ(လုံးဝ) သွားလာခြင်းမပြုရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေခရီးသွားလာရန်ရှိပါ က တာဝန်ရှိသူအဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့်သာ သွားလာရမည်”ဟု ညွှန်ကြားချက်တွင်ပါရှိသည်။

ညွန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ မိမိတို့နေထိုင်ရာအဝိုင်းအဝန်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များကို ကျော်လွန်၍ ခရီးသွားလာကြောင်းတွေ့ရှိရပါက ခွင့်ပြုချက်မရဘဲ မိမိသဘောဖြင့် ခရီးသွားသူဝန်ထမ်းအားလည်းကောင်း၊ ခရီးသွားလာကြောင်း သိလျက်နှင့် ဖုံးကွယ်ပေးသူနှင့် အကာအကွယ်ပေးသူများအားလည်းကောင်း နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဖောက်ဖျက်သည့် ပြစ်ဒဏ်အပေါ်မူတည်၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ပါရှိသည်။

နိုင်ငံတကာ ကိုဗစ်-၁၉ကူးစက်မှုအခြေအနေ

Johns Hopkins Coronavirus Resource Centre ၏ စက်တင်ဘာ၁၈ရက် ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာဦးရေစုစုပေါင်း ၂၉ ဒသမ ၉၄၀ သန်းကျော်နှင့်သေဆုံးသူ ၉၄၂,၂၅၉ ဦး ရှိနေပြီဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့နိုင်ငံများအလိုက်ရောဂါကူးစက်ခံရမှုတွင် အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၆၄သန်းကျော်နှင့် သေဆုံးသူ ၁၉၇,၀၀၀ ဦးကျော်ဖြင့်အများဆုံးဖြစ်ပြီး အရှေ့တောင်အာရှ၁၀ နိုင်ငံအနက် ဖိလစ်ပိုင်နိုင်ငံသည် ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၇၆,၀၀၀ ဦးကျော်နှင့်သေဆုံးသူ ၄,၇၈၅ ဦးဖြင့် အများဆုံးရပ်တည်လျက်ရှိသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.