ငြိမ်းစုစီဥပဒေအသစ်အပေါ် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲနေသဖြင့် အတည်မပြုနိုင်သေး

နေပြည်တော်၊ ဇွန် ၁၀

၄၈ နာရီ ကြိုတင်ခွင့်ပြုချက်ယူရုံဖြင့် ဆန္ဒပြနိုင်မည့် ဥပဒေသစ်တစ်ရပ်အပေါ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲချက်များရှိနေ၍ ယနေ့ပြီးဆုံးခဲ့သည့် လွှတ်တော်နှစ်ရပ်၏ ဒုတိယအကြိမ်၊ ပထမပုံမှန် အစည်းအဝေးကာလအတွင်း အတည်မပြုနိုင်ခဲ့ပေ။

၂၀၁၁ ခုနှစ်တွင် စတင်ပြဋ္ဌာန်းထားသည့် “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ကို ပယ်ဖျက်ပြီး “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေ” ဟု အစားထိုးပြဋ္ဌာန်းရန် စတင်ကြိုးပမ်းခဲ့သည့် အမျိုးသားလွှတ်တော်၏ ပြဋ္ဌာန်းချက်များအနက် ၃၃ ချက်ကို ပြည်သူ့လွှတ်တော်က ပြန်လည်ပြင်ဆင်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

“တစ်လကျော်မှာပြန်လုပ်မယ့် လွှတ်တော်အစည်းအဝေးရောက်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးကြမှာပါ”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က Frontier ကို ပြောသည်။

အမျိုးသားလွှတ်တော်၏ ဥပဒေကြမ်းအရ ဆန္ဒပြလိုလျှင် ရည်ရွယ်ချက်၊ နေရာ၊ နေ့ရက်၊ အချိန်အပိုင်းအခြား၊ ဟောပြောလိုသည့်အကြောင်းအရာနှင့် ကြွေးကြော်မည့် စာသား၊ ဦးဆောင်မည့် ပုဂ္ဂိုလ်၊ ဟောပြောမည့်သူ၏ ကိုယ်ရေးအချက်အလက်၊ စီတန်းလှည့်လည်မှု အစီအစဉ်နှင့် ခန့်မှန်းလူဦးရေတို့ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ နှစ်ရက်ကြိုတင် အကြောင်းကြားရုံဖြင့် ဆောင်ရွက်ခွင့်ရနိုင်မည် ဖြစ်သည်။

အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆန္ဒပြမည်ဆိုပါက သက်ဆိုင်ရာအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် အထောက်အထားကိုပါ တင်ပြရမည်ဟု ဥပဒေကြမ်းတွင် ပါဝင်သည်။ ထိုသို့ အကြောင်းကြားသည့်အခါ ပြဋ္ဌာန်းထားသည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်ဟု ဝန်ခံချက်ပေးရမည် ဖြစ်သည်။

ထို့အပြင် ဆန္ဒပြသူများအနေဖြင့် အများပြည်သူ အနှောက်အယှက်ဖြစ်စေခြင်း၊ စိတ်မငြိုငြင်ဖြစ်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း၊ ထိခိုက်နစ်နာစေသော အပြုအမူ အပြောအဆိုများ ပြုမူခြင်းများကို ပြုလုပ်ခွင့်မရှိပေ။ စုဝေးသည့် နေရာ၊ စီတန်းလှည့်လည်သည့် လမ်းတစ်လျောက်တွင်ရှိသည့် ပြည်သူပိုင်၊ အများပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများကို ထိခိုက်စေသည့် အပြုအမူ၊ ပတ်ဝန်းကျင် ညစ်ညမ်းစေသည့် အပြုအမူများကိုလည်း ခွင့်ပြုမထားပေ။

ယာဉ်များနှင့် လမ်းသွားလမ်းလာများကို အနှောက်အယှက်ဖြစ်စေသည့် ပိတ်ဆို့မှုများ မဖြစ်စေရန်လည်း ဆန္ဒပြသူများက တာဝန်ယူရမည်ဖြစ်သည်။ ထို့အပြင် စီတန်းလှည့်လည်ရာတွင် လက်နက်ကိုင်ဆောင်ခြင်း၊ နိုင်ငံတော်နှင့် ပြည်ထောင်စုကိုဖြစ်စေ၊ လူမျိုးရေး၊ ဘာသာရေးကိုဖြစ်စေ၊ လူ့ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကိုဖြစ်စေ ထိခိုက်စေသည့် အပြောအဆို အပြုအမူများကိုလည်း မပြုလုပ်ရဟု ပါဝင်သည်။

ဟောပြောရာတွင် မမှန်ကန်သော သတင်းအချက်အလက်များကို မသုံးစွဲရန်နှင့် အလံ၊ ပိုစတာ၊ ဆိုင်းဘုတ်၊ ကြွေးကြော်သံများနှင့် ပတ်သက်ပြီး ကြိုတင် အကြောင်းကြားထားသည့်အတိုင်းသာ ဆောင်ရွက်ခွင့်ရှိမည် ဖြစ်သည်။ ထို့အပြင် လက်ကိုင် အသံချဲ့စက်မှအပ အခြားသော အသံချဲ့စက်များကိုလည်း သုံးဆွဲခွင့်မပြုပေ။

ထိုအချက်များကို မလိုက်နာလျှင် အာဏာပိုင်များက တားမြစ်မည်ဖြစ်ပြီး လူစုခွဲခိုင်းမည်ဟု ပါဝင်သည်။ သတိပေးသည့်အတိုင်း လိုက်နာရန် လိုအပ်ပြီး မလိုက်နာပါက လူစုခွဲခွင့်ကို အာဏာပိုင်များက သုံးစွဲရန် ဥပဒေကြမ်းက ခွင့်ပြုထားသည်။

ပြစ်မှု၊ ပြစ်ဒဏ်များအနေဖြင့် အကြောင်းကြားပြီး ဆန္ဒပြသူများကို နှောင့်ယှက်ဟန့်တား ထိခိုက်စေလ ျှင် ကျူးလွန်သူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရန် သတ်မှတ်ထားသည်။

လုံးဝ အကြောင်းမကြားပဲ ဆန္ဒပြသူများမှာမူ သုံးလထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ပြီး ထပ်မံကျူးလွန်လျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်မည်ဟု ပြဋ္ဌာန်းထားသည်။

အကြောင်းကြားထားသည့် စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်လျှင် သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဟုလည်း ဥပဒေကြမ်းတွင် ပါဝင်သည်။

ထိုကဲ့သို့ ပြဋ္ဌာန်းချက်များပါဝင်သည့် အမျိုးသားလွှတ်တော်၏ ဥပဒေကြမ်းပါ ဥပဒေစာသားနှင့် သတ်မှတ် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဥပဒေ၏ ရည်ရွယ်ချက်တို့ကိုသာ ပြည်သူ့လွှတ်တော်က ပြန်လည် ပြင်ဆင်လိုခြင်းဖြစ်ပြီး အခြား ကြီးမားသော ပြင်ဆင်လိုချက်များ မရှိဟု သိရသည်။

သို့သော် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုများကြောင့် လာမည့်တစ်လကျော်ချိန်မှ ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးရောက်မှသာ အတည်ပြုနိုင်တော့မည် ဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်းကို ဆွေးနွေးနေသည့်အချိန်အတွင်း ဥပဒေပါ ပြဋ္ဌာန်းချက်များသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်စံနှုန်းများနှင့် နှိုင်းယှဉ်လျှင် လိုအပ်ချက်များရှိနေသေးသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (Amnesty International) က လွှတ်တော်နှစ်ရပ်၏ ဥက္ကဋ္ဌများထံ စာပို့ထားသည်။

မူလဥပဒေကို ၂၀၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းပြဋ္ဌာန်းများကြောင့် ဆန္ဒပြလိုများသည် ခွင့်ပြုမိန့် လိုအပ်ခဲ့သည်။ ဥပဒေကို ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် ပြန်လည် ပြုပြင်ခဲ့သော်လည်း ခွင့်ပြုချက်အား အာဏာပိုင်များနှင့် ညှိနှိုင်းရယူရန် လိုအပ်သည့် အနေအထားမျိုးသာ ပြင်ဆင်နိုင်ခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး အစိုးရသစ်နှင့် လွှတ်တော်သစ်လက်ထက်အရောက် ယခုတစ်ကြိမ်တွင်မူ အမည်ပါပြောင်းပြီး ဥပဒေအသစ်တစ်ရပ်အဖြစ် ပြဋ္ဌာန်း၍ မူလဥပဒေကို ပယ်ဖျက်ရန် ကြိုးပမ်းခြင်းဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ ဗဟိုလုပ်ငန်းကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးက ကိုသီဟဝင်းတင်က ရုတ်တရက်ချက်ခြင်း ဆန္ဒပြလိုသူများအတွက် စီစဉ်ပေးရန်လိုကြောင်း ထောက်ပြခဲ့သည်။

“ဥပမာ မနက်ဖြန်အိမ်ရာဖျက်သိမ်းခံရတော့မှာမို့ ဒီကနေ့ ဆန္ဒပြချင်သူတွေအတွက် စာတင်တာတို့၊ ခွင့်ပြုမိန့်တို့ ပြန်စောင့်ဖို့ဆိုတာ လတ်တလောအခြေအနေမှာ မဖြစ်နိုင်ဘူးလေ”ဟု ၎င်းက Froniter ကို ပြောကြားခဲ့ဖူးသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.