ငြိမ်းချမ်းဖို့ မစောင့်နိုင်တော့ခြင်း

 လက်နက်ကိုင် ပဋိပက္ခကပေးသော ဒုက္ခဝေဒနာများကို လူတစ်ဦးချင်းစီနှင့် ဒေသခံလူ့အသိုက်အဝန်းတို့ ခံစားနေကြရပုံကို မကြာမီက ပြုလုပ်သော ရုပ်ရှင်ပြိုင်ပွဲတွင် ပြသခဲ့သည်။

မြင့်မြတ်သူ

တစ်ခါတစ်ရံ မျှော်လင့်ချက်နှင့် အရှိတရားတို့သည် နာကျင်ပြင်းပြစွာ ထိပ်တိုက်တွေ့ဆုံရတတ်သည်။ ဒီအဖြစ်မျိုးကို အထူးသဖြင့် မြန်မာ့နိုင်ငံရေးတွင် တွေ့ကြုံနေရပါသည်။ ပြည်တွင်းစစ်နှင့် လူမျိုးစုပဋိပက္ခများ ဆယ်စုနှစ်များစွာဖြစ်ပွားနေခဲ့သည့်တိုင် ငြိမ်းချမ်းရေးကိုတော့ မမှိတ်မသုန် မလျော့သောဇွဲနှင့် ဆက်လက်ရှာဖွေနေကြဆဲဖြစ်ကြောင်း လူငယ်ဒါရိုက်တာများက ဇာတ်ကောင်အစစ်များဖြင့်အနုပညာဖန်တီးခဲ့ကြပြီး သတိပေးနှိုးဆော်ခဲ့ပါသည်။

မကြာမီကကျင်းပခဲ့သော ရုပ်ရှင်ပြိုင်ပွဲတွင် ဆန်ခါတင်ရွေးချယ်ခံခဲ့ရသော ရုပ်ရှင်ကား ရှစ်ကားဖြင့်ဖြစ်သည်။
 ပြိုင်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်ယဉ်ကျေးမှုဗဟိုဌာန (Goethe Institute) နှင့် ရန်ကုန်ရုပ်ရှင်ကျောင်းတို့ ပူးပေါင်း၍ တစ်နှစ်ခြားပုံမှန်ကျင်းပပါသည်။ ယခုနှစ်အတွက်ပေးထားသော ခေါင်းစဉ်မှာ “ပဋိပက္ခများကြားမှ ငြိမ်းချမ်းရေးနှင့်လူငယ်” ဟူ၍ဖြစ်ပါသည်။ ဆန်ခါတင်ရုပ်ရှင် ရှစ်ကားစလုံးကို ရန်ကုန်ရုပ်ရှင် ပညာသင်ကျောင်း (YFS) ကျောင်းသူ/သားများက ရိုက်ကူးထုတ်လုပ်ခဲ့ကြခြင်းဖြစ်သည်။

YFS သည် တိုင်းရင်းသားလူမျိုးစု မျိုးစုံတက်ရောက်သင်ကြားနေသော ကျောင်းဖြစ်ပြီး တိုင်းရင်းသားလူမျိုးစု (၁၄) မျိုးမက ပါဝင်ကြရာ သင်တန်းသား ၄၀ ရာနှုန်းမှာ ဗမာ မဟုတ်ကြပေ။

ရုပ်ရှင်ဇာတ်လမ်းအများစုမှာ ဒါရိုက်တာများမွေးဖွား ကြီးပြင်းရာ ဒေသကို အခြေခံသည်၊ တောင်ပိုင်းရှမ်းပြည်ရှိ တောင်တန်းများကြားမှ ရွာလေးလည်းပါသလို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သီးခြားခွဲခြားထားသော ရပ်ကွက်များလည်းပါသည်။ ထိုနေရာ ဒေသတို့တွင် တွေ့ကြုံနေကြရသော ဘဝပြဿနာများကို သရုပ်ဖော်ထားသည့် ဆုရ ရုပ်ရှင်ကား လေးကားကို နိုဝင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ Goethe Institute တွင် YSF ၏ နှစ်ပတ်လည်ပွဲတွင် ပြသသည်။ ဆန်ခါတင် ရှစ်ကားစလုံးကို DVD အခွေထုတ်သည်။ ယခုဆောင်းပါးတွင် ဆုရ ဇာတ်ကားနှစ်ကားနှင့် ဆုမရသော နှစ်ကားကို သုံးသပ်ထားပါသည်။

ကမ္ဘာခြားခဲ့ပြီ

ဒုတိယဆု (Ruby Award) ရခဲ့သော ဇာတ်ကားတွင် စစ်တွေမြို့ရှိ ခွဲခြားထားသော လူ့အသိုက်အဝန်းအုပ်စုများအတွင်း သွားလာလှုပ်ရှားမှုကို ပြသည်။ ၂၀၁၂ ခုနှစ်က လူမျိုးစု ပဋိပက္ခများ မဖြစ်ခင် ဗုဒ္ဓဘာသာ၊ မွတ်ဆလင်နှင့် ဟိန္ဒူတို့ ယှဉ်တွဲ နေထိုင်ခဲ့ကြပုံကို ပြသထားသည်။ အရေးအခင်းတွေ ဖြစ်ပြီးနောက် မွတ်ဆလင်တွေကို မြို့အပြင်ဘက်စခန်းများတွင် ဖြစ်စေ မြို့တွင်းမှ အစောင့်အကျပ်များချထားသော အောင်မင်္ဂလာရပ်ကွက်မှာဖြစ်စေ စုဝေးထားရှိသည်။ 

ဒါရိုက်တာ မရှင်သန္တာသည် ရခိုင်တွင် ကြီးပြင်းခဲ့သူဖြစ်ရာ သူရိုက်သော ရုပ်ရှင်မှာ အတွင်းလူတစ်ဦး၏ အမြင်သာဖြစ်ဖွယ်ရာရှိသည်။ သို့သော် မရှင်သန္တာက သူစိမ်းတစ်ယောက်ရှုထောင့်ကို တမင်ရွေးချယ်ပုံရသည်။ ရုပ်ရှင်မှာ လူငယ်ဟိန္ဒူဇနီးမောင်နှံ နှစ်ဦး၏ ဘဝကို အဓိက သရုပ်ဖော်သည်။ သူတို့သည် စစ်တွေက မွတ်ဆလင်တွေလို ပိတ်လှောင်မခံရသော်လည်း ရခိုင်ဗုဒ္ဓဘာသာ လူအများစု၏ ပြင်းပြသော အမျိုးသားရေးစိတ်ဓာတ်နှင့် လူမျိုးအသိုက်အဝန်းအုပ်စုတွေအကြား အပြန်အလှန်မယုံကြည်မှုများကြောင့် သူတို့လည်း ခွဲခြားဆက်ဆံခံနေရသည်။

သူ့ယောက်ျားဖြစ်သူမှာ ဈေးထဲတွင် ဈေးကူလီ အလုပ် လုပ်ကိုင်နေသူဖြစ်သည်။ သူ့ကို လူတွေက မွတ်ဆလင်ဟု ထင်ကြသဖြင့် မကြာခဏရန်လုပ်ခံရသည်ဟု ဆိုပါသည်။ ကင်မရာသည် စစ်တွေမြို့ရှိ ဟိန္ဒူကမ္ဘာမှသည် မွတ်ဆလင် အသိုက်အဝန်းဆီသို့ ရောက်သွားပြန်ပါသည်။ ခုနှစ်နှစ်အောက် ကလေးငယ်လေးမှာ သူ့ဘဝတစ်လျှောက်လုံး သူ့အနီးအနားရှိ အခြားဘာသာဝင် ကလေးများနှင့် ထိတွေ့ဆက်ဆံခြင်း မရှိခဲ့ရ။ သံဆူးကြိုးများ၊ လက်နက်ကိုင်အစောင့်အရှောက်များဖြင့် ပိုင်းခြားကာရံ စည်းခြားထားခြင်း ခံခဲ့ရသည်။

ပြကွက်တစ်ခုတွင် ဘာတွေ ဆုံးရှုံးခဲ့ပြီ ဆိုသည်ကို အမှတ်မထင်သိမြင်လိုက်ရသည်။ ကင်မရာဆီ တည့်တည့်ကြည့်နေသော ဆယ်ကျော်သက်ရွယ် မွတ်ဆလင်လူငယ်လေးကို မေးလိုက်သည်။ 

“ဒီသံဆူးကြိုးရဲ့ ဟိုဘက်ခြမ်းမှာ မင်းနဲ့သိတဲ့ သူငယ်ချင်းတွေရှိလား”
ဒီမေးခွန်းကိုတော့ ဒီကလေးက မဖြေနိုင်ပေ။ ရုပ်ရှင်ပြီးကာနီးတွင် ဟိန္ဒူမောင်နှံထဲမှ ဇနီးဖြစ်သူကို မေးလိုက်သည်။ “ငြိမ်းချမ်းရေးကို သူမဘယ်လိုနားလည်ပါသလဲ”ဟု မေးသည်။

သူမက အကြာကြီး စဉ်းစားနေသည်။ ပြီးတော့မှ ရုတ်တရက်ငြင်သာစွာ ပြန်ဖြေလိုက်သည်။

“ငြိမ်းချမ်းရေး၊ အဲဒါဘာလဲ ကျမနားမလည်ဘူး”။

သံဆူးကြိုးများ၊အကာအရံ၊အစောင့်အကြပ်များကြားက အောင်မင်္ဂလာရပ်ကွက်

သံဆူးကြိုးများ၊အကာအရံ၊အစောင့်အကြပ်များကြားက အောင်မင်္ဂလာရပ်ကွက်

Angry Folks

ဒါရိုက်တာ ကိုအောင်ထက်မြက်ရဲ့ ရဲရဲတောက်မှတ်တမ်းရုပ်ရှင်တွင် Angry Folks ၏သီချင်းများပါဝင်သည်။

လှိုင်သာယာမြို့နယ်စက်ရုံလုပ်သားများ၏ ဆန္ဒပြပွဲတစ်ခုတွင် ဖွင့်သောသီချင်းတစ်ပုဒ်ဖြစ်သည့် “ဘယ်ဘက်ကရပ်မလဲ” သီချင်းတွင် သီချင်းစာသားများက မေးမြန်းထားသည်မှာ “ဘေးကရပ်ကြည့်နေသူတွေ” “ဘယ်ဘက်ကရပ်မလဲ တစ်ခုခုတော့ရွေး” ဖြစ်သည်။

ရုပ်ရှင်က အရိပ်အမြွက်ပြောသည်မှာ နိုင်ငံရေးနှင့် မပတ်သက်ဘဲ ကြားနေသည်ဆိုသည့် ရပ်ကြည့်သူများသည် အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်သည့် အာဏာရှိပုဂ္ဂိုလ်များကဲ့သို့ ဆိုးဝါးသူများဖြစ်နိုင်သည်ဟုဆိုသည်။ ကိုကျော်ဇင်လင်းနှင့် ကိုအောင်သောင်းဦးတို့သည် ပြင်းထန်ထက်ရှသည့် “သင့်အခွင့်အရေးအတွက် တိုက်ပွဲဝင်ပါ” ကဲ့သို့သီချင်းများဖြင့် နိုင်ငံရေးအသိနိုးကြားစေရန် ကြိုးစားနေကြသည်။

“ခင်ဗျားဘယ်သူ့ကိုပဲမဲပေးပေးရလဒ်က အတူတူပဲ”။ “တကယ့်အာဏာက နှစ်၆၀ကြာပြီးတဲ့နောက်မှာလဲ သူတို့လက်ထဲမှာ ရှိနေတုန်းပဲ”။ “လူတွေရဲ့ အသက်သွေးတွေနဲ့ ကစားနေတဲ့ စက်ဆုပ်ဖွယ်ကစားပွဲတစ်ခုပဲ။”

သက်သေကတော့၂၀၁၁မှာ ပြန်စခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ဒုက္ခသည်တွေပဲ။ လူလိမ်တွေကို သရဖူဆောင်းပေးမဲ့အစား သူတို့ရဲ့ရာဇပလ္လင်ကို လုံးဝဖျက်ဆီးပစ်စို့။ သူတို့ရဲ့ ပါဝါကို ဖျက်ဆီးကြစို့ စသည့်စာသားများပါသည်။ 
ရန်ကုန်၏ များပြားသည့် မီးပျက်မှုများထဲက တစ်ခုအတွင်းသီချင်းကို သရုပ်ဖော်မှုအား ကြည့်ရစဉ် နှစ်ယောက်တွဲ ကျိန်စာက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဋ္ဌာနကိုလည်း အလွတ်မပေးခဲ့ပါ။                          

လားရှိုးလူနာတင်ယာဉ်

“လူနာတင်ကား ဥသြဆွဲသံကြားရတိုင်း ကျနော်ဦးထွန်းမြင့်ကို သတိရတယ်” ဟု ဒါရိုက်တာ ကိုမန်းပြည့်ဖြိုးအောင်က ကျမကို ပြောသည်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးဇာတိတစ်ဦးဖြစ်သည့် ကိုမန်းပြည့်ဖြိုးအောင်၏ ဦးထွန်းမြင့်နှင့် ၎င်း၏ လူမှုကူညီရေးလူနာတင်ယာဉ်အဖွဲ့သားများအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်သည် ပြိုင်ပွဲ၏ တတိယဆုဖြစ်သည့် ကျောက်စိမ်းဆု ရရှိခဲ့သည်။

အသက် ၅၇နှစ်အရွယ် ဦးထွန်းမြင့်သည် ၁၉၇၂ခုနှစ်ကတည်းက လားရှိုးတွင် လူနာတင်ယာဉ်နှင့် အရေးပေါ်ဝန်ဆောင်မှုများပေးနေခဲ့သော မွတ်ဆလင်လူမှုကူညီရေးအသင်း (Muslim Volunteer Association) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သည်။ ၂၀၁၃ခုနှစ်က ယင်းဒေသတွင် မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်ပေါ်ပြီးနောက် ယင်းအဖွဲ့သည် ၎င်းတို့၏ အမည်ကို လားရှိုးလူငယ်များလူမှုကူညီရေးအသင်း (Lashio Youth Humanitarian Association) ဟု အမည်ပြောင်းခဲ့ပြီး မတော်တဆထိခိုက်သူများကို ကူညီရာတွင် ဘာသာရေးအရ ကြားနေမှုကို အလေးထားခဲ့သည်။ 

ရေတံခွန်တစ်ခုတွင်ဗမာတစ်ဦး ရေနစ်နေသည်ဖြစ်စေ၊ ကားတိုက်မှုတစ်ခုတွင် ရှမ်းတစ်ဦး ဆိုးဆိုးဝါးဝါးဒဏ်ရာရနေသည်ဖြစ်စေ ဦးထွန်းမြင့်ဦးဆောင်သော လူငယ်မွတ်ဆလင်လုပ်အားပေးများက အကူအညီပေးရန် အပြေးအလွှားသွားရောက်နေသည်ကို ရုပ်ရှင်ရိုက်ယူသည်။ တခါတရံထိုလူငယ်များက မူးယစ်ဆေးစွဲနေသူများ၏ ပုပ်ပွနေသည့်အလောင်းများကို တောထဲက ဆွဲထုတ်ကြရပြီး ယင်းအလောင်းများမှာ မည်သည့်လူမျိုးဘာသာဆိုသည်ကို မခွဲခြားနိုင်တော့ပေ။

၂၀၁၃က အဓိကရုဏ်းတွင် ပါဝင်သူများက အဖွဲ့၏လူနာတင်ယာဉ်များကိုခိုးယူပြီး မီးရှို့ပြီးနောက် အဖွဲ့လုပ်အားပေးများသည်မကြာမီ ဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ကာ ၎င်းတို့၏ လူသားချင်းစာနာမှုကူညီမှုများကို ပြန်လည်လုပ်ဆောင်ခဲ့ကြသည်။ 

“လူတွေကို ကူညီတာကလည်း ငြိမ်းချမ်းရေးအလုပ်ပါပဲ။ရန်သူဆိုရင်တောင် ကျနော်ကတော့ ကူညီမှာပါ။ သူလည်း ရှင်သန်သင့်ပါတယ်။ ဒါက ကျနော်တာဝန်ပါ” ဟု ဦးထွန်းမြင့်က ရုပ်ရှင်ထဲတွင် ပြောသည်။

ယင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးပြီး လေးလအကြာ သြဂုတ်၁၇ ရက်က ဦးထွန်းမြင့်သည် လားရှိုးမြို့နယ် ကျေးလက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် ဒဏ်ရာရနေသည့်အရပ်သားများကိုကယ်တင်ရန် ကားဖြင့် မောင်းသွားနေခဲ့သည်။ ယင်းမှာ၎င်း၏နောက်ဆုံးမစ်ရှင်ဖြစ်သည်။ လားရှိုးသို့အပြန် ၎င်း၏လူနာတင်ကားသည်လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဗုံးတစ်ခုကို နင်းမိပြီး ဗုံးဆံတစ်ခုက ၎င်း၏ဦးခေါင်းကိုထိမှန်ပြီး သေဆုံးသွားခဲ့သည်။

တောင်ပေါ်စခန်း

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတွင် အသစ်ရောက်ရှိလာသော မူးယစ်ဆေးသုံးသူများကို ခွဲထုတ်ဆောင်တစ်ခုတွင် ရက်အနည်းငယ် ချုပ်ထားသည်။ ယင်းနေရာတွင် ဆေးဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုကိုသက်သာစေရန် ဆေးမြစ်များစိမ်ထားသော ရေစည်ကြီးတစ်လုံးရှိသည်။ သို့သော်လည်း စခန်းက  သိမ်မွေ့စွာဆေးဖြတ်ခြင်းနှင့် ဆင်တူသည်။

ဒါရိုက်တာ ကိုချစ်မိုးပြို၏ရုပ်ရှင်က အင်္ကျ ီလက်မပါသော ဂျာစီများဖြင့် နံနက်ခင်းကိုယ်ကာယလေ့ကျင့်ခန်းလုပ်နေသာ ဆယ်ကျော်သက်၊သက်လတ်အမျိုးသားတစ်စုနှင့် ဖွင့်သည်။ အချို့ဂျာစီများပေါ်တွင် ငရဲမှ ပြန်လာသူ၊ တချို့ဂျာစီများပေါ်တွင် ဘဝခွန်အားသစ် စသည်ရေးထိုးထားသည်။

ယင်းမှတ်တမ်းရုပ်ရှင်က ဘိန်းနှင့် မက်သာဖက်တမင်းတို့၏ ကမ္ဘာ့အကြီးဆုံးရင်းမြစ်တစ်ခုဖြစ်နေသေးသော ရှမ်းပြည်နယ်ရှိ ဘဝပေါင်းများစွာကို ဖျက်ဆီးနေသော မူးယစ်ဆေးဝါးအကျပ်အတည်းကို လှစ်ဟပြသည်။
ယင်းစခန်းကို ကယန်း(ပဒေါင်) တိုင်းရင်းသားအုပ်စုကို ကိုယ်စားပြုသော ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်သည့် Kayan New Land Party က ၂၀၁၃ တွင် တည်ထောင်ခဲ့သည်။ ယင်းအဖွဲ့သည် ၁၉၉၄တွင် အပစ်ရပ်မှုမပြုလုပ်ခင်က အစိုးရကို တိုက်ခိုက်ခဲ့သည်။ ၎င်းအဖွဲ့သည် သေးငယ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဧရိယာတစ်ခုရရှိထားသည်။

ယင်းစခန်းသည် ရုပ်ရှင်တွင် ဖော်ပြထားသည့်အတိုင်း မွတ်စလင်နှင့် ဟိန္ဒူအပါအဝင် ဘာသာလူမျိုးအားလုံးမှ မူးယစ်ဆေးစွဲသူတို့အတွက် မျှော်လင့်ချက်မီးပြတိုက်ကြီးတစ်ခုဖြစ်သည်။

တောင်ပေါ်စခန်းသည် ကျမအမြင်အရ ယခုနှစ် YFS ထုတ်လုပ်ရေးတွင် အကောင်းဆုံးရုပ်ရှင်ဖြစ်သည်။ တောင်ပေါ်ဒေသတွင် လူမျိုးဘာသာပေါင်းစုံရောနေသည့်အဖွဲ့တစ်ခုကို ဖော်ပြလိုက်ခြင်းက နှစ်လိုဖွယ်ကာလများဖြင်ပြည့်နေသည်။ ဖော်ပြပုံက အမျိုးသားတစ်ဦးက တစ်ယောက်တည်း ပုလွေမှုတ်နေပုံ သို့မဟုတ် မီးပုံတစ်ခုပတ်လည်တွင် သီချင်းဆိုနေသော လူမျိုးပေါင်းစုံတို့ဖြစ်သည်။ ရုပ်ရှင်ကားတစ်ခုလုံးက ငြိမ်းချမ်းမှုလိုလားစေရေး လှုံ့ဆော်နေသည်။

ခေါင်းစီးဓာတ်ပုံ-လားရှိုးလူနာတင်ယာဉ်ရုပ်ရှင်မှ ဦးထွန်းမြင့်

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်ဆိုသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.