ငါးမွေးမြူရေးလုပ်ငန်းတွင် မလိုလားအပ်သော စည်းမျဉ်းစည်းကမ်းများ လျှော့ချပေးရန် တိုက်တွန်း

တစ်နိုင်ငံလုံးမှ ပြည်သူသုံးသန်းခန့်အား တိုက်ရိုက်အလုပ်အကိုင်ပေးနေသည့်  ငါးမွေးမြူရေးလုပ်ငန်းတွင် မလိုလားအပ်သော စည်းမျဉ်းစည်းကမ်းများကို လျှော့ချသင့်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနအဖွဲ့(ERIA)တို့ ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲတွင် တိုက်တွန်းခဲ့ကြသည်။

မြန်မာ့စီးပွားရေးကဏ္ဍတွင် မလိုလားအပ်သော စည်းမျဉ်းစည်းကမ်းများကို လျှော့ချခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးနှင့် စိန်ခေါ်မှုများခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ERIA နှင့် မလေးရှားထုတ်ကုန်ကော်ပိုရေးရှင်း(MPC) မှ ပညာရှင်များက မလိုအပ်သော စည်းမျဉ်းဝန်ထုတ်ဝန်ပိုးများကို လျှော့ချခြင်း၏ အခြေခံသဘောတရားများ၊ အာဆီယံနိုင်ငံများဖြစ်သော မလေးရှား၊ ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် အဆိုပါမလိုအပ်သော စည်းမျဉ်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုးများကို လျှော့ချခြင်းဖြင့် စီးပွားရေးကဏ္ဍတွင် ရရှိလာသော အကျိုးရလဒ်များအကြောင်းကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ထိုသို့ ဆွေးနွေးရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် မလိုလားအပ်သော စည်းမျဉ်းဝန်ထုတ်ဝန်ပိုးများကို လျှော့ချရာတွင် မြန်မာ့ငါးမွေးမြူရေးလုပ်ငန်း၌ စတင်အကောင်အထည်ဖော်သင့်ကြောင်း အဓိကထား တိုက်တွန်းဆွေးနွေးခဲ့ကြသည်။

ငါးမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ပဉ္စမမြောက်အများဆုံး ပို့ကုန်လုပ်ငန်းတစ်ခုဖြစ်ပြီး နှစ်စဉ်စုစုပေါင်း တိုင်းပြည်ထုတ်ကုန်၏ ရှစ်ရာခိုင်နှုန်းကို မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍမှ ရရှိလျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင်ငါးလုပ်ငန်းသည် ပြည်သူသုံးသန်းခန့်ကို တိုက်ရိုက် အလုပ်အကိုင်ပေးနေသလို ပြည်သူ  ၁၂ သန်းမှ မှ ၁၅ သန်း အထိအား သွယ်ဝိုက် အကျိုးပြုနေသော လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် မလိုအပ်သော စည်းမျဉ်းဆိုင်ရာဝန်ထုတ်ဝန်ပိုးများကို လျှော့ချ၍ အလျင်အမြန်တိုးတက်လာစေရန် ဦးစားပေးဆောင်ရွက်ရမည့်ကဏ္ဍဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ပါမောက္ခဌာနမှူး ဒေါ်သီတာကြူက ၎င်း၏ လေ့လာဆန်းစစ်မှု တွေ့ရှိချက်များအရ ငါးမွေးမြူရေးလုပ်ငန်းများတွင် မြေယာပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာနှင့် ပတ်သက်၍ မကြာခဏဆိုသလို အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါအငြင်းပွားမှုများသည် လုပ်ငန်းသစ်ချဲ့ထွင်ရန် အဓိကအဟန့်အတားဖြစ်စေသောကြောင့် လယ်ယာမြေဥပဒေကို ဖြေလျှော့ပေးသင့်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ လက်ရှိလယ်ယာမြေဥပဒေတွင် ငါးမွေးကန်များသည် လယ်မြေသတ်မှတ်ချက်အောက်တွင် မပါဝင်ပဲ လယ်မြေတွင် ငါးမွေးမြူပါက သက်ဆိုင်ရာဝန်ကြီးဌာနသို့ ခွင့်ပြုချက်တောင်းရန်လိုအပ်သလို ခွင့်ပြုချက်မရှိပဲ ငါးမွေးမြူလျှင် ဒဏ်ကြေးငွေကျပ် ၁၀ သိန်း ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့အပြင် လက်ရှိကျင့်သုံးလျက်ရှိသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးမှုဆိုင်ရာဥပဒေအရ ငါးမွေးမြူရေးလုပ်ငန်းကို အသေးစားနှင့် အလတ်စားလုပ်ငန်းအဖြစ် သတ်မှတ်ထားခြင်းမရှိသောကြောင့် တစ်နိုင်တစ်ပိုင် ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် အတိုးနှုန်းနည်းနည်းဖြင့် အစိုးရချေးငွေမရရှိနိုင်ပဲ အပေါင်ပစ္စည်းပေးနိုင်မှသာ ချေးအရင်းအနှီး ထုတ်ပေးခြင်းသည် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးစေရန် အဟန့်အတားတစ်ချက်ဖြစ်ကြောင်း ဒေါ်သီတာကြူက ဆက်လက်ဆွေးနွေးတင်ပြခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းရေးမှူး ဦးနိုင်ဝင်းကမူ ဝန်ကြီးဌာနအနေဖြင့် ငါးမွေးမြူရေးလုပ်ငန်းအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖြေလေ ျှာ့ပေးခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ၂၀၁၂ ခုနစ်ကစတင်ပြီး ငါးမွေးမြူရေးလုပ်ငန်း မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေမှာ စည်းမျဉ်းပိုင်းဆိုင်ရာတွေ များစွာဖြေလျှော့ပေးခဲ့ပါတယ်။ စုစုပေါင်း စည်းမျဉ်းစည်းကမ်းပေါင်း ၂၀ ပြင်ဆင်သတ်မှတ်ပေးခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ပြင်ဆင်သတ်မှတ်ပေးခဲ့သော စည်းမျဉ်းအချက် ၂၀ တွင် မှတ်ပုံတင်ကြေးကို မူလက အမေရိကန်ဒေါ်လာဖြင့်သာ ပေးသွင်းရမည့်အစား ယခုအခါမှတ်ပုံတင်ကြေးအတွက် ကျပ်ငါးသိန်းနှင့် သက်တမ်းတိုးခြင်းအတွက် ကျပ်သုံးသိန်းဟု မြန်မာကျပ်ငွေဖြင့် ပြင်ဆင်သတ်မှတ်ပေးခြင်းလည်း ပါဝင်သည်။ ထို့ပြင် ငါးမွေးမြူရေးလုပ်ငန်း လိုင်စင်သက်တမ်းကို ယခင်သုံးနှစ်မှ ငါးနှစ်အထိ ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်ကကလည်း “မြန်မာ့ရေချိုငါးမွေးမြူရေးလုပ်ငန်း ဥပဒေကို ကျွန်တော်တို့က သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းမှာ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ အဲ့ဒီတော့ ငါးလုပ်ငန်းတွေက သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း၊ ခရိုင်တွေနဲ့ပဲ ဥပဒေပြုပါတယ်။ အခုပြည်နယ်နဲ့တိုင်းအားလုံး ပြန်လည်ညှိနှိုူင်းပြီး ခိုင်မာတဲ့ သတ်မှတ်ချက် ထုတ်ပြန်ဖို့ ဆောင်ရွက်နေပါပြီ”ဟု ဆိုသည်။

၁၉၉၃ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့သော  မြန်မာ့ရေချိုငါးလုပ်ငန်းဥပဒေ၊  ငါးမွေးမြူရေးဥပဒေနှင့် မြန်မာ့ပင်လယ်ငါးဖမ်းဥပဒေ ၁၃ ကြိမ်မြောက်မူကြမ်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြင်ဆင်ရေးဆွဲလျက်ရှိသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က “ငါးလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ ကော်မတီတစ်ရပ် ဖွဲ့သင့်ပါတယ်။ ငါးမွေးကန်ပိုင်ရှင်တွေ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်တွေ၊ ဝန်ကြီးဌာနကတာဝန်ရှိသူတွေ၊ ငါးလုပ်ငန်းလုပ်ကိုင်နေတဲ့လူတွေအားလုံး ပါဝင်တဲ့ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ငါးမွေးမြူရေးဥပဒေရေးဆွဲနေတဲ့ အခုအချိန်ရော၊ ရေးဆွဲပြီး လက်တွေ့ကျင့်သုံးတဲ့အခါ ကိုက်ညီမှုရှိမရှိ ဆန်းစစ်တဲ့အခါမျိုးရော အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဦးဆောင်ပေးစေချင်ပါတယ်”ဟုပြောကြားသည်။

သတင်း-ဖြိုးသီရိသူ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.