ငါးနှစ်ကြာ ရထားနောက်ကျခြင်း

ဂျပန်နိုင်ငံအစိုးရက ရန်ကုန်မြို့ရှိ မြို့ပတ်ရထားကို အဆင့်မြှင့်တင်ရန် အမေရိကန်ဒေါ်လာသန်း ၂၅၀ ကူညီမှု သည် ရန်ကုန်မြို့ မြို့ပတ်ရထား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင်ရန် မျှော်လင့်နေသော ခရီသွားများ အတွက် သတင်းကောင်းတစ်ရပ် ဖြစ်ခဲ့သည်။

မြတ်ကျော်သူ ရေးသားသည်။

railway-1.jpg

 height=

height=

ရန်ကုန်မြို့ရှိ မြို့ပတ်ရထားကို ပုံမှန်စီးနင်းကာ ခရီးသွားလာနေရသော အသက် ၂၄ နှစ်ရှိ မလှစုခိုင် အတွက် ရထားတစ်နာရီခန့် နောက်ကျခြင်း၊ ရထား ပျောက်သွား (ရထား လုံးဝပေါ်မလာ)ခြင်းတို့သည် အံ့သြဖွယ်ရာ မဟုတ်တော့ပေ။
ရထားက လုံးဝ ပေါ်မလာခဲ့လျှင် မလှစုခိုင်၏ နေ့စဉ်ပို့ဆောင်ဆက်သွယ်ရေးကုန်ကျစရိတ် ကျပ် ၁၀၀ နှင့် အလုပ်သွားနိုင်မည် မဟုတ်တော့ပေ။ သူသည် ကျပ် ၄၀၀ တန် ဘတ်စ်ကားကို စီးရတော့မည် ဖြစ်သည်။

မလှစုခိုင်သည် တောင်ဒဂုံမြို့နယ် အရှေ့မြောက်ဘက် မြို့စွန်တွင် နေထိုင်သည်။ ၂၀၁၀ ပြည့် နှစ်မှစတင်ပြီး နေ့စဉ်အလုပ်တက်ရက်တိုင်း မြို့ပတ်ရထားကို စီးလေ့ရှိသည်။ သူသည် ရန်ကုန်မြို့လယ် တွင် ၂၀၁၀ ပြည့်နှစ်မှစ၍ သူ၏ ပထမဆုံး အလုပ်အကိုင်ကို လုပ်ကိုင်နေခြင်း ဖြစ်သည်။

“မြို့ပတ်ရထားက ကျွန်မရဲ့ နေ့စဉ်အလုပ်အတွက် မရှိမဖြစ် အရေးပါပါတယ်။ ကျွန်မတို့လို အောက်ခြေ လူတန်းစားတွေအတွက် ဘတ်စ်ကားခက နည်းနည်း ဈေးကြီးလွန်းပါတယ်” ဟုသူက ပြောသည်။ “ကျွန်မတို့က ရထားကို အရမ်းကြီး အားကိုးနေရပါတယ်။ ရထား ပျောက်သွားရင် ကျွန်မ အလုပ်ပျက်ရင်ပျက်၊ မဟုတ်ရင် ဈေးကြီးပေးပြီး ဘတ်စ်ကားပဲ စီးရတော့တာပါပဲ” ဟု သူက Frontier ကို ပြောပြသည်။

အားကိုးအားထား ပြု၍မရသော မြို့ပတ်ရထားကို တစ်ပတ်လျှင် ၆ ရက်ခန့် အားကိုးနေရခြင်းသည် စားစရိတ်နှင့် ပို့ဆောင်ဆက်သွယ်ရေး ကုန်ကျစရိတ်ကြားတွင် မျှတအောင် ခြိုးခြံလုပ်ဆောင်နေရသော သူ၏ ကုန်ကျစရိတ်အတွက် များစွာ ထိခိုက်စေပါသည်။

မျှော်လင့်မထားသော နေ့စဉ် အပိုကုန်ကျစရိတ်

မလှစုခိုင်၏ လစာဝင်ငွေသည် ကျပ် ၈၀,၀၀၀ ခန့်ရှိပြီး သူ့ဝင်ငွေ ထဲမှ ကျပ် ၆၀,၀၀၀ ကို သူမိဘများအတွက် ထောက်ပံ့ပေးရသည်။ ကျပ် ၁၀,၀၀၀ မှာ သူ၏ နေထိုင်စရိတ် ဖြစ်ပြီးကျန် ကျပ် ၁၀,၀၀၀ ထဲမှ သူ့အတွက် အစားအစာနှင့် ပို့ဆောင်ဆက်သွယ်ရေး စရိတ်တို့အတွက် အသုံး ပြုရသည်။ သူသည် နေ့စဉ် မြို့ပတ်ရထားဖြင့် ခရီးသွားနိုင်မည်ဆိုလျှင် သူ၏ ပို့ဆောင်ဆက်သွယ်ရေးစရိတ်သည် တစ်လလျှင် ကျပ် ၁,၅၀၀ ခန့်သာ ကုန်ကျမည် ဖြစ်သည်။ မလှစုခိုင်သည် ဘတ်စ်ကားဖြင့် ရုံးတက်ရ မည်ဆိုပါက တစ်ရက်လျှင် ကျပ် ၅၀၀ ကုန်ကျမည် ဖြစ်သည်။

မလှစုခိုင်၏ နေ့စဉ်ခရီးသွားမှုသည် သူနေထိုင်ရာ တောင်ဒဂုံမြို့နယ်နှင့် အနီးဆုံး မြို့ပတ်ရထား ဘူတာရုံဖြစ်သည့် တိုးကြောင်ကလေးသို့ ကျပ် ၁၀၀ တန် ဘတ်စ်ကား စီးနင်းခြင်းဖြင့် စတင်သည်။
၂၀၁၄ ခုနှစ်တွင် ပြုလုပ်သော သန်းခေါင်စာရင်းအရ ရန်ကုန်မြို့တွင် လူဦးရေ ၅ သန်းကျော် နေထိုင် လျက်ရှိသည်။ သို့သော် အနည်းငယ်ခန့်ကသာ မြို့ပတ်ရထားကို အသုံးပြုသည်။ Tokyo University’s Graduate School of Public Policy က ၂၀၁၂ ခုနှစ် မတ်လတွင် ထုတ်ပြန်သော စာစောင်တစ်ခုအရ ရန်ကုန် မြို့တွင် တစ်နေ့လျှင် မြို့ပတ်ရထား စီးနင်းသူဦးရေ ၁၃၀,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ယင်းမှာ ရန်ကုန်မြို့ လူဦးရေ၏ ၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု ဆိုသည်။ ၂၀၁၁ ခုနှစ်တွင်မူ မြို့ပတ်ရထား စီးနင်းသူဦးရေ တစ်နေ့လျှင် ၁၀၀,၀၀၀ ခန့်သာ ရှိသည်ဟု ဆိုသည်။

မလှစုခိုင်နှင့် မြို့ပတ်ရထားကို အားကိုးနေရသည့် အခြားဝင်ငွေနည်း ပြည်သူများအဖို့ ပိုမို သက်သောင့် သက်သာရှိသော ခရီးသွားလာမှုဆိုသည်မှာ လွယ်လွယ်နှင့် ဖြစ်လာမည် မဟုတ်ပေ။ အချိန်မှန် ပြေးဆွဲပေးသော မြို့ပတ်ရထားများ ရှိလာခြင်းသည် မြို့ပတ်ရထားကို အသုံးပြုနေရသော လူအများအပြားအတွက် ကြိုဆိုဖွယ်ရာ အချက်တစ်ခု ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အဖို့ ရထားနောက်ကျပါက မလိုအပ်ဘဲ အပိုငွေ ကုန်ရသောကြောင့် ဖြစ်သည်။

မြို့ပတ်ရထားကို ရှစ် နှစ်ခန့်ကြာအောင် အသုံးပြုလာသောအသက် ၃၀ အရွယ်ရှိ ကိုထွန်းဦးသည် ရထားနောက်ကျသောကြောင့် အလုပ်နောက်ကျသဖြင့် အလုပ်ရှင်၏ ဒဏ်ငွေချမှတ်ခြင်းကို ခံရလေ့ရှိသူ ဖြစ်သည်။ ကိုထွန်းဦးသည် မရမ်းကုန်မြို့နယ်တွင် နေထိုင်ပြီး ရန်ကုန်မြို့လယ်သို့ သွားလာခြင်းအတွက် တစ်နာရီခန့် ကြာမြင့်နိုင်မည် ဖြစ်သည်။

“ကျွန်တော် မြို့လယ်မှာ ရှိတဲ့ ကုမ္ပဏီ ၃ ခုလောက်မှာ အလုပ်လုပ်ဖူးပါတယ်။ ကျွန်တော် ရင်ဆိုင်ရတဲ့ တစ်ခုတည်းသော ပြဿနာက ရထားနောက်ကျလို့ အလုပ်နောက်ကျတာချည်းပါပဲ” ဟု သူက ပြောပြသည်။
“ဒါက ကျွန်တော်တို့ လစာကိုလည်း ထိခိုက်ပါတယ်”ဟု ကိုထွန်းဦးက ပြောပြသည်။ သူသည် လစာ ဝင်ငွေ ကျပ် ၁၂၀,၀၀၀ ရရှိပြီး အလုပ် နောက်ကျသောကြောင့် ဒဏ်တပ်ခံရသည်ငွေမှာ ကျပ် ၁၀,၀၀၀ ရှိသည် ဟု ဆိုသည်။
“ကျွန်တော်က ကျွန်တော့်သူငယ်ချင်းတွေကို အမြဲပြောလေ့ ရှိတယ်။ ရထားက ငါတို့ လစာတွေကို စားပစ်နေတာပဲလို့” ဟု သူက ရယ်မောရင်း ပြောပြသည်။

မြို့ပတ်ရထားမှာ တစ်နေ့တာအတွင်း အချိန်မရွေး နောက်ကျတတ်လေ့ ရှိပါသည်။ ရန်ကုန် ဘူတာကြီး တွင် ကျပန်းအင်တာဗျူးခဲ့သောခရီးသွား ၁၀ ဦး၏ အဆိုအရ ညနေရုံးဆင်းချိန် ရထားထွက်ခွာမှုများသည် တစ်လလျှင် ၁၀ ရက်ခန့် စုစုပေါင်းလျှင် နောက်ကျသည့် အချိန်ပေါင်း ၂ နာရီခန့် ရှိမည်ဟု ဆိုသည်။

သတင်းအချက်အလက်များလည်း ပြန်ကြားခြင်းမရှိ

ခရီးသွားများက ပြောဆိုရာတွင် ဘူတာများရှိ အကူအညီရရှိရေး တယ်လီဖုန်းလိုင်းများသည် အလုပ် မလုပ်ကြောင်း၊ ရထားအချိန်ဇယားနှင့် ရထားနောက်ကျမှုများနှင့်ပတ်သက်သော သတင်းအချက်အလက် များကို လုံလုံလောက်လောက် ထုတ်ပြန်ကြေညာပေးခြင်း မရှိကြောင်း ဆိုသည်။ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိ သူများက Frontier ကို ပြောကြားရာတွင် ခရီးသွားများကို ရထားခရီးစဉ် ဖျက်သိမ်းမှုများနှင့် နောက်ကျမှုများ ကို အသိပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဆိုသည်။ သို့သော် ယင်းအချက်ကို ခရီးသွားများက ငြင်းဆိုကြသည်။

ဝန်ထမ်းတစ်ဦးဖြစ်ပြီး မြို့ပတ်ရထားကို ပုံမှန်စီးနင်းသူလည်းဖြစ်သော မမွန်မွန်ထွေးက ရထားခရီးစဉ်များ ဖျက်သိမ်းခြင်း၊ နောက်ကျခြင်းများကို မည်သူကမျှ အသိပေးကြေညာခြင်း မရှိကြောင်း၊ ဘတ်စ်ကားစီးမလား၊ ရထားလာမှာပါလေ ဟု မျှော်လင့်ချက်ဖြင့် စောင့်မလားဟူသည်မှာ မိမိဘာသာ ဆုံးဖြတ်ရခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

၂၈ မိုင်(၄၆ ကီလိုမီတာ) ရှည်သော မြို့ပတ်ရထားလိုင်းတွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို မျှော်လင့်နေသော ခရီးသွားများအတွက် ယခုနှစ် အစောပိုင်း၌ သတင်းကောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဇူလိုင် ၄ ရက်တွင် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ရန်ကုန်မြို့၏ မြို့ပတ်ရထားကို ခေတ်မီအောင် လုပ်ဆောင်ပေးရန် ကတိပြုခဲ့ပြီး မြို့ပတ်ရထား အဆင့်မြှင့်တင်ရေးအတွက် ကနဦးချေးငွေ ဒေါ်လာသန်း ၂၅၀ ကို ထုတ်ချေးပေးခဲ့သည်။ ဂျပန်အစိုးရ၏ နိုင်ငံခြားကူညီရေး အဖွဲ့အစည်းဖြစ်သော Japan International Cooperation Agency(JICA) က ပြောဆိုရာတွင် JICA သည် ရထားအသစ်များနှင့် အချက်ပြစနစ်များကို ထောက်ပံ့ပေးမည် ဖြစ်သော်လည်း နိုင်ငံပိုင် မြန်မာ့မီးရထားက ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ဘူတာ ၃၈ ခု အဆင့်မြင့်တင်ခြင်းတို့ကို တာဝန်ယူရမည် ဖြစ်သည်။

နိုင်ငံပိုင် မီဒီယာကမူ ဂျပန်မှ ရထားတွဲများကို မြို့ပတ်ရထားလမ်းတွင် အစမ်းမောင်းနှင်ပြီး ဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့က ရထားအသစ်တွေ မလိုအပ်တော့ပါဘူး။ အခုလက်ရှိရထားတွေနဲ့ အဆင်ပြေပါတယ်။ ရထားတွေ အချိန်မှန်မှန် ပြေးဆွဲပေးဖို့သာ လိုအပ်တာပါ” ဟု ကိုထွန်းဦးက ပြောသည်။

မလှစုခိုင်က ပြောကြားရာတွင်မူ ပြီးခဲ့သော ငါးနှစ်လုံးလုံး သူသည် နေ့စဉ် ရထားစီးနင်းခဲ့ကြောင်း၊ သို့သော် အချိန်အတိအကျ ရောက်လာခြင်းမျိုး တစ်ခါမျှပင် မရှိဖူးကြောင်း ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.