ချင်းတောင်ပိုင်းပဋိပက္ခဒဏ် ဒေသခံတို့သာ ခံစားရ

တပ်မတော်နှင့် ရခိုင်စစ်တပ်တို့၏ တိုက်ပွဲများကြောင့် သီးခြားဖြစ်နေရသည့် မြို့ဖြစ်သော တောင်ပိုင်းချင်းပြည်နယ်မှ ပလက်ဝမြို့လေးဆီသို့ Frontier က သွားရောက်ခဲ့ပါသည်။ ပလက်ဝမြို့သည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် တွေ့ကြုံနေရပြီး ခူမီးချင်းများနှင့် ရခိုင်လူမျိုးများအကြား ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ကျော်လင်းထွန်း ရေးသားသည်။

တပ်မတော်နှင့် ရခိုင်စစ်တပ်တို့အကြား တိုက်ပွဲများကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှ ပလက်ဝမြို့လေးတွင် နေထိုင်ကြသူများသည် အခြားဒေသများနှင့်ဆက်သွယ်ပေးသော မြို့၏အဓိကအသက်သွေးကြောဖြစ်သည့် ကုလားတန်မြစ်အတွင်း စက်လှေများသွားလာမှု ဖြတ်တောက်ခံထားရသည့်အတွက် သီးခြားဖြစ်နေရသည့်ပြင် ဆိုးရွားသော အခြေအနေတစ်ခုက ထပ်မံဖြစ်ပေါ်လာပြန်လေသည်။

ပလက်ဝနှင့် ရခိုင်ပြည်နယ်အလယ်ပိုင်း ကျောက်တော်မြို့သို့ လွန်းပြန်ပြေးဆွဲနေသော စက်လှေများသည် တိုက်ပွဲများကြောင့် ဖေဖော်ဝါရီ အစောပိုင်းက ရပ်ဆိုင်းထားခဲ့ရသည်။ ဤပြေးဆွဲမှုများကို ဖေဖော်ဝါရီ ၂၇ ရက်က ပြန်လည်စတင်ခဲ့သော်လည်း သေနတ်ကျည်ဆံထိမှန်ပြီး ခရီးသည် ၅ ယောက် ထိခိုက်ခဲ့သည့်အတွက် တဖန်ပြန်လည်ရပ်ဆိုင်းထားခဲ့ရသည်။

သည်လိုစက်လှေပြေးဆွဲမှုပြတ်တောက်ခြင်း၏ သက်ရောက်မှုကို ဖေဖော်ဝါရီလယ်က ပလက်ဝကို ကျွန်ုပ် သွားရောက်ခဲ့စဉ်က သိသာထင်ရှားစွာတွေ့ရလေသည်။ ကျွန်ုပ်သည်လည်း လေးလအတွင်း ပြဿနာများ ဝိုင်းရံနေသော ထိုမြို့လေးသို့သွားရောက်သည့် ပထမဆုံးဂျာနယ်လစ် ဖြစ်လာသည်။

ဤခရီးသည် လွယ်ကူသော ခရီးတစ်ခုတော့ မဟုတ်ပေ။ ရန်ကုန်ကနေ မြောက်ဘက် မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူမြို့သို့ တစ်ညအိပ်ကားစီးရသည်။ ထို့နောက် အနောက်ဘက်သို့ ဦးတည်၍ အခြားဘတ်စ်ကားတစ်စီးနှင့့်် ကတ္တရာလမ်းဖြင့် ၃၂၀ ကီလိုမီတာခန့် နိမ့်ချည်မြင့်ချည်တောင်ကုန်းများကိုဖြတ်ကျော်သွားရပြီး ချင်းပြည်နယ် မတူပီမြို့ဆီသို့ ဖြောင့်ဖြူးသောလမ်းခရီးအဖြစ် ရောက်သွားခဲ့သည်။

ဘတ်စ်ကားဖြင့် မတူပီထိသာသွား၍ရပြီး ကျန် ၂၇၀ ကီလိုမီတာခရီးကို ဆိုင်ကယ်တစ်စီးငှားကာ ပလက်ဝသို့ ခရီးဆက်ခဲ့ရသည်။ မတူပီမှ ၁၄ ကီလိုမီတာခန့်တွင် ကတ္တရာလမ်းဆုံးပြီး ကျန်လမ်းမှာ တောအုပ်များဖုံးသည့် တောင်ကုန်းများဖြစ်ကာ ကြမ်းတမ်းသည့်ဖုန်ထူလမ်းများကို ဖြတ်သန်းသွားရခြင်းဖြစ်သည်။

မတူပီမှ ပလက်ဝသို့ ဘတ်စ်ကားတစ်တန် ဆိုင်ကယ်တစ်တန်နှင့် သွားခဲ့ရသောခရီးမှာ သုံးရက်ကြာခဲ့သည်။ မတူပီမှ ဆမီး (ပလက်ဝနှင့် ၂၀၀ ကီလိုမီတာကွာသည့်ခရီး) ကို တစ်ရက်သာကြာမည်ဟု ခန့်မှန်းခဲ့သော်လည်း နှစ်ရက်ကြာမြင့်ခဲ့သည်။ တပ်မတော်နှင့် အေအေတို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အဲသည်နေ့က ကျွန်ုပ်သည် နောက်ထပ်ခရီးမဆက်နိုင်သည့်အတွက် ဆမီးတွင် နောက်တစ်ည အိပ်ခဲ့ရခြင်း ဖြစ်သည်။

မတူပီနှင့် ဆမီးကြားတွင် ၃ ကီလိုမီတာသာ ကွာဝေးသော်လည်း လုံခြုံရေးဂိတ်နှစ်ခု ရှိနေသည်။ လုံခြုံရေးဂိတ်တိုင်းတွင် ကျွန်ုပ်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုပြပြီး ကျွန်ုပ်၏ ဘာသာနှင့်လူမျိုးကို မေးမြန်းခံရသည်။ ဖြစ်နိုင်ခြေရှိသည်မှာ ဤအရာသည် လုံခြုံရေးတပ်ဖွဲ့က သံသယနှင့် စောင့်ကြည့်ခံရသော ရခိုင်လူမျိုးများအပါအဝင် အေအေတပ်ဖွဲ့ဝင်များ ချင်းပြည်နယ်မှတဆင့် ရခိုင်ပြည်နယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်းကို တားဆီးနိုင်ရန်ဖြစ်နိုင်သည်။

တပ်မတော်နှင့်အေအေတို့၏ပဋိပက္ခကြောင့် ကုလားတန်မြစ်ရေကြောင်းပို့ဆောင်ရေးထိခိုက်ရသည်။ ဓာတ်ပုံ - ကျော်လင်းထွန်း

တပ်မတော်နှင့်အေအေတို့၏ပဋိပက္ခကြောင့် ကုလားတန်မြစ်ရေကြောင်းပို့ဆောင်ရေးထိခိုက်ရသည်။ ဓာတ်ပုံ – ကျော်လင်းထွန်း

အငြင်းပွားနေသော နယ်မြေ

ပလက်ဝမြို့သည် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ ကျွန်ုပ်သည် မြစ်ကမ်းတလျှောက်မှ ဝါးတဲတန်းလျားလေးများကို စက်လှေပေါ်မှနေ နီးနီးကပ်ကပ် တွေ့ခဲ့ရသည်။ ပလက်ဝအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် ရိုက်ကီးလူမှုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း Raiki Community Development Foundation တည်ထောင်သူ ဆလိုင်းကျော်ရွှန်းက တိုက်ပွဲကြောင့် အိမ်ရာများပစ်ပြေးခဲ့ရသော ပတ်ဝန်းကျင်တောင်ကုန်းများမှ ပြည်သူများလာရောက်ခိုလှုံနေကြသည့် တိုက်ပွဲရှောင်ပြည်သူများ နေထိုင်ရာနေရာများဖြစ်သည်ဟု ရှင်းပြသည်။

ဆလိုင်းကျော်ရွှန်းသည် ယင်းဒေသမှ အကြီးမားဆုံးလူမျိုးစုဖြစ်သော ခူမီးချင်းလူမျိုးများထဲမှ အသက် ၃၃ နှစ်အရွယ်အမျိုးသား ဆလိုင်းရွှေမြနှင့် ကျွန်ုပ်ကိုမိတ်ဆက်ပေးသည်။ သူ့လက်ရှိ စီးပွားရေးအခြေအနေကြောင့် ရိုးရာဓလေ့အရ ဧည့်ဝတ်မကျေနိုင်ဘဲ ရိုးရိုးရှင်းရှင်း ဧည့်ခံနေရသည်ကို သူ စိတ်ကသိကအောက် ဖြစ်နေပုံရသည်။ တိုက်ပွဲရှောင်ပြည်သူများသည် မြို့နယ်အုပ်ချုပ်ရေးထံမှ သူတို့လက်ခံရရှိသော အထောက်အပံ့ အနည်းငယ်အပေါ်မှာသာ မှီခိုနေရသည်။

“အစိုးရက ဒီဝါးတဲလေးတွေကို ကျွန်တော်တို့ကိုပေးဆောက်ခဲ့တယ်။ ကျွန်တော်တို့ ဒီမှာ ယာယီတော့ နေလို့ရမယ်လေ။ အစိုးရက ကျွန်တော်တို့ကို တစ်လဆန် လေးပြည် (၁၀ လီတာ) ပေးတယ်။ ကျွန်တော်တို့ရတာ ဒါပဲရှိတာ” ဟု ရွှေမြကပြောသည်။

ပလက်ဝတွင် တိုက်ပွဲများနှင့် ကုလားတန်မြစ်တွင်းရှိ စက်လှေများကို ရပ်ဆိုင်းထားရခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်မှာ တိုက်ပွဲရှောင်ပြည်သူများချည်းသာ မဟုတ်ပါ။ ပလက်ဝနှင့် ကျောက်တော်ကြားက ကုန်းလမ်းသယ်ယူပို့ဆောင်ရေးသည် ပြီးခဲ့တဲ့နှစ်အစောပိုင်းက ရပ်ဆိုင်းထားခဲ့ရ၍ ယခု ကုလားတန်ရေလမ်းပါ ဖြတ်တောက်ခံထားရခြင်းမှာ အခြေအနေများကို ပိုမိုဆိုးရွားစေသည်။ မကွေးတိုင်းဒေသကြီးဘက်မှ ကုန်းလမ်းကြောင်းသည် လမ်းခရီးဆိုးရွားသဖြင့် ခရီးမတွင်ပေ။

“ကျွန်တော်တို့ အကြီးမားဆုံး စိုးရိမ်တာက ဒီလိုပဋိပက္ခတွေ ဆက်ဖြစ်နေတာ ပလက်ဝက လူတွေအားလုံး စားနပ်ရိက္ခာပြတ်လပ်မှုဘေးနဲ့ ကြုံတွေ့လာရမှာကိုပဲ” ဟု (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပလက်၀ – ၁) မှ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းကန်တင့်က မတူပီတွင် ကျွန်ုပ်နှင့်တွေ့စဉ်က ပြောပါသည်။ ဆလိုင်းကန်တင့်သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းဝှေ့တင်း (အင်န်အယ်လ်ဒီ ချင်း – ၁၁) နိုဝင်ဘာ ၃ ရက်က အေအေတို့၏ ဖမ်းဆီးခေါ်ဆောင်ခံရပြီးကတည်းက ကြိုတင်ကာကွယ်သောအားဖြင့် မတူပီတွင် နေထိုင်နေခြင်းဖြစ်သည်။ ဆလိုင်းဝှေ့တင်းသည် ၂ လခန့် ထိန်းသိမ်းခံထားခဲ့ရပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ဆလိုင်းဝှေ့တင်း အဖမ်းခံရပြီးကတည်းက ပလက်ဝမှ ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးဦးစလုံး မည်သူမှ ပလက်ဝမှာ မနေရဲတော့ကြောင်း ဆလိုင်းကန်တင့်ကပြောသည်။ ၎င်းသည် နေပြည်တော်သွားသည့် ခရီးစဉ်တွင် ပလက်ဝမှ ကျောက်တော်သို့အသွား စက်လှေပေါ်၌ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဆလိုင်းဝှေ့တင်းကိုဖမ်းဆီးပြီး များမကြာမီ ရခိုင်လူမျိုးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် တိုက်ပွဲဝင်နေသော အေအေတပ်မတော်သည် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် အေအေတို့သည် ပလက်ဝကို အစဉ်အလာကြီးမားသော ရခိုင်နေပြည်တော်ကြီးမှ အုပ်ချုပ်ခဲ့သော ရခိုင်အမျိုးသားပိုင် နယ်မြေဒေသ တစ်ခုအဖြစ် အလေးထား မှတ်ယူပါကြောင်း၊ ခူမီးလူမျိုးများသည် ချင်းမျိုးနွယ်စုထက် ရခိုင်များသာ ဖြစ်ပါကြောင်း ရခိုင်မျိုးချစ်စိတ် ပြင်းပြသူများထဲမှ ကာလကြာရှည်စွာစွဲကိုင်ထားကြသည့် ယုံကြည်မှုကို အလေးပေးပြောကြားခဲ့သည်။

ဆမီးနှင့်ပလက်ဝလမ်းမှာ လမ်းပြုပြင်လုပ်ငန်းများကြောင့် ပုံမှန်ပိတ်နေတတ်သည်။ ဓာတ်ပုံ - ကျော်လင်းထွန်း

ဆမီးနှင့်ပလက်ဝလမ်းမှာ လမ်းပြုပြင်လုပ်ငန်းများကြောင့် ပုံမှန်ပိတ်နေတတ်သည်။ ဓာတ်ပုံ – ကျော်လင်းထွန်း

ဖေဖော်ဝါရီလကုန်ပိုင်းက ပြည်ပဖုန်းခေါ်ဆိုမှုတစ်ခုတွင် အေအေပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ခိုင်သုခ က ကျွန်ုပ်ကို ပလက်ဝသည် မြောက်ဦးက မြို့တော်ဖြစ်ခဲ့သည့် သမိုင်းဝင် ရခိုင်နေပြည်တော်ထဲက ဒေသတစ်ခုဖြစ်ကြောင်း ပြောပါသည်။

“ပြီးခဲ့တဲ့ရက်က ငါတို့ စပြီးပြောရတဲ့အကြောင်းက ဒါမဟုတ်သေးဘူး” ဟု ခိုင်သုခ ကပြောသည်။

“အစဉ်အဆက်က ရခိုင်တော်လှန်ရေးခေါင်းဆောင်တွေက ဒါကို သမိုင်းတလျှောက်လုံး ပြောခဲ့ကြတာ။ ပြီးတော့ အစဉ်အဆက် ရခိုင်တော်လှန်ရေးက ဒီပလက်ဝဒေသမှာ အခြေစိုက်ခဲ့တာ”

ဒါကို ခူမီးခေါင်းဆောင်များကတော့ ငြင်းဆိုထားပါသည်။

“ငါတို့ရဲ့ အစဉ်အလာဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေက ငါတို့ ရခိုင်နဲ့မတူဘူးဆိုတာ အခိုင်အမာ ပြနေတာပဲလေ၊ တခြားချင်းမျိုးနွယ်စုတွေလိုပဲ ငါတို့က တိဗက်က ဆင်းသက်လာတာ။ ပလက်ဝကိုလည်း သမိုင်းတလျှောက်လုံး ငါတို့ဘာသာ အုပ်ချုပ်လာခဲ့တာ” ဟု ပလက်ဝမြို့နယ်ရှိ ဆမီးမှ ခူမီးစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်သူ အသက် ၆၀ ရှိ ဆလိုင်းဝင်းကျော်က ပြောသည်။

ရှေးယခင်က နတ်ကိုးကွယ်သူ (ယခု အများစုမှာ ခရစ်ယာန်များဖြစ်သည်) ခူမီးတို့၏ မျက်မှောက်ခေတ်မတိုင်မီ ရှေးခေတ်ကစိုက်ထူထားခဲ့သည့် အထိမ်းအမှတ်ကျောက်ပုံများနှင့် အခြားအောက်မေ့ဖွယ် အထိမ်းအမှတ်တို့ကို ပလက်ဝတမြို့လုံးမှာ တွေ့နိုင်ကြောင်း ဦးဝင်းကျော်ကပြောပါသည်။

၂၀၁၈ ခုနှစ်က ရာထူးမှအနားယူခဲ့သည့် ယခင်ချင်းပြည်နယ်အစိုးရဝန်ကြီး ဆလိုင်းအိုင်ဆက်ခမ်း က ရခိုင်ဘုရင်ကို လက်ဆောင်ပဏ္ဍာဆက်သသည့် ခူမီးလူမျိုးဟူ၍ အထောက်အထားမတွေ့ဖူးကြောင်း ပြောပါသည်။

အေအေက ပလက်ဝကို ၎င်းတို့၏ အမာခံနယ်မြေအဖြစ် ထားရှိလိုသည့် လက်တွေ့ကျသောအကြောင်းရင်းမှာ ဝေးလံသော ပလက်ဝကျေးလက်ဒေသမှ အစောင့်အကြပ်မရှိသော ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားနိုင်သဖြင့် တပ်မတော်ရန်မှ ပုန်းရှောင်ရန် အသုံးဝင်သောကြောင့်ပါဟု ခိုင်သုခက ပြောပါသည်။

“အဲ့ဒီ့ဒေသကို ငါတို့သိမ်းဖို့ ကြိုးစားရတဲ့အကြောင်းရင်းကတော့ ပလက်ဝက ငါတို့အတွက် မဟာဗျူဟာကျလို့ပဲ” ဟုသူကပြောပါသည်။

သို့သော်လည်း ခူမီးတို့၏ အရေးပါသော ခေါင်းဆောင်အချို့ကမူ အေအေသည် ပထဝီအနေအထားအရ တရုတ်၏ မဟာဗျူဟာကျသော လွှမ်းမိုးလိုမှုအတွက် ကွင်းလယ်ကစားသမားအဖြစ် လုပ်ဆောင်နေသည်ဟု ယုံကြည်ကြသည်။ အေအေလက်နက်ကိုင်တပ်ဖွဲ့သည် သူတို့၏ဌာနချုပ်ကို မြောက်ဦးတွင် အခြေချထားရှိရန် ရည်ရွယ်သော်လည်း ယခုမူ ဌာနချုပ်မှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်တောင်ပိုင်းမှ ကီလိုမီတာ ၁,၀၀၀ မက ကွာဝေးသော တရုတ်နယ်စပ် ကချင်ပြည်နယ် လိုင်ဇာတွင် ရှိနေသေးသည်။

လုံခြုံမှုအတွက် အမည်မဖော်လိုသော ခူမီးလူမျိုးစု ခေါင်းဆောင်တစ်ယောက်က အေအေတို့က ရခိုင်တွင် အိန္ဒိယနိုင်ငံနှင့် အကြီးစားစီမံကိန်းကြီးများ လုပ်ဆောင်နိုင်ရေး၌ အတားအဆီးဖြစ်နေကြောင်းပြောသည်။ သူဆိုလိုသည်မှာ ဒေါ်လာ ဘီလျံဝက်နီးပါးကုန်ကျမည့် ကုလားတန်မြစ်မှတဆင့် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေနှင့် အိန္ဒိယအရှေ့မြောက်ပိုင်း ကာလကတ္တားကို ဆက်သွယ်ရန်ရည်ရွယ်သော အိန္ဒိယ- ကုလားတန်မြစ်အနောက်ဘက် Mutimodal Transit Transport Project စီမံကိန်းကို ရည်ညွှန်းပြောဆိုပုံရသည်။

“တရုတ်က ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မှာ သူသာ အဓိကချယ်လှယ်သူဖြစ်လိုတဲ့၊ မဟာဗျူဟာကျတဲ့ အကြောင်းရင်းကြောင့်ဆိုတာ ရှင်းနေတာပဲလေ” ဟု လူမျိုးစုခေါင်းဆောင်က ဆိုသည်။

ဆလိုင်းရွှေမြနှင့်မိသားစုဝင်များ။ ဓာတ်ပုံ - ကျော်လင်းထွန်း

ဆလိုင်းရွှေမြနှင့်မိသားစုဝင်များ။ ဓာတ်ပုံ – ကျော်လင်းထွန်း

မြေစာပင် ဖြစ်နေသော အရပ်သားများ

ကျွန်ုပ်သည် စစ်ပြေးဒုက္ခသည် ကိုရွှေမြနှင့် စကားပြောနေစဉ် အမြောက်သံများကြောင့် စကားစပြတ်သွားသည်။

ပလက်ဝရှိ ကုလားတန်မြစ်၏အရှေ့ဘက်အခြမ်းတွင် တပ်စွဲထားသော တပ်မတော်၏ ခြေလျင်တပ်ရင်း ၂၈၉ သည် ၁၅ မိနစ်တစ်ကြိမ်ခန့် အမြောက်များဖြင့် ပစ်ခတ်နေပါသည်။

ကိုရွှေမြ၏ တစ်နှစ်နှင့် ရှစ်နှစ်အရွယ် သမီးကလေးများသည် လက်နက်ကြီးသံများကြောင့် ကြောက်ရွံ့နေကြသည်။ စစ်၏အသံတို့က သူတို့ဘဝ၏ အစိတ်အပိုင်းများ ဖြစ်လာခဲ့ပြီဖြစ်သည်။

ထိုမိသားစုသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ပလက်ဝမြို့နယ်၏မြောက်ဘက် ခပ်လှမ်းလှမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် နီးကပ်နေသော သာယာကုန်းရွာတကြောက ကင်တလင်ရွာမှ အေအေတို့ ဖမ်းဆီးခေါ်ဆောင်ခံရသော အိမ်ထောင်စု ၂၅ စု နှင့် လူ ၅၃ ယောက်တို့ထဲမှ ဖြစ်သည်။

“သူတို့က ငါတို့ကို အထမ်းသမားအဖြစ် ခေါ်သွားတာ” ဟု ကိုရွှေမြကပြောသည်။ အသက် ၆၀ အောက် ကျန်းမာတဲ့ ယောက်ျားတွေအားလုံး သူတို့ရဲ့ဝန်စည်စလယ်တွေနဲ့ လက်နက်တွေ ဒိုင်းနမိုက်တွေ စတဲ့ပစ္စည်းတွေကို သယ်ပေးရတယ်”

ရွာသားများနှင့် သူတို့ကိုစောင့်ကြပ်သော အေအေတပ်ဖွဲ့ဝင်တို့သည် နယ်စပ်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ရွာတစ်ရွာရောက်သည်အထိ ၃ ရက်တိုင် တောကြီးမျက်မည်းထဲမှ ဖြတ်သန်းသွားခဲ့ရသည်။ အနားယူပြီးနောက် သူတို့သည် အေအေတို့အတွက် အထမ်းသမားလုပ်ပေးရန် အခြားရွာကို ရွှေ့ကြရပြန်ပြီး အတင်းအဓမ္မ စေခိုင်းခံရပြန်သည်။ ထိုသို့ခိုင်းစေခံရသည်မှာ ပြီးခဲ့သည့် သြဂုတ်လမှ သူတို့လွတ်လာသည်အထိ ၆ လခန့် ကြာသည်ဟု အဖမ်းဆီးခံရသော ရွာသားများက ပြောပါသည်။ သူတို့ကို တပ်မတော်က ပလက်ဝမြို့သို့ ပြန်လည်ပို့ပေးခဲ့ခြင်းဖြစ်သည်။

သူ အားလုံး ဆုံးရှုံးသွားရကြောင်း ကိုရွှေမြကပြောသည်။

“စုဆောင်းထားတာတွေရော၊ အိမ်တစ်လုံးရော၊ ကျွဲနွားတိရစ္ဆာန်တွေနဲ့ ကောက်ပဲသီးနှံတွေပါ ဆုံးရှုံးကုန်တယ်။ တခြားသူတေွလည်း အားလုံးဆုံးရှုံးကုန်တာပါပဲ” ဟု သူကပြောသည်။

ကိုရွှေမြကတော့ သူ့ရွာကိုပြန်ဖို့က ဘေးကင်းလုံခြုံမှုမရှိ၍ မပြန်လိုကြောင်း၊ ထိုမြို့မှာပဲ အိုင်ဒီပီအဖြစ် ဆက်လက်နေလိုကြောင်း အခိုင်အမာဆိုပါသည်။

“ငါရဲ့တစ်ခုတည်းသောဆန္ဒက အခုငါတို့နေနေတဲ့နေရာက ပျံကျနေရာ တစ်ခုလိုဖြစ်နေတော့ တာဝန်ရှိပုဂ္ဂိုလ်တွေက ငါတို့အတွက် အမြဲတမ်းနေထိုင်ဖို့ အိမ်ရာတွေ စီစဉ်ပေးစေချင်တာပါပဲ” ဟု သူကဆိုသည်။

ကျောက်တော်သို့သွားသည့်လမ်းကြောင်းပိတ်သဖြင့် ပလက်ဝမြို့၌ ကုန်စည်ဈေးများနှစ်ဆတက်ကုန်သည်။ ဓာတ်ပုံ - ကျော်လင်းထွန်း

ကျောက်တော်သို့သွားသည့်လမ်းကြောင်းပိတ်သဖြင့် ပလက်ဝမြို့၌ ကုန်စည်ဈေးများနှစ်ဆတက်ကုန်သည်။ ဓာတ်ပုံ – ကျော်လင်းထွန်း

ထိုအချိန်မှာပဲ မြို့တွင် လက်ရှိနေထိုင်နေကြသူများမှာလည်း စားနပ်ရိက္ခာရှားပါးမှု ဈေးနှုန်းကြီးမြင့်မှုများနှင့် ရင်ဆိုင်နေရသည်။ အဘယ်ကြောင့်ဆိုသော် အများစုမှာ ဆင်းရဲလာနေကြပြီး နေထိုင်ကြသူအများစုမှာ ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.