ခေတ်သစ်မြန်မာအမျိုးသမီးတစ်ဦးရဲ့ဒေါသစိတ်ကလေး

မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အမျိုးသားများနည်းတူ အသံလည်း ကျယ်ကျယ်လောင်လောင် မပြောနိုင်၊ ပျော်ပျော်ပါးပါးလည်း မနေနိုင်၊ အမျိုးသားများနဲ့တန်းတူ လွတ်လွတ်လပ်လပ်လည်း ဘယ်တော့မှ လုပ်ခွင့်မရှိပါ။

ပိုးဟန်သာကျော် ရေးသားသည်။

ကျွန်မ ဂျမေကာမှာ နေနေတာ ၁၄ နှစ်ရှိနေပြီး မကြာသေးခင်ကမှ ကျွန်မ မွေးဖွားခဲ့တဲ့ မြန်မာနိုင်ငံကို သွားခဲ့တဲ့ လေးလကြာခရီးစဉ်တစ်ခုကို အဆုံးသတ်ခဲ့ပါတယ်။ ကိုယ့်ရဲ့မိခင်တိုင်းပြည်ကို ပြန်လာရတာ အရမ်းကို သဘောကျပါတယ်။ ဒီလိုပြန်ခွင့်ရတာဟာ ဇာတိချက်ကြွေ မွေးရပ်မြေကို ပြန်ခြေချနိုင်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပြီး မတွေ့ရတာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်တဲ့ မိသားစုဝင်တွေနဲ့လည်း တစ်ကျော့ပြန် ဆုံတွေ့နိုင်တဲ့ အခွင့်အရေးပါ။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအကြောင်း သိရှိနားလည်မှု ရရှိခဲ့ရတာပါပဲ။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ ဘယ်လိုပြုမူသင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းမထား၊ ရေးမထားတဲ့ လိုက်နာရမဲ့ကျင့်ဝတ်တွေကြောင့် ဒါကလည်း အစမ်းသဘော အတွေ့အကြုံတစ်ခုပါ။ အဲဒီလိုကျင့်ဝတ်နဲ့ ကျွန်မနဲ့က အမြဲတမ်း ပဋိပက္ခဖြစ်နေတာပါ။ ဒါ့ကြောင့် လူမှုရေးအခင်းအကျင်းတွေမှာ ကျွန်မဟာ မြန်မာဆိုတာထက် ဂျမေကာနိုင်ငံသားတစ်ယောက်လို ပိုခံစားရပါတယ်။

အဲဒီလို ရေးမထားတဲ့ ကျင့်ဝတ်တွေကြောင့် အမျိုးသမီးတွေရဲ့အသံကို ဘယ်တော့မှ ကျယ်ကျယ်လောင်လောင် မကြားရဘူး။ အမျိုးသမီးတွေဟာ ဘယ်တော့မှ အပျော်ကြီး မပျော်နိုင်ဘူး။ ယောကျ်ားတွေလို မလွတ်လပ်ဘူး။ သာဓကအနေနဲ့ပြောရရင် အမျိုးသမီးတွေဟာ ညဘက်ဆို အပြင်မထွက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အိမ်မှာပဲ နေနေရလို့ပါလို့ ကျွန်မကို ပြောကြပါတယ်။ ဘာဖြစ်လို့လဲ။ ဒီလိုနေတာက သူတို့သဘောနဲ့လားလို့ ကျွန်မက ပြန်မေးကြည့်မိပါတယ်။

အမျိုးသမီးတွေ အပြင်ထွက်တာကို လူမှုရေးအရ လူ့အသိုင်းအဝိုင်းက လက်မခံနိုင်လို့ပါ။ တကယ်လို့ အပြင်ထွက်ရင် သတိထားဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတစ်ယောက် ညဘက်အပြင်ထွက်ရင် မကောင်းတဲ့မိန်းမ၊ ကာမဂုဏ်လိုက်စားတဲ့မိန်းမလို့ ယူဆခံရပါတယ်လို့ ကျွန်မကို ပြောကြပါတယ်။ ဒါ့ကြောင့် မိန်းမတစ်ယောက် ညဘက်အပြင်ထွက်တာ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

တကယ်တော့ ရေးမထားတဲ့ကျင့်ဝတ်ဟာ ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားလှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့  မြန်မာနိုင်ငံမှာ အမျိုးသမီးအားလုံးအတွက်တော့ မဟုတ်ပါဘူး။ ဝင်ငွေအမြင့်ပိုင်းမှာရှိတဲ့ အမျိုးသမီး အများအပြားအတွက်တော့ ညမထွက်ရ ယဉ်ကျေးမှုမျိုး မရှိပါဘူး။ အများအားဖြင့်တော့ သူတို့တွေကတော့ လွတ်လပ်တဲ့အမျိုးသမီးတစ်ဦးရဲ့ ခေတ်သစ်လူနေမှုပုံစံအတိုင်း နေကြတာပါ။ ဒါပေမဲ့ အမျိုးသမီးအများစုက ဝင်ငွေနိမ့်ပါတယ်။ နောက်ပြီး အများစု ထင်မြင်ယူဆချက်က လွှမ်းမိုးပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ညဘက်အပြင်မထွက်ရဘူးဆိုတာ မဟုတ်ပါဘူး။ အထူးသဖြင့် မြို့ကြီးတွေမှာ အများအပြားက ထွက်ပါတယ်။ ကျွန်မသွားတုန်းကလည်း ထွက်တာပါပဲ။ တခါတလေမှာတော့ အန္တရာယ်ကင်းရှင်းဖို့အတွက်က စိုးရိမ်စရာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမတစ်ယောက်ဖြစ်တယ်၊ ဒါကြောင့် အန္တရာယ်တော့ရှိတယ်။ ဒါပေမဲ့ပြဿနာက အမျိုးသားတစ်ယောက်ရဲ့နေထိုင်မှုပုံစံနဲ့ အမျိုးသမီးတစ်ယောက်ရဲ့နေထိုင်မှုပုံစံကြား စည်းခြားမှုတစ်ခု ရှိသင့်တယ်လို့ လူအများစုက လက်ခံနေလို့ပါ။

မတူတဲ့ယဉ်ကျေးမှုတစ်ခုထဲကို အနောက်တိုင်း အမြင်သဘောထားတွေ ကျွန်မ သွတ်သွင်းနေတာ မဟုတ်ပါဘူး။ သူများအပြောအဆို မခံရအောင် သိက္ခာထိန်းပြီးနေဖို့ အရေးကြီးတာ၊ ဘုန်းကြီးသီလရှင်တွေကို အရိုအသေပေးတာလို ယဉ်ကျေးမှု ခြားနားမှု ရှိတာတွေကို ကျွန်မလက်ခံပါတယ်။ တကယ်တော့ ကျွန်မကိုယ်တိုင်က ယဉ်ကျေးမှုနှစ်ခုနဲ့ ကြီးပြင်းခဲ့ရသူ တစ်ဦးဖြစ်နေတာပါ။

မြန်မာနိုင်ငံမှာ ယောကျ်ားလေးတစ်ယောက်အဖြစ်နဲ့သာ မွေးဖွားလာချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ဘယ်သွားသွား၊ ကျွန်မ စိတ်ကြိုက်ရွေးချယ်မှုတွေအပေါ် ဝေဖန်သုံးသပ်ချက်တွေရှိမှာ မဟုတ်လို့ပါ။ အိမ်မှာနေတဲ့ ယောကျ်ားလေးတွေအတွက် ပန်းကန်ဆေးတာကလွဲလို့ ကျန်တာဘာမှသင်ယူစရာမလိုဘူးလို့ ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောကြပါတယ်။ ဘာကြောင့်လဲ။ ဘာဖြစ်လို့လဲဆိုတော့ ယောကျ်ားလေးတွေဟာ မိသားစုအိမ်ကနေခွာပြီး အိမ်ထောင်သည် ဖြစ်လာတဲ့အခါ ဇနီးမယားလို့ခေါ်တဲ့ အရန်သင့် အိမ်ဖော်လေးတွေရှိတဲ့ ဘဝတစ်ခုကို ဦးဆောင်ကြရလို့ပါ။ 

သူတို့ရဲ့ခင်ပွန်းတွေအတွက် လိုရမယ်ရ ပစ္စည်းတွေ ဝယ်နေတဲ့ အမျိုးသမီးတွေကို ကျွန်မမြင်ဖူးပါတယ်။ အဆူခံရမှာစိုးလို့ပါ။

မနက်တိုင်း ခင်ပွန်းသည်တွေအတွက် မျက်နှာသုတ်ပုဝါ၊ သွားတိုက်ဆေးနဲ့ သွားတိုက်တံတွေ အတူချပေးတတ်တဲ့ အမျိုးသမီးတွေကိုလည်း တွေ့ဖူးပါတယ်။ ငါးနှစ်လောက်နေလာတဲ့ အိမ်ထဲမှာ ယောကျ်ားသားခမျာ လမ်းပျောက်နေမှာ စိုးလို့လားတော့ မသိပါဘူး။ ကျွန်မ ဒေါသသံ ထွက်နေပါသလား။ ဟုတ်ပါတယ်၊ ဒေါသထွက်နေပါတယ်။ ဆက်ပြောစရာတွေလည်း ရှိပါသေးတယ်။

အမျိုးသမီးတွေ အရက်သောက်တာ မကန့်ကွက်ဖူးလို့ဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ စကားပြောဖူးပါတယ်။ ဒါပေမဲ့ ယောကျ်ားတွေလောက်တော့ မသောက်သင့်ဖူးလို့ သူက ဆိုပြန်ပါတယ်။ တစ်ခုတည်းသော အကြောင်းပြချက်က မိန်းမတွေဖြစ်နေတဲ့အတွက်လို့ ဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ကိုယ်ချင်းစာတရားရှေ့ထားပြီး အမျိုးသားရော အမျိုးသမီးရော ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ စကားဝိုင်းအဆုံးသတ်မှာတော့ ဒါ့ကြောင့် မိန်းကလေးတွေ ညဘက်အပြင်မထွက်သင့်ဘူးဆိုပြီး ပြောလေ့ရှိပါတယ်။

မိသားစုဝင်တစ်ဦးကတော့ သူ့ရဲ့ ၂၄ နှစ်ရှိပြီဖြစ်တဲ့ သူ့သမီးဟာ အခုအချိန်အထိ ညဘက်မှာ  အပြင်မထွက်ဖူးသေးကြောင်းကို အဲဒီသမီးကပဲ ဆုတံဆိပ်ကြီး တစ်ခုရထားတဲ့ ပုံစံမျိုးပြောပါတယ်။ ဆိုလိုချင်တာက သူက သူ့သမီးကို နေ့ဘက်မှာသာ အပြင်ထွက်ဖို့ ထိန်းသိမ်းထားနိုင်လို့ သူဟာ ပီဘိမိခင်ကောင်း တစ်ယောက်ဖြစ်တယ်လို့ ပြောချင်ပုံပါပဲ။

တခြားဆွေမျိုးတစ်ဦးကလည်း သူ့ရဲ့ရည်းစားမိန်းကလေးကို ချီးကျူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးက သူနဲ့သာ အမြဲတမ်း တွဲခုတ်နေလို့ဖြစ်ပြီး သူကလည်း တခြားအမျိုးသားတွေနဲ့ တွဲခုတ်ဖူးတဲ့ အမျိုးသမီးတွေကို ငြင်းပယ်ခဲ့လို့ပါတဲ့။ သဘောကတော့ အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးနဲ့ အဲသည်အမျိုးသမီး တွဲဖူးတဲ့ အမျိုးသားအရေအတွက်တို့က ပြောင်းပြန်အချိုးကျနေတဲ့ပုံစံပါပဲ။

ခေတ်မီလွတ်လပ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ယောကျ်ားတွေ အများအပြားနဲ့ တွဲခုတ်တယ်။ ညတိုင်း အပြင်ထွက်တယ်။ အရက်တွေ သောက်တယ်။ အိမ်ကို ယောကျ်ားတွေနဲ့အတူ ပြန်တယ်လို့ ကျွန်မပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ ရွေးချယ်မှုနဲ့သာ ဖြစ်သင့်ပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ အိမ်မှာနေရင်း ချက်ပြုတ်မယ်။ ပန်းထိုးမယ် သက်သောင့်သက်သာပဲ။ အဲဒီလိုပဲ တခြားအမျိုးသမီးတစ်ဦးကလည်း တိုနံ့နံ့ ဝတ်ချင်ဝတ်မယ်။ နိုက်ကလပ် သွားချင်သွားမယ်။ မနက်သုံးနာရီမှ ပြန်ချင်ပြန်မယ်။

ပန်းကန်ဆေးလို့ သားဖြစ်သူကို ချီးကျူးမယ်ဆို မိန်းကလေးတစ်ဦး တတ်အပ်တဲ့အရာတစ်ခုအဖြစ် မညည်းညူစတမ်း ချက်တတ်ပြုတ်တတ်တဲ့ သမီးဖြစ်သူကို နှစ်ဆချီးကျူးသင့်ပါတယ်။

အမှားအမှန်ကို ဘယ်လိုခွဲခြားရမယ်ဆိုတာ မသင်ပြဘဲ ညဘက်အပြင်မထွက်တာ ပိုကောင်းတယ်ဆိုပြီး ထွက်ခွင့်မပေးတာကတော့ ဘဝအတွေ့အကြုံကို ပိတ်ပင်တာ၊ ရွေးချယ်ခွင့်မပေးတာနဲ့ အတူတူပါပဲ။

အမျိုးသမီးတစ်ယောက်က တစ်ယောက်ထက်ပိုတဲ့ အမျိုးသားတွေနဲ့ တွဲခုတ်တာနဲ့ပဲ ဆိုးဝါးတဲ့ အမျိုးသမီး၊ တနည်းအားဖြင့် အမည်းစက် စွန်းထင်းတဲ့အမျိုးသမီးလို့လည်း အဓိပ္ပာယ်မထွက်ပါဘူး။ တစ်ယောက်ထက်ပိုပြီး တွဲခုတ်တာဟာ တွဲခုတ်တာပါပဲ။ ဒီထက်မပိုပါဘူး။

မတူတဲ့ယဉ်ကျေးမှုတစ်ခုထဲကို အနောက်တိုင်း အမြင်သဘောထားတွေ ကျွန်မ သွတ်သွင်းနေတာ မဟုတ်ပါဘူး။ သူများအပြောအဆို မခံရအောင် သိက္ခာထိန်းပြီးနေဖို့ အရေးကြီးတာ၊ ဘုန်းကြီးသီလရှင်တွေကို အရိုအသေပေးတာလို ယဉ်ကျေးမှု ခြားနားမှု ရှိတာတွေကို ကျွန်မလက်ခံပါတယ်။ တကယ်တော့ ကျွန်မကိုယ်တိုင်က ယဉ်ကျေးမှုနှစ်ခုနဲ့ ကြီးပြင်းခဲ့ရသူ တစ်ဦးဖြစ်နေတာပါ။

ဒါပေမဲ့ လိင်ခွဲခြားဆက်ဆံမှုဟာ ယဉ်ကျေးမှု ခြားနားချက်တစ်ခု မဟုတ်ပါဘူး။ ဒီလိုဆက်ဆံမှုက ဖွံ့ဖြိုးတိုးတက်မှုအတွက် အနှောက်အယှက်တစ်ခုပါ။ သိသာကောင်းမွန်တဲ့ အပြောင်းအလဲတိုင်းအတွက် ပထမဆုံးခြေလှမ်းက ဒီလိုအပြောင်းအလဲ(ကျား-မခွဲခြားဆက်ဆံမှုကို ပြောင်းလဲမှု)ဟာ လိုအပ်တယ်ဆိုတာ ဝန်ခံရမှာပါ။

မြန်မာနိုင်ငံဟာ အလားအလာ အများကြီးရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကမ္ဘာနဲ့ အဆက်ပြတ်နေခဲ့ပါတယ်။ မကြာသေးခင်က နိုင်ငံရေးနယ်ပယ်မှာ ကျယ်ပြန့်တဲ့ ပြောင်းလဲမှုတွေရှိခဲ့သလို ကျား-မခွဲခြားဆက်ဆံမှု နိုင်ငံရေးအပြောင်းအလဲလည်း လုပ်သင့်ပါတယ်။ အဲဒီလို မလုပ်နိုင်သေးခင်အထိတော့ မိန်းမတစ်ဦးအဖြစ် မွေးဖွားလာရတာ ကံဆိုးနေရဦးမှာပါ။

အောင်ကျော်ဦး ဘာသာပြန်သည်။

ဒီဆောင်းပါးက စာရေးသူရဲ့ဘလော့ဂ်ဖြစ်တဲ့ Meanmarshmallows ပေါ်မှာ ဦးစွာဖော်ပြပါရှိခဲ့တာ ဖြစ်ပြီး စာရေးသူရဲ့ခွင့်ပြုချက်နဲ့ ပြန်လည်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.