ကျွန်ုပ်တို့ ဘယ်လိုနေထိုင်ကြသလဲ

မြန်မာနိုင်ငံ၏ လူနေမှု အဆင့်အတန်းကို စစ်တမ်းကောက်ယူကြည့်သည့်အခါ ပြည်သူများ၏ ဘဝနေထိုင်မှု အရည်အသွေးသည် တိုးတက်လာနေသော်လည်း တိုင်းရင်းသား လူနည်းစုများနှင့် ကျေးလက်ဒေသများတွင် မညီမျှမှုများ ရှိနေသည်ကို တွေ့ရသည်။ 

အစိုးရများအနေဖြင့် မူဝါဒ ဆုံးဖြတ်ချက်ကောင်းများ ချမှတ်နိုင်ရေးတွင် ပြည်သူများ မည်သို့ အသက်ရှင် နေထိုင်နေကြရသည်ကို သိရှိရန် လိုအပ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ဆယ်စုနှစ် များစွာကြာအောင် ထိုစစ်တမ်းကို ကောက်ယူခဲ့ခြင်း မရှိပေ။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းသည် အပြစ်အနာအဆာများ ရှိခဲ့သော်လည်း မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။ 

ပြည်လုံးကျွတ်စစ်တမ်းမှ တွေ့ရှိချက်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကနဦးထုတ်ပြန်ခဲ့သည်။ ၎င်းမှာ နေရာဒေသအလိုက် နိုင်ငံအတွင်း လူနေမှု အဆင့်အတန်းများ မည်သို့ပြောင်းလဲခဲ့သည်ကို ယခင်စစ်တမ်းများနှင့် နှိုင်းယှဉ် ဖော်ပြရန် ဖြစ်သည်။ 

ထိုစစ်တမ်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့၏ အကူအညီဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်းရှိ မြို့နယ် ၃၃၀ အနက် ၂၉၆ မြို့နယ်တွင် စစ်တမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်မူ မဆောင်ရွက်နိုင်ခဲ့ပေ။

လေ့လာတွေ့ရှိချက်များဖြစ်သည့် ပြည်သူများ၏ အလုပ်အကိုင် ဝင်ငွေ မည်မျှရရှိသည်နှင့် ဝင်ငွေအား အစားအသောက်၊ နေအိမ်၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားသော လိုအပ်ချက်များအတွက် မည်သို့ အသုံးပြုနေသည်ဟူသော အချက်အလက်များကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan) အတွက် အသုံးပြုသွားမည် ဖြစ်သည်။ 

စစ်တမ်း၏ ရလာဒ်များ အားလုံးကို ထုတ်ပြန်ကြေညာခြင်း မရှိပေ။ သို့သော် ငွေကြေးနှင့် မသက်ဆိုင်သည့် အချက်များကို လေ့လာခဲ့သောအခါ မြန်မာနိုင်ငံတစ်ဝန်း ဘဝနေထိုင်မှု အဆင့်အတန်း တိုးတက်လာသည်ကို တွေ့ရှိခဲ့ရသည်။

စွမ်းအင်

၂၀၀၅ ခုနှစ်မှ စတင်ပြီး လျှပ်စစ်မီး ပိုမိုရရှိလာသဖြင့် မြန်မာနိုင်ငံ၏ အသွင်သဏ္ဍာန် ပြောင်းလဲလာခဲ့သည်။ နိုင်ငံ၏ ပင်မ ဓါတ်အားလိုင်း ကွန်ယက်ကို တိုးချဲ့လာနိုင်ခြင်း၊ အကုန်အကျ သက်သာသော နေစွမ်းအင် လျှပ်စစ် ထုတ်ပေးသော စနစ်များကြောင့် တိုးတက်မှုများ ရှိလာသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် ဖြစ်သည်။ 

၂၀၀၅ ခုနှစ်တွင် ပြည်သူ ၂၀ ဒသမ ၃ သန်းခန့်သည် အလင်းရောင်အတွက် ဖယောင်းတိုင်နှင့် ရေနံဆီကို အသုံးပြုခဲ့ရသည်။ ၂၀၁၇ ခုနှစ်တွင် ၎င်းအရေအတွက်သည် သုံးသန်းခန့်အထိ ကျဆင်းသွားခဲ့သည်။ ထိုကာလအတွင်းတွင် အလင်းရောင်အတွက် လျှပ်စစ်မီး အသုံးပြုသော အိမ်ထောင်စု အရေအတွက်သည် နှစ်ဆခန့်အထိ တိုးတက်လာခဲ့သည်။ 

typeof=

နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းက လျှပ်စစ်ဓါတ်အား ကျယ်ကျယ်ပြန့်ပြန့် ရရှိလာစေသည်။ ၂၀၁၇ ခုနှစ်တွင် အိမ်ထောင်စုများ၏ လေးပုံတစ်ပုံသည် အလင်းရောင်အတွက် နေစွမ်းအင်သုံး လျှပ်စစ်ထုတ်ကို အသုံးပြုလာကြပြီ ဖြစ်သည်။ ၂၀၀၉ ခုနှစ်က နေစွမ်အင်စနစ် အသုံးပြုနိုင်သူ တစ်ဦးမျှ မရှိခဲ့ပေ။ 

နိုင်ငံ၏ ပင်မဓါတ်အားလိုင်းနှင့် ချိတ်ဆက်ထားသော အိမ်ထောင်စုမှာလည်း ၄၂ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။၂၀၀၅ ခုနှစ်တွင် ၂၂ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ နှစ်ဆခန့် တိုးတက်လာခြင်း ဖြစ်သည်။ သို့သော် ၎င်းမှာ အရှေ့တောင်အာရှဒေသတွင်  အနိမ့်ဆုံး အဆင့်၌သာ ရှိသေးသည်။ ကျေးလက်ဒေသရှိ ရွာများ၏ ၆၃ ရာခိုင်နှုန်းသည် ပင်မဓါတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်ခြင်း မရှိသေးပေ။ 

ရေနှင့် သန့်ရှင်းရေး

ကလေးများ သေဆုံးမှုနှင့် အာဟာရ မပြည့်ဝမှုအတွက် အဓိက အရေးပါသည့် သန့်ရှင်းသော သောက်သုံးရေ ရရှိမှုသည် ၂၀၀၅ ခုနှစ်တွင် ၆၅ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ပျမ်းမျှ ၈၃ ဒသမ ၄ ရာခိုင်နှုန်း (နွေရာသီတွင် ၇၉ ဒသမ ၄ ရာနှုန်းနှင့် မိုးရာသီတွင် ၈၇ ဒသမ ၄ ရာနှုန်း)အထိ တိုးတက်လာခဲ့သည်။

typeof=

ထိုသို့ မြင့်တက်လာခြင်းမှာ ပုဂ္ဂလိကလုပ်ငန်းများက ရေသန့်ဗူးများ ပိုမို ရောင်းချလာခြင်းကြောင့် ဖြစ်ပြီး ပိုက်ဖြင့် ရေဖြန့်ဝေသော စနစ်များ၊ မြေအောက်ရေကို ပိုမိုသန့်ရှင်းအောင် လုပ်ဆောင်ပေးခြင်းများ မရှိသေးပေ။ မြို့ပြဒေသများ၌ ရေသန့်ဗူးသောက်သုံးမှုသည် ၂၀၀၅ ခုနှစ်က ၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့သည် ကိုယ်ပိုင်ရေ ရရှိမှုနှုန်း အများဆုံးဖြစ်ပြီး နေအိမ် ၁၀ လုံးတွင် ၈ လုံးသည် ကိုယ်ပိုင်ရေ အရင်းအမြစ် ရရှိကြသည်။ ရခိုင်ပြည်နယ်၌ ၁၀ အိမ်တွင် ၂ အိမ်ကသာ ကိုယ်ပိုင်ရေ ရရှိနိုင်ကြသည်။ 

အိမ်သာမရှိသော နေအိမ်အရေအတွက်မှာလည်း ၂၀၁၄ ခုနှစ်က စတင်ကာ ၁၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ထက်ဝက်ခန့် ကျဆင်းသွားခဲ့သည်။ ရခိုင်ပြည်နယ်တွင် အဆိုးရွားဆုံးဖြစ်ပြီး နေအိမ်အားလုံး၏ ထက်ဝက်ခန့်တွင် အိမ်သာ မရှိကြပေ။ 

ပညာရေး

အမျိုးသမီးများ စာတတ်မြောက်မှုနှုန်း မြင့်မားလာသောကြောင့် မျိုးဆက်များအကြား စာတတ်မြောက်မှု မြင့်တက်လာခဲ့သည်။ အသက် ၆၀ မှ ၆၄ နှစ်ကြား အမျိုးသမီးများ စာတတ်မြောက်မှုသည် ၈၀ ရာခိုင်နှုန်းမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်ကြားတွင် ၉၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ကလေးများအကြား မိန်းကလေးနှင့် ယောင်္ကျားလေး စာတတ်မြောက်မှု ကွာဟချက် လုံးဝမရှိတော့ပေ။ 

မြန်မာနိုင်ငံတွင် စာတတ်မြောက်မှုနှုန်းသည် ၈၈ ဒသမ ၉ ရာခိုင်နှုန်းရှိလာပြီဖြစ်ပြီး ထိုင်းနိုင်ငံကို မီနိုင်ရန် အနည်းငယ်သာ လိုအပ်တော့သည်။ ထိုင်းနိုင်ငံတွင် စာတတ်မြောက်မှုနှုန်းသည် ၉၃ ရာနှုန်း ရှိနေပြီ ဖြစ်သည်။ ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံများထက်မူ မြန်မာနိုင်ငံက သာလွန်နေသည်။ အတွက်အချက် တတ်မြောက်မှုနှုန်းတွင် ၂၀၁၇ ခုနှစ်၌ ၉၁ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိလာသည်။ 

ထိုသို့ ကိန်းဂဏန်းများ မြင့်တက်လာနေသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ကွာဟချက်များ ရှိနေသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ထက်ဝက်ခန့်တွင် စာတတ်မြောက်မှုက ၉၀ ရာခိုင်နှုန်း ကျော်နေနိုင်သော်လည်း ကျန်ထက်ဝက်ခန့်တွင်မူ ၈၀ ရာခိုင်နှုန်း အောက်တွင်သာ ရှိနေသည်ကို တွေ့ရသည်။ 

typeof=

ကရင်နှင့် ရှမ်းပြည်နယ်တို့သည် စာတတ်မြောက်မှုနှုန်း အနိမ့်ဆုံး ဖြစ်နေသည်။ ၇၅ ရာခိုင်နှုန်းနှင့် ၆၅ ရာခိုင်နှုန်းတို့ အသီးသီးသာ ရှိကြသည်။ ရှမ်းပြည်နယ်မှ လူကြီးများ၏ သုံးပုံတစ်ပုံခန့်သည် မည်သည့် ဘာသာစကားဖြင့်မဆို လွယ်ကူသော စာကြောင်းတစ်ကြောင်းကိုပင် မရေးတတ်ကြကြောင်း တွေ့ရှိရသည်။ 

အသက် ၁၅ နှစ်နှင့်အထက် လူ ၃ ဒသမ ၉ သန်းခန့်မှာလည်း စာမတတ်ကြကြောင်း တွေ့ရှိရသည်။ ၎င်းတို့ထဲမှ သုံးပုံတစ်ပုံသည် ရှမ်းပြည်နယ်တွင်ဖြစ်ပြီး ထိုအထဲမှ ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြသည်။ 

တစ်နိုင်ငံလုံးတွင် ကလေးများ ကျောင်းအပ်သည့်နှုန်း တိုးတက်လာသော်လည်း ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ကလေး ၁၀ ယောက်တွင် တစ်ယောက်က ကျောင်းမနေကြပေ။ 

အလုပ်အကိုင် 

အလုပ်လုပ်ကိုင်သော အမျိုးသမီးအရေအတွက် မြင့်တက်လာသည်။ ၂၀၀၅ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၅၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ အလုပ်လုပ်နေသော အမျိုးသမီး ၉ ဒသမ ၈ သန်းရှိပြီး အလုပ်လုပ်နေသော အမျိုးသား ၁၁ ဒသမ ၉ သန်း ရှိသည်။ 

ကလေးအလုပ်သမား အရေအတွက် ကျဆင်းသွားသည်။ ၂၀၀၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ်၌ ကျောင်းနေသည့် ကလေးအနေအတွက် ပိုမိုများပြားလာပြီး ကျောင်းနေသည့်ကာလလည်း ပိုမို ရှည်လျားလာသည်။ အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြား ကျောင်းနေသော ရာခိုင်နှုန်းသည် ၂၀၀၅ ခုနှစ်တွင် ၅၈ ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် ၉၁ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ 

အလုပ်လုပ်ကိုင်သော လုပ်သားအင်အား အများစုသည် စက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။ စိုက်ပျိုးရေး မဟုတ်သော လုပ်ငန်းများမှ ဝင်ငွေရရှိသော အိမ်ထောင်စု အရေအတွက်လည်း မြင့်တက်လာခဲ့သည်။ 

စားသုံးမှုအတွက် ငွေကြေးသုံးစွဲမှု

၂၀၁၇ ခုနှစ်တွင် အိမ်ထောင်စုများ၏ ထက်ဝက်ကျော်တွင် ရုပ်မြင်သံကြားစက်နှင့် မော်တော်ဆိုင်ကယ် ပိုင်ဆိုင်လာကြသည်။ ၂၀၀၅ ခုနှစ်က ရုပ်မြင်သံကြားပိုင်ဆိုင်သူ ၂၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး မော်တော်ဆိုင်ကယ် ပိုင်ဆိုင်သူ ၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ 

တယ်လီဖုန်း ပိုင်ဆိုင်မှုမှာလည်း ၂၀၀၅ ခုနှစ်က ကျေးလက်ဒေသတွင် ၀ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး မြို့ပြဒေသများတွင် ၀ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၂၀၁၇ ခုနှစ်အရောက်တွင် ကျေးလက်ဒေသ၌ ၇၆ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး မြို့ပြဒေသတွင် ၉၃ ဒသမ ၄ ရာနှုန်းအထိ တိုးမြင့်လာခဲ့သည်။ ဖုန်းပိုင်ဆိုင်မှုသည် ကျေးလက်ဒေသတွင် အနည်းဆုံး ဖြစ်သည်။ အထူးသဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် လူဦးရေ အားလုံးထံ ကွန်ယက် မချိတ်ဆက်နိုင်သေးသောကြောင့် ပိုင်ဆိုင်မှုရာခိုင်နှုန်း အနည်းဆုံး ဖြစ်သည်။ 

typeof=

မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုမှုတွင် အမျိုးသားနှင့် အမျိုးသမီးများအကြား ကွာဟချက်များ ရှိနေသည်။ အသက် ၁၅ နှစ်နှင့် အထက် အမျိုးသမီး ၅၇ ရာနှုန်းသည် မိုဘိုင်းဖုန်းများကို အသုံးပြုနေကြသည်။ အမျိုးသားမှာမူ ၆၈ ရာခိုင်နှုန်းအထိ ရှိနေသည်။ အင်တာနက် အသုံးပြုမှုတွင် အမျိုးသမီးများ ၁၉ ရာခိုင်နှုန်းရှိပြီး အမျိုးသား ၂၉ ရာခိုင်နှုန်း ဖြစ်သည်။

အင်တာနက်ကို စတင်အသုံးပြုသူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ်တော့ အသုံးပြုမည်ဖြစ်သည်။ သို့သော် ထိုအချက်မှာလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကွဲပြားနေသည်။ ကချင်ပြည်နယ်တွင် အင်တာနက် အသုံးပြုသူ ၇၀ ရာနှုန်းခန့်သည်သာ နေ့စဉ်အသုံးပြုကြသည်။ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် နေပြည်တော်တို့တွင် နေ့စဉ်အသုံးပြုသူ ၉၃ ရာနှုန်းခန့်အထိ ရှိနေသည်။ 

ခေါင်းစီးဓာတ်ပုံ- မော်တော်ဆိုင်ကယ် ပိုင်ဆိုင်မှုနှုန်းသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ငါးဆအထိ တိုးပွားလာခဲ့သည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.