ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို CITIC Consortium လုပ်ကိုင်ခွင့်ရရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တရုတ်နှင့် ထိုင်းကုမ္ပဏီများ ပူးပေါင်းထားသည့် CITIC Consortium အား လုပ်ကိုင်ခွင့် ပြုလိုက်သည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့သည် စိစစ်ရွေးချယ်ရေး လုပ်ငန်းအဆင့်ဆင့်ကို ၂၈ လတိုင် နိုင်ငံတကာ အဆင့်အတန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ပြီးနောက် တင်ဒါတင်သွင်းခဲ့သည့် ကုမ္ပဏီ ၁၆ ခုထဲမှ CITIC Consortium အား လုပ်ကိုင်ခွင့်ပြုရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ CITIC Consortium သည် CITIC Group of Corporation၊ China Merchants Holdings (International) Co. Ltd.,၊ China Harbor Engineering Company Ltd နှင့် Charoen Pokphand Group Company Limited of Thailand တို့ ပေါင်းစည်းထားသည့် လုပ်ငန်းစုဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးကို ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ ၂၉  ရက်တွင် အတည်ပြုခဲ့ပြီးနောက် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့် လုပ်ငန်းစု၏ အမည်ကို ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ကျွန်တော်တို့ဆီကို နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပြီး တောင်းတာ တစ်ခုပဲ ရှိပါတယ်။ ဒါဘာလဲဆိုရင် ဒီကျောက်ဖြူစီးပွားရေးဇုန် သတ်မှတ်ပေးဖို့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ လွှတ်တော်က ဒီမှာ ကျောက်ဖြူ စီးပွားရေဇုန် သတ်မှတ်ဖို့ သဘောတူမတူ ဆုံးဖြတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ စီးပွားရေးမိုဒယ်ကတော့ နောက်တက်လာမယ့် အစိုးရ၊ တက်လာမယ့် အဖွဲ့အစည်းများက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးဖို့ပဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၂၉  ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

“ဒီစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ထူထောင်လိုက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအတွက်လည်း အကျိုးရှိတယ်။ ကျွန်တော်တို့အတွက်လည်း အကျိုးရှိမှာဖြစ်ပါတယ်။ အဲဒီလိုအကျိုးရှိတဲ့နည်းတူ နှစ်နိုင်ငံဆက်ဆံရေးဟာလည်း ပိုပြီးတော့ ကောင်းလာမယ်။ အဲ့ဒီနည်းတူ နှစ်နိုင်ငံ စီးပွားရေးတိုးတက်မှုဟာလည်း ပိုပြီးတော့ ကောင်းလာမယ်။ ဒီနေ့ဆွေးနွေးသွားသလိုပဲ ဒီစက်မှုဇုန် ထူထောင်လို့ရှိရင် နောင်သတ်မှတ်တဲ့ တစ်နှစ်ကို ဒေါ်လာသန်းသုံးထောင် သုံးဘီလျံ၊ ဒီ သုံးဘီလျံဆိုတဲ့ ဝင်ငွေဟာ ကျွန်တော်တို့ ဒီနေ့ အခုနပြောသွားသလို သစ်တွေရောင်းတယ်၊ သုံးဘီလျံ ဒီလောက်ရဖို့ ခက်တယ်။ ဒီမှာ ကျွန်တော်တို့က ဒီအသာစီးတွေ ရမယ်။ ဒီအခွင့်အလမ်းတွေရမယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တည်ရှိပြီး ရေနက်ဆိပ်ကမ်းနှစ်ခုပါဝင်ကာ စုစုပေါင်း ဧက ၄,၀၀၀ ခန့် ကျယ်ဝန်းမည်ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.