ကျောက်ဖြူဒေသမှ ဟာကွက်များကို ဖြည့်ဆည်းပေးရေး

အထူူးစီးပွားရေးဇုန်(Special Economic Zone-SEZ )နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းဒေသဖြစ်သော ကျောက်ဖြူဒေသ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများအနေဖြင့် လူ့အခွင့်အရေး အပြည့်အအဝ ရရှိစေရန်အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက်တစ်ရပ် လိုအပ်လျက်ရှိသည်။

ဗစ်ကီ ဘိုးမင်းနှင့် ရှောင်ဘိန်း ရေးသားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ကျောက်ဖြူမြို့နယ်ရှိ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ဘက်စုံအကဲဖြတ်သုံးသပ်ချက် တစ်စောင်ကို ပြုစုရန် မတ်လအတွင်းက တင်သွင်းခဲ့သော ၎င်းတို့၏ ကြားဖြတ်အစီရင်ခံစာတွင် တိုက်တွန်းထားသည်။ ရည်ရွယ်ချက်မှာ “အထူးစီးပွားရေးဇုန် (SEZ)က ဒေသခံပြည်သူများအပေါ် မည်သို့ထိခိုက်စေနိုင်သည်ဟူသောအချက်ကို စူးစမ်းလေ့လာရန်နှင့် ပြည်နယ်အတွင်းရှိ အခြားစီးပွားရေးလုပ်ငန်းများအား SEZ က မည်ကဲ့သို့ အကျိုးပြုနိုင်(သို့မဟုတ် ထိခိုက်စေနိုင်)သည်” ဆိုသည့်အချက်ကို ဖေါ်ထုတ်နိုင်ရန်ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက အကဲဖြတ်ချက် ဆောင်ရွက်ရေးအပါအဝင် ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ ထောက်ခံတင်ပြချက်များကို လက်ခံအတည်ပြုခဲ့သည်။

ကျောက်ဖြူဒေသတွင် ဘက်စုံအကဲဖြတ်ချက်ဆောင်ရွက်ရန် ထိုသို့တိုက်တွန်းချက်သည် မဟာဗျူဟာမြောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက်တစ်ရပ်ကို အစိုးရက ဆောင်ရွက်oသွားရန် ကျွန်ုပ်တို့ အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံ တာဝန်သိ စီးပွားရေးလုပ်ငန်း စင်တာ(Myanmar Centre for Responsible Business ) နှင့် အပြည်ပြည်ဆိုင် ရာဥပဒေပညာရှင်မျာ းကော်မရှင်(International Commission of Jurists)တို့၏ အဆိုပြုချက်ကို ထင်ဟပ်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ လူ့အခွင့်အရေးများနှင့် ပတ်သက်သော စိုးရိမ်မှုများကို ထိန်းချုပ်ရန်နှင့် စီမံကိန်းအ ကောင်အထည် ဖေါ်မှုများကြောင့် ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများကို စဉ်းစားဆောင်ရွက်ရန်ဖြစ်သည်။ (ဆင်းရဲသောနိုင်ငံများနှင့် သဘာဝဘေးဒဏ်ကျရောက်သည့် ဒေသများကို အကူအညီပေးသောအဖွဲ့ဖြစ်သည့်)  Oxfam  ကလည်း အလားတူထောက်ခံတင်ပြချက်ကို အစိုးရထံ တင်ပြထားသည်။

SEZ နှင့်ကျောက်ဖြူဒေသရှိ ဆက်စပ်စီမံကိန်းများ၏ အနာဂတ်ကို အစိုးရက အသစ်တစ်ဖန်ပြန်လည်အာရုံစိုက်လာကြောင်း သတင်းများတွင် ဖေါ်ပြလာချိန်၌ ကျွနု်ပ်တို့၏ ထောက်ခံတင်ပြချက်ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ရေနက်ဆိပ်ကမ်းများတစ်လျှောက် စက်မှုဥယျာဉ်(ဇုန်)များနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်မည့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများပါဝင်သော SEZ စီမံကိန်းက ရခိုင်ပြည်နယ်အလယ်ပိုင်းကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းဒေသများ၏ လူဦးရေနှင့် စီးပွားရေးသွင်ပြင် လက္ခဏာတို့ကို ပြုပြင်ပြောင်းလဲပေးမည်ဖြစ်သည်။ ရည်မှန်းထားသော ဆောက်လုပ်ရေးကာလ အနှစ် ၂၀ အတွင်းနှင့် ကာလအလွန်နှစ်ခုစလုံးတွင် ဒေသခံပြည်သူများနှင့် ပြည်နယ်စီးပွားရေးအပေါ် ထူးထူးခြားခြား ဂယက်ရိုက်ခတ်နိုင်ပေသည်။ 

ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ခဲ့သမျှ ဖွံ့ဖြိုးရေးစီမံကိန်းများအနက် အကြီးဆုံးဖြစ်သော ဖွံ့ဖြိုးရေးစီမံကိန်းကို တရုတ်နိုင်ငံသို့ တင်ပို့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အစဖြစ်သော ကျောက်ဖြူတွင် လက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ လမ်းကြောင်းများနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ပေးသည့် ရေလမ်းကြောင်းဆက်သွယ်ရေးအတွက် အဆောက်အဦးများ ပါဝင်သည့် ထိုစီမံကိန်းကို တရုတ်ရင်းနှီးမြှပ်နှံသူများက အများဆုံး ငွေကြေးထောက်ပံ့ပေးပြီး ပြည်ထောင်စုနှင့် ဒေသဆိုင်ရာစီးပွားရေးအရ ထူးခြားမှုများ ရှိနေသည်။

သို့သော်လည်း နေထိုင်သူပြည်သူများ၏ လူနေမှုဘဝ၊ လူ့အခွင့်အရေးနှင့် ရခိုင်ပြည်နယ်၏ စီးပွားရေးအပေါ် အဆိုးဖြစ်စေ၊ အကောင်းဖြစ်စေ ရိုက်ခတ်လာမည့် ဂယက်များနှင့်ပတ်သက်၍ ယနေ့အထိ ပြည့်စုံလုံလောက်စွာ စဉ်းစားထားခြင်း မရှိသေးပေ။  SEZ နှင့်ပတ်သက်သော စီမံချက်များက ရည်မှန်းချက်ကြီးမားသော်လည်း အသေးစိတ် သတင်းအချက်အလက်များ မရှိသေးပဲ စီမံကိန်းလုပ်ငန်းစဉ်များတွင်လည်း ပြည်သူလူထု၏ စစ်မှန်သော ပူးပေါင်းပါဝင်မှုမှာ ယနေ့အချိန်အထိ မရှိသေးပေ။

ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ပဋိညာဉ်စာချုပ်များနှင့် ငွေပေးချေမှုများကို မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးမြို့ တော်များတွင် ဆုံးဖြတ်ဆောင်ရွက်လျက်ရှိရာ မကောင်းသော ဂယက်ရိုက်ခတ်မှုများကို အများဆုံးခံစားရမည်မှာ ဒေသန္တရအဆင့်တွင် ဖြစ်သည်။ စီးပွားရေးအကျိုးအမြတ်များ တိုးတက် ကောင်းမွန်လာစေနိုင်သည်မှာလည်း ဒေသန္တ ရ အဆင့်များမှာပင် ဖြစ်သည်။ မကောင်းသော ဂယက်ရိုက်ခတ်မှုများကို ထိန်းချုပ်၍ အကျိုးအမြတ်ခံစားရရှိအောင် ဆောင်ရွက်ရာ၌ ဒေသတွင်းရှိ ပြည်သူတို့နှင့်အတူ အမျိုးသားအစိုးရနှင့် ဒေသန္တရအစိုးရ၊ ဒေသန္တရအစိုးရနှင့် နိုင်ငံခြား ကုမ္ပဏီများ အတူတကွ ပေါင်းစည်းဆောင်ရွက်ရန် လိုအပ်သည်။

လက်ရှိအချိန်တွင် ဝန်ကြီးဌာနအချင်းချင်း၊ အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့်ရှိ အစိုးရများအကြား ပေါင်းစပ် ညှိနှိုင်းမှုမရှိခြင်းက အခွင့်အလမ်းများကို ချုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ ဂယက်ရိုက်ခတ်မှုကို စီမံခန့်ခွဲရန် ဆောင်ရွက်သည့် နယ်ပယ်ကို ကျဉ်းမြောင်းစေသည်။ စီမံကိန်းများက ထူးခြားမှုရှိသော်လည်း SEZ စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ သို့မဟုတ် ကျောက်ဖြူမှ စတင်ဆောင်ရွက်မည့် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းပါ နှစ်ခုလုံးသည် ရခိုင်ပြည်နယ်၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းတွင် ပါဝင်ခြင်းမရှိပေ။

ကျောက်ဖြူနယ်မြေတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေးအတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက်တစ်ရပ် လိုအပ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ထားသည်။

၂၀၁၅ ခုနှစ် သဘာဝပတ်ဝန်ကျင် ထိခိုက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း(2015 Environmental Impact Procedure )တွင် မြန်မာနိုင်ငံဥပဒေ၏ အစိတ်အပိုင်းဖြစ်သော မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက်များကို “ မူဝါဒများ၊ စီမံချက်များနှင့် အစီအစဉ်များအတွင်း သဘာဝပတ်ဝန်းကျင်ကို ပေါင်းစည်းရန်နှင့် စီးပွားရေးနှင့် လူမှုရေးကိစ္စများတွင် အပြန်အလှန်ချိတ်ဆက်မှုများကို အကဲဖြတ်ရန်လေ့လာ ဆန်းစစ်မှုနှင့် ပူးပေါင်းပါဝင်မှုအရ ချဉ်းကပ်သော အတိုင်းအတာတစ်ရပ်”ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အခြေခံသဘောမှာ အလုံးစုံခြုံငုံပါဝင်သော ရေရှည်တည်တံ့မည့် အကဲဖြတ်ချက်အဖြစ် စီးပွားရေးနှင့်လူမှုရေး ကိစ္စများနှင့်အတူ သဘာဝပတ်ဝန်းကျင်အရေးကိုပါ ပေါင်းစည်းပေးရန်ဖြစ်သည်။

မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ချက်သည် စီမံကိန်းတစ်ချင်းအလိုက် ခွင့်ပြုချက် ရယူရာတွင် လိုအပ်ချက်တစ်ရပ်ဖြစ်သော သဘာဝပတ်ဝန်ကျင်ဆိုင်ရာ ဂယက်ရိုက်ခတ်မှု အကဲဖြတ်ချက်နှင့်မတူဘဲ သဘာဝပတ်ဝန်းကျင်နှင့် လူမှုကိစ္စရပ်များတွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကိုပါ ပေါင်းစပ်ပေးခြင်းဖြင့် အလုံးစုံ လွှမ်းခြုံပါဝင်သော ချဉ်းကပ်မှုမျိုးကို ဖေါ်ဆောင်ပေးကာ အပြန်အလှန်ဆက်နွယ်နေသော စီမံကိန်းများ၏ ဂယက်ရိုက်ခတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်ပေးသည်။

ကျောက်ဖြူဒေသတွင် ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေး မိတ်ဖက်များထံမှ ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီများရှိရန် ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအနေဖြင့် ထိုကဲ့သို့သောအကဲဖြတ်ချက်မျိုး ရရှိ နိုင်ရန်အတွက် လိုအပ်သောလေ့လာမှုများနှင့် ဆန်းစစ်ချက်များကို ဆောင်ရွက်ရန် လွတ်လပ်သော ကျွမ်းကျင်သည့် အတိုင်ပင်ခံလုပ်ငန်းကို တာဝန်ပေးဆောင်ရွက်သင့်သည်။

typeof=

ကျောက်ဖြူတွင် အစဉ်အလာအရရှိနေသော ငါးဖမ်လုပ်ငန်းနှင့် လယ်ယာလုပ်ငန်းတို့ဖြင့် အသက်မွေးမှုအပေါ် ဂယက်ရိုက်ခတ်မှုများ အပါအဝင် SEZ၊ ပင်လယ်ဆိပ်ကမ်းများ၊ ပိုက်လိုင်းများ၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေးနှင့် စွမ်အင်အခြေခံအဆောက်အအုံများကြောင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဂယက်ရိုက်ခတ်မှုများ တိုးပွားလာခြင်းကို အကဲဖြတ်ချက်တွင် ထည့်သွင်းစဉ်စားရမည်ဖြစ်သည်။

ဒေသခံပြည်သူတို့အား ရုပ်ပိုင်းဆိုင်ရာအရနှင့် စီးပွာရေးအရ ဖယ်ရှားမှုကို ရှောင်ရှားနိုင်ရန်၊ သို့မဟုတ် လျှော့ချပေးနိုင်ရန် မည်သို့ အကောင်းဆုံး ဆောင်ရွက်မည်ဟူသောအချက်နှင့် လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် ဆက်နွယ်ပြီး ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ဒေသခံတို့၏ တင်းမာမှုများနှင့် ပဋိပက္ခများအား မည်သို့လျှော့ချမည်ဟူသောအချက်ကိုလည်း ၎င်းက ဖြေရှင်းပေးနိုင်ရမည်ဖြစ်သည်။

စီးပွားရေးအရ နေရာများမှ ဖယ်ရှား၍ ပြန်လည်နေရာချထားသည့် ကာလအတွင်း လူ့အခွင့်အရေးများကို ကာကွယ်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စံများကိုအခြေခံသော တရားဥပဒေရေးရာ မူဘောင်တစ်ရပ်ရန် လိုအပ်သည်။ ၎င်းအချက်မှာ SEZ များအတွက်သာမဟုတ်ပဲ စီမံကိန်းအားလုံးအတွက် လိုအပ်နေသည်။

SEZ  ဥပဒေတွင် ဥပဒေကြာင်းအရ တာဝန်ခံမှုမရှိခြင်းနှင့် တရားမျှတမှုအတွက် ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံတွင် အကန့်အသတ်များ ရှိနေခြင်းတို့ကြောင့် မဟာဗျူဟာမြောက်အကဲဖြတ်ချက်က ပွင့်လင်းမြင်သာမှုကို တိုးတက် ကောင်းမွန်စေပြီး ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်များ၊ အရပ်ဘက်အဖွဲ့အစည်များနှင့် အခြားပါဝင်ပတ်သက်နေသူတို့၏ အမြင်များကို ပြောရေးဆိုခွင့်ပေးနိုင်မည်ဖြစ်သည်။ ယခုအဆင့်အထိ စီမံကိန်းများရေးဆွဲခြင်းနှင့် အဆုံးအဖြတ် ပေးခြင်းလုပ်ငန်းစဉ်တွင် တည်ရှိနေသော အဓိကကွာဟချက်များကို ၎င်းက ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

အကဲဖြတ်ချက်ကို တန်ဖိုးရှိပြီးတရားဝင်ဖြစ်အောင် ဆောင်ရွက်ရာတွင် ညှိနှိုင်းတိုင်ပင်မှုရှိရန်လည်း အရေးကြီးသည်။ သို့ သော်လည်း ဟန်ပြသဘော၊ သို့မဟုတ် ကုန်ကျစရိတ်နှင့် အချိန်ကိုလျှော့ချပြီး ဆောင်ရွက်မှုများသည်ကိုသာ တွေ့နေရသည်။ ဖွံ့ဖြိုးရေးမိတ်ဖက်များကလည်း စစ်မှန်ပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်ပါဝင်သော လုပ်ငန်းများကိုသာ ငွေကြေး ထောက်ပံ့သင့်သည်။

ယခုအကဲဖြတ်ချက်မျိုးနှင့် တူညီသော အခြားအကဲဖြတ်ချက်တစ်ခုမှာ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (International Finance Corporation – IFC )၏ ထောက်ပံ့မှုဖြင့် လောလောဆယ် ဆောင်ရွက်နေသော အကဲဖြတ်ချက် ဖြစ်သည်။ ၎င်းအကဲဖြတ်ချက်မှာ မြန်မာနိုင်ငံတွင်တစ်ခုတည်းသော အကဲဖြတ်ချက်ဖြစ်ပြီး ယင်းမှရရှိသောသင်ခန်းစာမှာ အကဲဖြတ်ချက်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်အကြာင်းကို အဆက်မပြတ်ဆက်သွယ် ချိတ်ဆက်ပေးနေရမည်ဆိုသော အချက်ဖြစ်သည်။ လုပ်ငန်းစဉ်များကို သံသယရှိပြီး ယုံကြည်မှုကင်းမဲ့သည့်အတွက်  အိုင်အက်ဖ်စီက အထောက်အပံ့ ပေးထားသော အကဲဖြတ်ချက်များအတွက် ညှိနှိုင်းတိုင်ပင်ရာတွင် အရပ်ဘက်အဖွဲ့အစည်းအများစုက ပူးပေါင်းပါဝင်မှုမရှိသည်ကိုလည်း တွေ့ရသည်။

ကီလိုမီတာ ၈၀၀ ရှည်လျားသည့် ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသည့် ရွှေသဘာဝဓာတ်ငွေ့စခန်းအား ကျောက်ဖြူ၌ တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ

ကီလိုမီတာ ၈၀၀ ရှည်လျားသည့် ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသည့် ရွှေသဘာဝဓာတ်ငွေ့စခန်းအား ကျောက်ဖြူ၌ တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ

ယခုအတွေ့အကြုံမှ သင်ခန်းစာယူလျက် ကျောက်ဖြူဒေသရှိ ပြည်တွင်း ပြည်ပ အင်န်ဂျီအိုများအနေဖြင့် မဟာဗျူဟာမြောက် အကဲဖြတ်ချက်နှင့် ၎င်းတို့၏ ဆက်နွယ်ပတ်သက်သော ဆုံးဖြတ်ချက်များအကြောင်း သတင်းအချက်အလက်များကို မျှဝေပေးပြီး  ဒေသခံများသိရှိနေအောင် ထောက်ပံ့ကူညီမှုပေးသင့်သည်။

ကျောက်ဖြူတွင်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးစီမံကိန်းမှ ဖြစ်ပေါ်လာမည့်ဂယက်ရိုက်ခတ်မှုများကို စီမံခန့်ခွဲရေးအတွက် ခိုင်မာပြီး ပွင့်လင်းမြင်သာမှုရှိသော စီမံချက်များမရှိသေးပါက SEZ အတွက် လက်ရှိဆောင်ရွက်နေသည့် ပြင်ဆင်မှု များကို ရပ်ဆိုင်းထားသင့်သည်။ ရပ်ဆိုင်းထားမည့်အထဲတွင် ဆောင်ရွက်နေဆဲဖြစ်သော လယ်ယာမြေသိမ်းဆည်းမှုများနှင့် ဒေသခံများ၏ လူ့အခွင့်အရေးကို ဖောက်ဖျက်မှုများလည်း ပါဝင်သည်။

SEZ အကြာင်းကိုပါဝင်ပတ်သက်နေသူတို့က ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး ဒေသတွင်းရှိအခြားသောရင်းနှီးမြှုပ်နှံ မှုများနှင့်အပြန်အလှန်မည်သို့ဆက်သွယ်ဆောင်ရွက်ရမည်ကိုမသိရှိသေးဘဲ တရုတ်နိုင်ငံမှ CITIC Group ဦး ဆောင်သည့် လေလံအောင်ထားပြီးဖြစ်သောဆောက်လုပ်ရေး ကုမ္ပဏီစုနှင့် ရင်နှီးမြှုပ်နှံသဘော တူစာချုပ် လက် မှတ်ရေးထိုးခြင်းကို အစိုးရက ဆိုင်းငံ့ထားသင့်သည်။

ကျောက်ဖြူတွင်ဆောင်ရွက်မည့် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက်သည် ယခုချိန်ထိ လူ့အခွင့်အရေးကို အဓိပ္ပာယ်ရှိရှိ အကောင်အထည်ဖေါ်နိုင်အောင် အထောက်အကူပြုခြင်း၊ သို့မဟုတ် ကျောက်ဖြူ၊ သို့မဟုတ် ရခိုင်ပြည်နယ်ရှိ ပြည်သူတို့၏ စီပွားရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသော ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို ပြန်လည်ပြင်ဆင်တည့်မတ်နိုင်အောင် အထောက်အကူ ပြုပေးသင့်သည်။

ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်ရှိ မြန်မာအစိုးရများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများကပါ အကြံပေးကော်မရှင်၏ ထောက်ခံတင်ပြချက်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထပ်ဆင့်ထောက်ခံတင်ပြချက်ကို အခြေပြု၍ ဆက်လက်ဆောင်ရွက်ကြလိမ့်မည်ဟု ကျွန်ုပ်တို့က မျှော်လင့်ထားသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.