ကျည်ဆန်နှင့် ကျမ်းစာ

ချင်းပြည်နယ်ရဲ့ သေနတ်ကိုင်ဓလေ့ကို အံတုသူ ခရစ်ယာန် ဘုန်းတော်ကြီး

အမဲလိုက်ခြင်းသည် ချင်းပြည်နယ်တွင် ယောက်ျားပီသမှု၏ အမှတ်အသား တစ်ခုဖြစ်သည်။ သို့သော် တောရိုင်းတိရစ္ဆာန် အရေအတွက် ကျဆင်းလာသဖြင့် သဘောထားများလည်း ပြောင်းလဲလာကြသည်။

ဂျော့ရှူဝါ ကာရိုး ရေးသားသည်။

ဓာတ်ပုံ – ရှားလော့ အင်္ဂလန်

ပါဆွန်ဆန် Pa Con Sang ၏ မျက်လုံးများသည် ယခင်ကလောက် မကောင်းတော့ပေ။  ယခုအချိန်တွင် မျက်စိကွယ်လုနီးနီး ဖြစ်သော ထိုအဖိုးအိုသည် ငယ်စဉ်က လျင်မြန်ဖြတ်လတ်သော အမဲလိုက် မုဆိုးတစ်ဦး ဖြစ်သည်။

ငယ်စဉ်ကဆိုလျှင် သူသည် ချင်းပြည်နယ်၏ တောင်တန်းများပေါ်တွင် လုပ်သေနတ် တစ်လက်ဖြင့် အမဲလိုက်နေသူ ဖြစ်သည်။ သူ၏ သားကောင်များသည် ချင်းပြည်နယ်တွင် ပေါများလှစွာ ကျက်စားနေကြသော တောဝက်၊ သမင်နှင့် တောင်ဆိတ်တို့ ဖြစ်သည်။ ကိုယ့်အလုပ် ကိုယ် ကျွမ်းကျင်လျှင် အမဲလိုက်ရသည်မှာ လွယ်ကူပါသည်။ သူ၏ မိသားစုနှင့် ရွာသားများကို မျှဝေရန် အသားများ ပေါများစွာ ရရှိခဲ့သည်။

“ကျုပ် တိရစ္ဆာန် အကောင်ရေပေါင်း ၆၀၀ ကျော် သတ်ပြီးခဲ့ပြီ” ဟု မုတ်ဆိတ်မွေးများပင် ဖြူရော်နေသော ဆွန်ဆန်က ဂုဏ်ယူဝံ့ကြွားစွာ ပြောပြသည်။ ထိုအချိန်တွင် ညနေခင်း နေရောင်သည် သူ၏ ဆောင်ဒိုရွာကလေးတွင် မှေးမှိန်ပျောက်ကွယ်သွားသည်။

“ကျုပ်ပြောတဲ့ အကောင်ရေ ၆၀၀ ထဲမှာ မျောက်တွေ မပါသေးဘူး။ ကျုပ်က မျောက်တွေကို ခွေးတွေသုံးပြီး အရင်ခြောက်လှန့်တယ်။ သစ်ပင်တွေပေါ်က ထွက်ပြေးတော့မှ ပစ်သတ်တာ။ တစ်ခါတုန်းကဆို တစ်ကြိမ်တည်းနဲ့ ၇ ကောင်ကို သတ်နိုင်ခဲ့ဖူးတယ်”

boy_learning_to_use_gun_2-a.jpg

သေနတ်များနှင့် အမဲလိုက်ခြင်းသည် ချင်းယဉ်ကျေးမှုတွင် အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ သို့သော် အချို့ ချင်းပြည်နယ်မှ အမျိုးသားများသည် သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ကို ပြန်အပ်နေကြသည်။ ဓာတ်ပုံ – ရှားလော့ အင်္ဂလန်

အသက် ၈၈ နှစ် ရှိပြီဖြစ်သော ဆွန်ဆန်၏ ဘေးတွင် ထိုင်နေသူမှာ အသက် ၃၄ နှစ် ရှိပြီဖြစ်သော ဆလိုင်း မန်ဆွန်နန် Salai Mang Cung Nang  ဖြစ်သည်။ သူသည် နူးညံ့သိမ်မွေ့သော ခရစ်ယာန် ဘုန်းတော်ကြီး ဖြစ်သည်။

သူက သူ၏ သေနတ်နှင့် လိုင်စင်ကို ဘာကြောင့် အာဏာပိုင်များထံ ပြန်အပ်ရသည်ကို ရှင်းပြပါသည်။ ချင်းပြည်နယ်တွင် တောရိုင်းတိရစ္ဆာန် အရေအတွက်သည် ကျဆင်းလာနေပြီး အမဲလိုက်ခြင်းက  တောပြုန်းမှုကိုပါ ဖြစ်ပေါ်စေလျက်ရှိသည်ဟု ခရစ်ယာန် ဘုန်းတော်ကြီးက ပြောပြသည်။ အဘယ့်ကြောင့်ဆိုသော် ရွာသားများသည် တောရိုင်းတိရစ္ဆာန်များကို မောင်းထုတ်ရန် တောများကို မီးရှို့ကြ၍ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ခရစ်ယာန် ဘုန်းတော်ကြီး၏ မိတ်ဆွေဖြစ်သူ ရွာသူကြီးသည်လည်း သူ၏ သေနတ်နှင့် လိုင်စင်ကို ပြန်အပ်ထားပါသည်။ အမဲလိုက်ခြင်း၏ အကျိုးဆက်များကို အာရုံစိုက်ကြစေရန် ဖြစ်သည်။ သူတို့သိထားသည်မှာ ပြည်နယ်ထဲတွင် မိမိဆန္ဒအလျှောက် သေနတ်များ ပြန်အပ်သူမှာ သူတို့နှစ်ဦးသာ ရှိလိမ့်မည်ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံရှိ လူအများစုကို သေနတ်ကိုင်ဆောင်ခွင့် မပြုထားသော်လည်း ယခင် စစ်အစိုးရသည် ချင်းပြည်နယ်ကို ခြွင်းချက်အဖြစ် ထားရှိခဲ့သည်။ ချင်းပြည်နယ်တွင် အစာရေစာ ရှားပါးမှုသည် ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှိနေ၍ အမဲလိုက်ခြင်းသည် ၎င်းတို့အတွက် အစာရေစာ လုံခြုံမှုကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။

bullet.jpg

မြန်မာနိုင်ငံ အနှံ့အပြားတွင် သေနတ်ကိုင်ဆောင်ခြင်းကို တားမြစ်ထားသော်လည်း အစိုးရသည် ချင်းပြည်နယ်ကို ခြွင်းချက်အဖြစ် ထားရှိသည်။ ချင်းပြည်နယ်တွင် အစာရေစာ ရှားပါးသောကြောင့် ဖြစ်သည်။ ဓာတ်ပုံ – ရှားလော့ အင်္ဂလန်

သို့သော် သေနတ်များသည် မိသားစုကို အစာရေစာ ထောက်ပံ့လိုသူများအတွက် အသုံးမဝင်တော့ပေ။ ချင်းပြည်နယ်အတွင်း ထိန်းသိမ်းစောင့်ရှောက်ထားသော ဘေးမဲ့တောပြင်ပတွင် သားကောင်များသည် ရှားပါးလာပြီဖြစ်သည်ဟု Fauna and Flora International အဖွဲ့ကြီး၌  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူအဖြစ် လုပ်ကိုင်နေသော ဦးငွေလွင်က ပြောသည်။

“အမဲလိုက် မုဆိုးတွေရဲ့ ဘဝက ပိုမို ခက်ခဲလာပါတယ်။ သေနတ်တွေက ပြောင်းခင်းတွေမှာ မျောက်တွေရဲ့ ရန်ကို ကာကွယ်ဖို့သာ အသုံးဝင်ပါတယ်” ဟု မန်ဆွန်နန်က ပြောပြသည်။

နေဝင်ရီတရော အချိန်တွင် ခရစ်ယာန် ဘုန်းတော်ကြီးကို မမြင်နိုင်သော ဆွန်ဆန်သည် အင်တာဗျူးကို ကြားဖြတ်ဝင်ပြောသည်။

“သူက ယောက်ျားမဟုတ်ဘူး။ သူက မိန်းကလေး။ သူက သေနတ် တစ်ခါမှ မပစ်ဖူးဘူး” ဟု အသက် ၈၀ ကျော် အဖိုးအိုက ပြောလိုက်သောအခါ ခရစ်ယာန် ဘုန်းတော်ကြီး၏ ဝရန်တာတွင် ထိုင်နေသော အခြားအမျိုးသားများက ဝိုင်းရယ်မိကြသည်။

“ကျုပ်တို့ရဲ့ ချင်းလူ့အဖွဲ့အစည်းမှာ ခင်ဗျားက အနည်းဆုံး သားကောင် ၃ ကောင် မသတ်ဖူးဘူးဆိုရင် ခင်ဗျားကို အရွယ်ရောက်ပြီးသား ယောက်ျားလို့ မသတ်မှတ်ဘူး” ဟု သူက ဆက်ပြောသည်။

playing_with_guns.jpg

ချင်းရိုးရာ အဝတ်အစားကို ဝတ်ဆင်ထားသော ချင်းအမျိုးသားတစ်ဦးက သေနတ်ဖြင့် ဓာတ်ပုံ အရိုက်ခံနေပုံ။ ဓာတ်ပုံ – ရှားလော့ အင်္ဂလန်

မန်ဆွန်ဆန်နှင့် ရွာသူကြီး ဆလိုင်း ဇိန်းသင်ဆိုင် Salai Zing Tin Sai တို့သည် ထို ဆင်းရဲနွမ်းပါးပြီး ဝေးလံခေါင်သီသော ချင်းပြည်နယ်တွင် လွှမ်းမိုးနေသည့် သေနတ် ယဉ်ကျေးမှုကို အံတုနေကြသည်။ ချင်းအမျိုးသား တစ်ယောက်သည် အရာ ၃ ခုကို တန်ဖိုးအထားဆုံး ဖြစ်သည်ဟု ရှေးဆိုရိုးတစ်ခုက ဆိုသည်။ ယင်းတို့မှာ သူ၏ ဇနီးသည်၊ သူ၏ အိမ်နှင့် သူ၏ သေနတ်တို့သာ ဖြစ်သည်။ တောင်ပေါ်ရှိ ဤရွာလေးသို့လာသော ကွေ့ကောက်ပြီး ကြမ်းတမ်းသော လမ်းမပေါ်တွင် ချင်းအမျိုးသားများသည် သေနတ်ကို ကျောသိုင်းပြီး မော်တော် ဆိုင်ကယ်ကို မောင်းနှင်သွားလာနေကြသည်။

လမ်းဘေးဝဲယာတွင်မူ သေဆုံးသွားသူများကို အထိမ်းအမှတ် ပြုလုပ်ထားသော ကျောက်တိုင်များတွင် အမျိုးသား တစ်ယောက်၏ တစ်ဘဝလုံး ရရှိထားသော အောင်မြင်မှုများကို ရေးသားဖော်ပြထားသည်။ ၎င်းမှာ ထိုသူ သတ်ဖြတ်ခဲ့သော သားကောင်များကို ဗီဒီယိုဂိမ်းများမှ ရမှတ်စာရင်းကဲ့သို့ စာရင်းပြုစုထားခြင်း ဖြစ်သည်။

ယင်း ကျောက်တိုင်များတွင် ထိုသူ ရည်းစား ၁၄ ဦး ရှိသည်။ တောဝက် ၉၂ ကောင်၊ သမင် ၅၂ ကောင်နှင့် မျောက် ၆ ကောင် သတ်ဖြတ်နိုင်ခဲ့သည် စသည်ဖြင့် ဖြစ်သည်။ နေထိုင်သူ ၃၅၀ ခန့်ရှိပြီး ကားဖြင့် မရောက်ရှိနိုင်သော ဆောင်ဒိုရွာတွင် သားကောင်သတ်ဖြတ်နိုင်မှုကို ဂုဏ်ပြုသည့် ယဉ်ကျေးမှုသည် ပြောင်းလဲလာနေပြီ ဖြစ်သည်။ တောရိုင်းတိရစ္ဆာန် အရေအတွက်များ ကျဆင်းလာသည့် ၂၀၀၀ ပြည့်နှစ် ရှေ့ပိုင်း ကာလများတွင် ရွာသားများသည် သူတို့၏ အမဲလိုက် အောင်မြင်မှုများကို အိမ်ပြင်တွင် ချိတ်ဆွဲကာ ဂုဏ်ယူခဲ့ကြသည်။

hunting_trophies_8.jpg

ချင်းပြည်နယ်ရှိ နေအိမ်တစ်ခု၏ အပြင်ဘက်တွင် ဂုဏ်ယူဝံ့ကြွားစွာ ချိတ်ဆွဲထားသော အမဲလိုက် သားကောင်များ၏ ဦးခေါင်းခွံများ။ ဓာတ်ပုံ – ရှားလော့ အင်္ဂလန်

ယခုခေတ်တွင်မူ တက္ကသိုလ်မှ ဘွဲ့ယူနေသော ဓာတ်ပုံများကို အိမ်အတွင်း ချိတ်ဆွဲသည်က ပိုမိုများပြား လာကြကြောင်း ဆလိုင်း ငဲပီ သီယန် အွတ်သန် Salai Nhgepi Thian Uk Thang က ပြောပြသည်။ သူသည် အနီးအနား ဖလမ်းမြို့မှ သတင်းစာတိုက် တစ်ခုတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။

ငဲပီသည် မတ်စောက်ပြီး ကျောက်တုံးထူထပ်သော လမ်းမတစ်လျှောက် မော်တော်ဆိုင်ကယ်ဖြင့် ရွာသို့ လာခဲ့သည်။ ခရစ်ယာန် ဘုန်းတော်ကြီးနှင့် ရွာသူကြီးထံမှ သေနတ်များနှင့် လိုင်စင်များကို ကောက်ယူရန် ဖြစ်သည်။ ဖလမ်းမြို့မှ အာဏာပိုင်များသည် သေနတ်ပြန်လည်အပ်နှင်းပွဲကို မတက်ရောက်လိုကြပေ။ ထို့ကြောင့် သူသည် လက်နက်များကို သူကိုယ်တိုင် ခရိုင်ရဲစခန်းသို့ သွားရောက်အပ်နှံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်ဖြစ်သူ ငဲပီသည် ပြီးခဲ့သောနှစ်တွင် ချင်းအမျိုးသား ဒီမိုကရေစီ ပါတီ Chin National Democracy Party တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆောင်ဒိုမြို့တွင် လူကြိုက်များခဲ့သည်။ သူသည် အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းကို မဲဆန္ဒနယ် နေရာအများစုတွင် ရှုံးနိမ့်ခဲ့သော်လည်း ဆောင်ဒိုရွာတွင်မူ သူအနိုင်ရခဲ့သည်။

gun_licence_of_returner_2.jpg

ချင်းပြည်နယ်ရှိ နေအိမ်တစ်ခု၏ အပြင်ဘက်တွင် ဂုဏ်ယူဝံ့ကြွားစွာ ချိတ်ဆွဲထားသော အမဲလိုက် သားကောင်များ၏ ဦးခေါင်းခွံများ။ ဓာတ်ပုံ – ရှားလော့ အင်္ဂလန်

နေဝင်သွားသောအခါ ငဲပီသည် မန်ဆွန်နန်နှင့် ဇိန်းသင်ဆိုင်တို့ကို သေနတ် ပြန်လည် အပ်နှင်းပွဲ တက်ရောက်ရန် စင်မြင့်ပေါ်သို့ ခေါ်ဆောင်သွားသည်။ ချင်းပြည်နယ်ရှိ မျိုးနွယ်စုများမှ တစ်ခုဖြစ်သော ငေါင် Ngawn မျိုးနွယ်စု၏ လူငယ်ညီလာခံသို့ တက်ရောက်ရန် ရာနှင့်ချီသော ရွာသားများသည် စုရုံး ရောက်ရှိလာကြသည်။

မနက်ပိုင်းက ထိုနေရာတွင် ငေါင်အမျိုးသမီးများသည် ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ကွင်းပြင်ကြီး တစ်ခုတွင် ဘောလုံးကွင်း ဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်ပြီး ကွင်းနံဘေး၌  စင်မြင့်တစ်ခု တည်ဆောက်ထားသည်။

သေနတ် ပြန်လည်အပ်နှံခြင်း မတိုင်မီ မိန့်ခွန်းများ ပြောကြပါသည်။ ဆွန်ဆန်၏ သားဖြစ်သော ပါကက်ထောင် Pa Kap Thaung သည် ရုပ်သံကွန်ရက် တစ်ခု၏ ချင်းပြည်နယ် ရုံးခွဲတွင် အကြီးအကဲ တစ်ဦးဖြစ်ပြီး သူသည် ရောက်ရှိလာသော လူအုပ်ကြီးအား တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ရန် သမ္မာကျမ်းစာထဲမှ စာသားများကို ကိုးကားပြီး တောင်းဆိုထားသည်။ တိရစ္ဆာန်များ အားလုံးသည် ဘုရားသခင် ဖန်ဆင်းပေးထားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ မိန့်ခွန်းပြောကြားနေစဉ်အတွင်း ပရိသတ်များကိုလည်း ဟာလယ်လူဂျာ Hallelujah ဟူ၍ ရေရွတ်ဟစ်အော်စေသည်။

သူသည် ခရစ်ယာန် ဘုန်းတော်ကြီးနှင့် ရွာသူကြီးတို့ကို စင်မြင့်၏ အလယ်သို့ ဖိတ်ခေါ်သည်။ ငဲပီ သည် သူတို့နှစ်ဦးကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး  သူတို့ထံမှ သေနတ်များကို လွှဲပြောင်းရယူကာ  စားပွဲပေါ်ရှိ ဖွင့်ထားသော သမ္မာကျမ်းစာ၏ ဘေးတွင် ချထားလိုက်သည်။

hunting_trophies_2.jpg

ချင်းပြည်နယ်ရှိ နေအိမ်တစ်ခု၏ အပြင်ဘက်တွင် ဂုဏ်ယူဝံ့ကြွားစွာ ချိတ်ဆွဲထားသော အမဲလိုက် သားကောင်များ၏ ဦးခေါင်းခွံများ။ ဓာတ်ပုံ – ရှားလော့ အင်္ဂလန်

ထိုနောက်တွင် မန်ဆွန်နန် မိန့်ခွန်းပြောရန် အလှည့်ကျရောက်လာပါသည်။

သူသည် တရားဟောသည့် လေသံအတိုင်း လူအုပ်ကြီးကို ပြောလိုက်ပါသည်။ “စောစောပိုင်းက အဖိုးအိုက ကျုပ်ကို ပြောတယ်။ ကျုပ်က သေနတ် တစ်ခါမှ မပစ်ဖူးလို့ မိန်းကလေးနဲ့ တူတယ်တဲ့။ ကျုပ်ရဲ့ အတွေးထဲမှာတော့ မိန်းကလေး ဖြစ်တယ်၊ ယောက်ျားလေး ဖြစ်တယ်ဆိုတာ သေနတ်ပစ်တာနဲ့ ဘာမှ မဆိုင်ပါဘူး။ သူက သူသတ်ခဲ့တဲ့ တိရစ္ဆာန် အရေအတွက် အပေါ်မှာ တန်ဖိုးသတ်မှတ်တယ်။ ကျုပ်က ကျုပ် ကယ်ဆယ်လိုက်တဲ့ တိရစ္ဆာန် အရေအတွက် အပေါ်မှာ တန်ဖိုးသတ်မှတ်တာပါ။

“ဆွန်ဆန်က ဒီဒေသမှာ တောဝက်တွေ၊ သမင်တွေ၊ တောင်ဆိတ်တွေ မျိုးပြုန်းလုနီးနီးဖြစ်အောင် လုပ်ခဲ့တာ သူ့မှာ တာဝန်ရှိတယ်လို့ ခံစားရမလား။ မဆိုင်ပါဘူး။ သူက အစိုးရရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကို အပြစ်တင်ရမှာပါ။ သူ ငယ်ရွယ်စဉ်တုန်းက အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်တွေ လက်အောက်မှာ အခြေအနေတွေက ကောင်းမွန်ခဲ့ပါတယ်။ အင်္ဂလိပ်တွေက အမဲလိုက်ရာသီဆိုပြီး သီးခြားကန့်သတ်ပေးခဲ့တာပါ” ဟု မန်ဆွန်နန်က ပြောလိုက်သည်။

“မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တဲ့ ဥပဒေတွေ အခုထိ ရှိပါသေးတယ်။ ဒါပေမဲ့ ဒါကို လိုက်နာတဲ့လူ နည်းပါးပါတယ်” ဟု Fauna and Flora International အဖွဲ့မှ ဦးငွေလွင်က ပြောသည်။ “ကျေးရွာအဆင့်မှာ ဥပဒေ မလိုက်နာတဲ့လူတွေကို အရေးယူနိုင်မှု ရှိရမယ်” ဟု သူက ဆိုသည်။

ဆောင်ဒိုရွာတွင် သေနတ်ပြန်လည်အပ်နှင်းပွဲ ပြုလုပ်ပြီးသည့် မနက်ပိုင်းတွင် ဘောလုံးကန် အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်များသည် ကြက်တွန်သံများ၊ ဝက်အော်သံများနှင့်အတူ ဘောလုံးကွင်းအတွင်း ပြေးလွှားကစားနေကြသည်။ နေလုံးကြီးသည် အနီးအနားရှိ တောင်ကုန်းပေါ်မှ ပြူထွက်လာသောအခါ မန်ဆွန်နန်နှင့် ဇိန်းသင်ဆိုင်တို့သည် ရွာထဲရှိ ဘုရားရှိခိုးကျောင်း တစ်ကျောင်းရှေ့တွင် တွေ့ဆုံကြသည်။ ငဲပီက သူတို့နှစ်ဦး၏ သေနတ်များကို Frontier မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးရန် ခေတ္တပြန်ပေးသည်။

shooting_man_cropped_1.jpg

ရှေးဆိုရိုးတစ်ခုအရ ချင်းအမျိုးသား တစ်ယောက်သည် သူ၏ ဇနီး၊ သူ၏ အိမ်နှင့် သူ၏ သေနတ်ကို တန်ဖိုး အထားဆုံး ဖြစ်သည်။ ဓာတ်ပုံ – ရှားလော့ အင်္ဂလန်

လူတစ်ယောက်က ယမ်းမှုန့်များ၊ ကျည်ဆန်နှင့် သေနတ်တစ်လက်ကို သရုပ်ပြရန် ယူဆောင်လာသည်။ ထိုလူက တောင်ကုန်းဘက်သို့ ချိန်ကာ သေနတ်ပစ်လိုက်သဖြင့် အသံကြီး ဟိန်းထွက်လာကာ လင်းလက်သွားသည်။ လူအုပ်ကြီးပေါ်တွင် မီးခိုးများ ဖုံးလွှမ်းသွားသည်။

ဘောလုံးပွဲအတွက် ပြင်ဆင်နေသော ဘောလုံးသမားများသည် သေနတ်ကို လေ့လာစူးစမ်းရန် ရောက်ရှိလာသဖြင့် အဖိုးအိုများက သေနတ်ဘယ်လို ပစ်ရသည်ကို သင်ပြပေးသည်။

“ကျုပ်လည်း ကျုပ်ရဲ့ သေနတ်လိုင်စင်ကို ပြန်အပ်ချင်တယ်။ ဒါပေမဲ့ ကျုပ်က သေနတ်ကို ငွေ ၅,၀၀၀ နဲ့ ရောင်းလိုက်ပြီ” ဟု အဖိုးအိုတစ်ဦးက ပြောသည်။

ရွာသူကြီးနှင့် ခရစ်ယာန် ဘုန်းတော်ကြီးတို့၏ လုပ်ရပ်သည် စစ်မှန်ပြီး ယခုရောက်ရှိနေသော ရာစုအတွက် အကျိုးဆက်ကောင်းများ ပေါ်ထွက်လာမည် ဖြစ်သည်။ မန်ဆွန်နန်က ယင်းအချက်ကို သဘောတူညီပြီး သဘောထားများ ပြောင်းလဲလာခြင်းသည် ချင်းပြည်နယ်၏ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းပေးနိုင်မည်ဟု ယုံကြည်သည်။

“ကျွန်တော်တို့က နောက်ကျကောင်း နောက်ကျနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပထမဆုံး ဦးဆောင်လုပ်သူတွေ ဖြစ်နိုင်ပါတယ်” ဟု မန်ဆွန်နန်က ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.