ကိုဗစ်-၁၉ စီးပွားရေးတုံ့ပြန်မှုအစီအစဉ် အစိုးရ ထုတ်ပြန်မည်

လာမည့်ရက်များအတွင်း ထုတ်ပြန်မည့် ကိုဗစ် – ၁၉ အားကျယ်ကျယ်ပြန့်ပြန့်တုံ့ပြန်ရေးအစီအစဉ်တွင် စီးပွားရေးပြန်လည်လှုံ့ဆော်ရေးအစီအမံများနှင့် ကျန်းမာရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းတို့သာမက ရန်ပုံငွေမည်ကဲ့သို့ ထောက်ပံ့မည်ဆိုသည့် အချက်များလည်းပါဝင်နေသည်။

သောမတ်စ် ကင်း(န်) နှင့် ကျော်လင်းထွန်း

စီးပွားရေး ပြန်လည်လှုံ့ဆော်ရေးအစီအမံများနှင့် လူမှုဖူလုံရေးအစီအစဉ်များကို ချဲ့ထွင်ခြင်းသာမက ပိုမိုများပြားလာမည့် ကိုဗစ် ၁၉ ကူးစက်မှုကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျန်းမာရေးအသုံးစရိတ်ပိုမိုသုံးစွဲရေးကိုပါ ထည့်သွင်းထားသည့် ကိုဗစ် ၁၉ တုံ့ပြန်ရေးအစီအစဉ်တစ်ခုကို မြန်မာအစိုးရက မကြာမီတွင် ထုတ်ပြန်တော့မည်ဖြစ်သည်။

ဖွံ့ဖြိုးရေးလက်တွဲဖော်များက နောက်ဆုံးမူကြမ်းနှင့်ပတ်သက်သည့်အမြင်ကိုဖော်ပြခြင်းအား စောင့်ဆိုင်းနေပြီး ကိုဗစ် ၁၉ ကျယ်ကျယ်ပြန့်ပြန့်တုံ့ပြန်ရေးအစီအစဉ်ကို မကြာမီတွင် ထုတ်ပြန်ရန် အစိုးရက စီစဉ်ထားသည်။

ကမ္ဘာ့ဘဏ်ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျကဲ့သို့ နိုင်ငံများလည်းပါဝင်နေသောကြောင့် အစီအစဉ်နှင့်ပတ်သက်၍ ပေါက်ကြားမှုမရှိစေရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများနှင့် အမေရိကန်ကဲ့သို့ နိုင်ငံများကို နောက်ဆုံးမူကြမ်းနှင့်ပတ်သက်၍ အကြီးအကျယ်တိုင်ပင်ခဲ့ပြီးဖြစ်သည်။

မူကြမ်းရေးဆွဲရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှအရာရှိများသည် Frontier ၏ တွေ့ဆုံမေးမြန်းလိုကြောင်း အဆိုပြုချက်ကို လက်မခံခဲ့ချေ။ ဝန်ကြီးဌာန၏ပြောခွင့်ရှိသူနှင့် အမြဲတမ်းအတွင်းဝန်လည်းဖြစ်သည့် ဦးထွန်းထွန်းနိုင်ကမူ အစီအစဉ်နှင့်ပတ်သက်၍ ၎င်းအနေဖြင့် သတင်းထုတ်ပြန်ပြောဆိုရန် မရှိကြောင်းသာ ဖြေကြားခဲ့သည်။

ကိုဗစ် – ၁၉ ကျယ်ကျယ်ပြန့်ပြန့်တုံ့ပြန်ရေးအစီအစဉ်နှင့် ပတ်သက်မှုရှိသည့် သတင်းအရင်းအမြစ်များက အစိုးရ၏စီးပွားရေးအစီအစဉ်များပြည့်ပြည့်စုံစုံပါဝင်ပြီး ဖွံ့ဖြိုးရေးလက်တွဲဖော်များက ချေးငွေချပေးမှုအပါအဝင် နည်းလမ်းများစွာဖြင့် ပိုမိုလွယ်ကူစွာထည့်ဝင်နိုင်စေမည့် အချက်များလည်းပါဝင်ကြောင်း Frontier ကိုပြောဆိုခဲ့သည်။

မတ်တွင် အတည်ပြုခဲ့သော ကိုဗစ် – ၁၉ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ထုတ်ချေးမည့် ကျပ် ဘီလီယံ ၁၀၀ ( ဒေါ်လာ ၇၀ ဒသမ ၁ သန်း) အစီအစဉ်သည်လည်း မကြာမီတွင် ထုတ်ပြန်မည့် အစီအစဉ်တွင် ပါဝင်နေသည်။ ထို့ပြင် စီးပွားရေးပြန်လည်လှုံ့ဆော်ရေးအစီအစဉ်သစ်နှင့် ကိုဗစ် – ၁၉ ကာကွယ်ရေးကြောင့် ထိခိုက်နေသည့် အုပ်စုများအား အကူအညီပေးမည့် အစီအစဉ်များလည်းပါဝင်နေသည်။ ကူးစက်ရောဂါကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ရန် ကျန်းမာရေးကဏ္ဍ သို့ ရန်ပုံငွေများလွှဲပြောင်းမည့် အဆိုပြုချက်လည်းပါဝင်သည်။

အစီအစဉ်တွင် အစိုးရ၏စီးပွားရေးပြန်လည်လှုံ့ဆော်မှုကမကထပြုချက်များအတွက် ငွေကြေးရရှိစေမည့် အလားအလာရှိသော အရင်းအမြစ်များဖော်ထုတ်ရေးကိုလည်း ဦးစားပေးထားသည်။ အစိုးရအနေဖြင့် အဆိုပြုထားသည့် လုပ်ဆောင်ဖွယ်ရာအားလုံးကို ဆောင်ရွက်ရမည်မဟုတ်ဘဲ အခြေအနေအရလိုအပ်ပါက လိုအပ်သည့်အတိုင်း အကောင်အထည်ဖော်ရန်သာ တာဝန်ရှိမည်ဖြစ်သည်။

အကျိုးဆက်အဖြစ် ကုန်ကျစရိတ်များကို ခန့်မှန်းခြေဖြင့်သာဖော်ပြမည်ဖြစ်သည်။ ကနဦးခန့်မှန်းချက်များအရ ဒေါ်လာဘီလီယံပေါင်းများစွာထက် ဒေါ်လာသန်းပေါင်းများစွာသာပါဝင်မည်ဟု Frontier က နားလည်ထားသည်။

“ဘယ်နေရာတွေမှာသုံးရမယ်ဆိုတာကို မသိတာတွေလည်းရှိပါတယ်။ COVID-19 ဘယ်လောက်ကြာဦးမယ်၊ မြန်မာမှာ ဘယ်လောက်ထိခိုက်မှုရှိမယ်ဆိုတာကိုလည်း မသိပါဘူး” ဟု အစီအစဉ်မူကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့ပြီး အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်တစ်ခုကပြောဆိုခဲ့သည်။

“အခုလောလောဆယ်မှာပြောနိုင်တာက အခြေအနေက ကျွန်တော်တို့ထင်မှတ်ထားတာထက် ပိုဆိုးတယ်ဆိုတာပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ စိုးရိမ်နေသလို မဆိုးတာလည်းဖြစ်နိုင်ပါတယ်၊ ကျွန်တော်တို့ မျှော်လင့်ထားသလို အခြေအနေဆိုးလာရင်လည်း အသင့်ဖြစ်နေအောင် ပြင်ဆင်ထားတာဖြစ်ပါတယ်” ဟု သူကပြောသည်။

အစီအစဉ်နှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ၎င်းတို့ကိုတိုင်ပင်ခဲ့သော်လည်း အတိအကျတော့ မသိကြောင်း စီးပွားရေးဦးဆောင်သူများကပြောဆိုခဲ့သည်။

“အစိုးရနဲ့ ကမ္ဘာ့ဘဏ်အပါအဝင် အဖွဲ့အစည်းတချို့က ဆက်သွယ်ပြီး ဘယ်လိုအကူအညီပေးရမလဲဆိုတာ မေးခဲ့ပါတယ်၊ သူတို့ဘယ်လိုတွေလုပ်ပေးလု့ိရတယ်ဆိုတာ အကြံပေးခဲ့တယ်၊ ဒါပေမဲ့ အစီအစဉ်ဘယ်လောက်ကြီးမားတယ်ဆိုတဲ့အချက်အပါအဝင် အပြည့်အစုံကိုတော့ မသိပါဘူး” ဟု မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုအသင်းချုပ်(UMFCCI)ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

“COVID-19 ကြောင့်စီးပွားရေးထိခိုက်တာ အတော်ကိုကြီးမားတယ်၊ လူ့အဖွဲ့အစည်းက အလွှာတိုင်းအဆင့်တိုင်းအပေါ်သက်ရောက်ခဲ့တာ၊ ဒါကြောင့် အစိုးရအနေနဲ့ ဒီအစီအစဉ်ကို အမြန်ဆုံးနဲ့ အထိရောက်ဆုံးအကောင်အထည်ဖော်ပါစေလို့ပဲ မျှော်လင့်ပါတယ်” ဟု သူကပြောဆိုခဲ့သည်။

တုံ့ပြန်မှုအပေါ် သဘောထားကွဲလွဲ

COVID-19 အား မည်ကဲ့သို့ တုံ့ပြန်မည်၊ တုံ့ပြန်ရေးအစီအစဉ်များအတွက် မည်ကဲ့သို့ ငွေကြေးထောက်ပံ့မည်တို့နှင့်ပတ်သက်၍ အဓိကကျသော စီးပွားရေးမူဝါဒဖော်ဆောင်သူများကြား သဘောကွဲလွဲမှုများရှိခဲ့သောကြောင့် COVID-19 ကျယ်ကျယ်ပြန့်ပြန့်တုံ့ပြန်ရေးအစီအစဉ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် စပ်စပ်ထိမခံသော ကိစ္စရပ်အဖြစ် သတ်မှတ်ထားကြောင်း အခြေအနေနှင့်ပတ်သက်မှုရှိသော သတင်းအရင်းအမြစ်များကပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အာဏာရရှိချိန် ၂၀၁၆ ခုနှစ် မတ်လ ကလည်းက ဘဏ္ဍာရေးနှင့်ပတ်သက်၍ ထိန်းထိန်းသိမ်းသိမ်းသာလုပ်ဆောင်ခဲ့သည်။ ဥပမာပေးရလျှင် ဗဟိုဘဏ်မှတစ်ဆင့် အစိုးရအား ချေးငွေထုတ်ပေးပြီး ဘဏ္ဍာရေးလိုငွေပြနေခြင်းကို ပြေလည်အောင်ဆောင်ရွက်ခြင်းမျိုးကိုလည်း အတတ်နိုင်ဆုံးရှောင်ရှားခဲ့သည်။

ရှေးရိုးစွဲဆန်သော မူဝါဒဖော်ဆောင်သူများသည် ပြည်ပချေးငွေအများအပြား နှင့် ဘဏ္ဍာရေးလိုငွေပြမှုကို ဗဟိုဘဏ်မှတစ်ဆင့် ချေးယူပြီး ဖြေရှင်းခြင်းတို့ကို မလုပ်ဆောင်လိုကြချေ။ ယင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဗဟိုဘဏ်မှတစ်ဆင့် ချေးငွေရယူပြီး လိုငွေပြနေခြင်းဖြေရှင်းမှုမျိုးကို ပြုလုပ်နေချိန်တွင် မြန်မာသည်လည်း စီးပွားရေးပြန်လည်လှုံ့ဆော်ရေးအတွက် ပြင်းပြင်းထန်ထန်လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောဆိုမှုများနှင့် ဆန့်ကျင်နေခဲ့သည်။

“ဘဏ္ဍာရေးအရ မလူးသာမလွန့်သာအခြေအနေရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးပြန်လည်လှုံ့ဆော်ရေးအစီအစဉ်ကိုချမှတ်ဖို့ဆိုတာ ဘယ်တုန်းကမှမလွယ်ခဲ့ဘူး၊ ဒါပေမဲ့ COVID-19 ကျယ်ကျယ်ပြန့်ပြန့်တုံ့ပြန်ရေးအစီအစဉ်လာပါပြီ” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးဆက်အောင်က ဧပြီ ၁၄ ရက်တွင် တွစ်တာ၌ ရှားရှားပါးပါးရေးသားခဲ့သည်။

“အခက်အခဲကြုံနေရချိန်မှာ အစိုးရက စီးပွားရေးပြန်လည်လှုံ့ဆော်ရေးအဖြစ် ပိုသုံးတာဟာ ဘဏ္ဍာရေးလိုငွေပြမှုကိုပိုစေတယ်၊ လိုငွေပြမှုပြဿနာကိုရှင်းဖို့အတွက် ငွေတိုက်စာချုပ်တွေကို ရောင်းချတာက စီးပွားရေးပြန်လည်လှုံ့ဆော်ရေးသက်ရောက်မှုအပေါ်ထိခိုက်သွားမှာကိုလည်း သတိထားရပါမယ်” ဟု သူက ဆက်လက်ရေးသားခဲ့သည်။

သို့သော် အစီအစဉ်ရေးဆွဲရာတွင် သဘောကွဲလွဲမှုရှိခဲ့သည်ဆိုသည့် ပြောဆိုမှုများ မမှန်ကန်ကြောင်း မူကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့သည့် သတင်းအရင်းအမြစ်တစ်ခုကပြောဆိုခဲ့သည်။

“ဒါကိုအရေးပေါ်အခြေအနေတုံ့ပြန်မှုလို့ပဲ သတ်မှတ်ထားပါတယ်၊မြန်မာမှာ ဘယ်သူမှ ရူးသွားမှာမဟုတ်ပါဘူး” ဟု သူကပြောသည်။

“အစီအစဉ်ကျကျနနမရှိဘဲ ငွေစက္ကူတွေ ပုံနှိပ်ထုတ်ဝေမယ်ဖို့ ဘယ်သူကမှပြောမနေပါဘူး၊ ဒါပေမဲ့ ဗဟိုဘဏ်ကနေ အစိုးရဆီကို ရန်ပုံငွေတွေကို အခြေအနေအချိန်အခါနဲ့အညီ လွဲှပြောင်းပေးဖို့ကိုတော့ လိုအပ်နေပါတယ်” ဟု သူကပြောသည်။

မြန်မာနိုင်ငံသည် ယခင်ကကဲ့သို့ အခြေအနေဆိုးဘက်သို့ ဦးတည်သွားမည်မဟုတ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများ လုပ်ဆောင်နေသည့် အတိုင်း လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သူကဆက်လက်ပြောဆိုခဲ့သည်။

ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများက အစိုးရအား အကြံဉာဏ်ပြောင်းလဲပေးအပ်ခဲ့ကြောင်း Frontier ကနားလည်ထားသည်။ ယင်းအဖွဲ့အစည်းများရှိ ထိပ်တန်းခေါင်းဆောင်များအတွေးပြောင်းသဖြင့် မြန်မာသို့ အကြံပြောင်းပေးခြင်းလည်းဖြစ်နိုင်သည်။ ထူးခြားသော အချိန်တွင် ထူးခြားသော ဆောင်ရွက်ချက်များကို ပြုလုပ်ရမည်ဖြစ်ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ဝင်များအနေဖြင့် COVID-19 တိုက်ဖျက်ရေးအတွက် လိုအပ်သလို သုံးစွဲရမည်ဖြစ်ကာ အများပြည်သူအသုံးစရိတ်ထိခိုက်သွားမည့်အချက်ကို လျစ်လျူရှုထားရမည်ဖြစ်ကြောင်း IMF ၏စီမံခန့်ခွဲမှုဒါရိုက်တာ ခရစ္စတာလီနာ ဂျော်ဂျီဗာက ဧပြီ ၁၅ ရက်တွင် ပြောဆိုခဲ့သည်။

သုံးနိုင်သမျှကိုသုံးထား၊ သုံးစွဲထားသမျှကိုလည်း မှတ်ထား ဟု သူက စီးပွားရေးပြန်လည်ဦးမော့ရေး ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ခံမှုရှိလာရေးအတွက် ရည်ညွှန်းပြောဆိုခဲ့သည်။

ကမကထပြုမှုသစ်များနှင့် အကောင်အထည်ဖော်ရေးတွင် ရှိနေသည့် စိန်ခေါ်မှုများ

အစိုးရကထုတ်ပြန်မည့် အစီအစဉ်တွင် ပိုမိုသုံးစွဲရေးအစီအစဉ်သစ်များလည်းပါဝင်ကြောင်း မူကြမ်းနှင့်ပတ်သက်မှုရှိသည့် သတင်းအရင်းအမြစ်တစ်ခုကပြောဆိုခဲ့သည်။ လက်ရှိချမှတ်ထားသည့် ကျပ် ၁၀၀ ဘီလီယံရန်ပုံငွေကို တိုးမြှင့်မှုမှတစ်ဆင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများလည်း ချေးငွေရရှိရေးကို အဓိကထားသည့် အချက်လည်းပါဝင်နေသည်။ ပုဂ္ဂလိကဘဏ်များ ပိုမိုထုတ်ချေးလာရေးအားပေးသည့်အနေဖြင့် ချေးငွေထုတ်ပေးမှုတချို့အတွက် အစိုးရဘက်က အာမခံချက်ပေးရန် အဆိုပြုချက်လည်းပါဝင်ကြောင်း အစီအစဉ်ရေးဆွဲရာတွင် ပါဝင်နေသည့် သတင်းအမြစ်တစ်ခုကပြောဆိုခဲ့သည်။ ထို့ပြင် ဝန်ထမ်းများကို ဆက်လက်အလုပ်ပေးထားပြီး လုပ်ငန်းလည်ပတ်မှုချဲ့ထွင်သည့် စီးပွားရေးလုပ်ငန်းများအား အခွန်ပေးဆောင်ရမည့်အချိန်ရွှေ့ဆိုင်းပေးထားခြင်းနှင့် အခွန်သက်သာခွင့်ပေးခြင်း အစရှိသည့် အစီအစဉ်များလည်းပါဝင်နေသည်။

ထိခိုက်နစ်နာသည့် အုပ်စုများသို့ ငွေကြေးလွဲှပြောင်းပေးခြင်းနှင့် အလုပ်အကိုင်ဖန်တီးပေးခြင်းတို့အပါအဝင်လူမှုဖူလုံရေးကမကထပြုဆောင်ရွက်များလုပ်ဆောင်ပေးရေးကို လည်း သုံးသပ်မည်ဖြစ်သည်။

ကျန်းမာရေးကဏ္ဍအတွက် ငွေကြေးပိုမိုသုံးစွဲခြင်းနှင့် ရှိပြီး အသုံးစရိတ်ထဲမှ ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများလွဲှပြောင်းပေးခြင်းတို့ကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။ ကျန်းမာရေးဆိုင်ရာကိရိယာများတင်သွင်းခြင်းအပေါ်ထားရှိသည့် ကန့်သတ်ပိတ်ဆို့မှုများ ဖြေလျှော့ခြင်းကဲ့သို့ လုပ်ဆောင်မှုများလည်းပါဝင်မည်ဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် ငွေလွှဲခြင်းကဲ့သို့ လုပ်ဆောင်မှုမျိုးကို အစိုးရကဦးဆောင်ခြင်းကဲ့သို့ ဖန်တီးမှုရှိသော ငွေကြေးပေးချေမှုစနစ်၊ အွန်လိုင်းမှတစ်ဆင့် စီးပွားရေးလုပ်ဆောင်သည့် စနစ်များနှင့်ပတ်သက်၍လည်း အစီအစဉ်တွင် ဖော်ပြထားသည်။

ယင်းအစီအစဉ်များအကောင်အထည်ဖော်ရာတွင် အခက်အခဲများရှိနေမည်ဖြစ်သည်။ အွန်လိုင်းမှတစ်ဆင့် ငွေလွှဲမှုတွင် ယင်း လွှဲပြောင်းမှုများအတွက် မြန်မာနိုင်ငံတွင် ကြပ်မတ်ဆောင်ရွက်နိုင်မှုနည်းပါးနေသေးသည်။ အကုန်အကျများလွန်းမည်ဖြစ်သဖြင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလွှဲပြောင်းမှုကိုသာကျင့်သုံးမည့် အစီအစဉ်ကိုမူ အကောင်အထည်မည်မဟုတ်ချေ။

ကျန်းမာရေးနှင့်ပတ်သက်လျှင်လည်း နောက်ထပ်ငွေကြေးသုံးစွဲရာတွင် အခက်အခဲရှိမည်ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လက်ရှိချထားပေးပြီး အသုံးစရိတ်ကိုပင် ကျနစွာသုံးစွဲရန် အခက်အခဲတွေ့ခဲ့သည်။ ယင်းကြောင့် နောက်ထပ်ရရှိလာသည့် ငွေများကိုမည်ကဲ့သို့စီမံခန့်ခွဲမည်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများရှိလာခဲ့သည်။

အဆိုပြုထားသော ဆောင်ရွက်ချက်များအား မည်ကဲ့သို့ ငွေကြေးထောက်ပံ့မည်ကို အစီအစဉ်တွင် အဓိကဖော်ပြထားသည်။ အသုံးစရိတ်လွဲှပြောင်းနေရာချထားခြင်းသာမက နိုင်ငံခြားအကူအညီ၊ ချေးငွေနှင့် ဗဟိုဘဏ်က အစိုးရအား ချေးငွေထုတ်ပေးခြင်းတို့မှတစ်ဆင့် နောက်ထပ်သုံးစွဲမှုများလည်းရှိလာမည်ဖြစ်ကြောင်း Frontier က နားလည်ထားသည်။

ငွေချေးစာချုပ်ထုတ်ရောင်းသည့် ဈေးကွက်သေးငယ်လွန်းခြင်းနှင့် ဘဏ်များအား ငွေတိုက်စာချုပ်ကိုဝယ်ယူစေခြင်းထက် စီးပွားရေးလုပ်ငန်းများအား ချေးငွေထုတ်ပေးခြင်းကိုသာ ပိုမိုလိုလားသောကြောင့် ပုဂ္ဂလိကဘဏ်များအား ငွေတိုက်စာချုပ်ထုတ်ရောင်းခြင်းဖြင့် ငွေကြေးထောက်ပံ့မှုရှိလာရေးအစီအစဉ်ကိုမူ အစိုးရအရာရှိများက လိုလားခြင်းမရှိချေ။

နိုင်ငံစုံအဖွဲ့အစည်းများနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများပါဝင်သည့် အလှူရှင်များသည် ငွေကြေးထောက်ပံ့မှုအတွက် အဓိကအရင်းအမြစ်ဖြစ်လာနိုင်သည်။ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၅၀ ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားပြီးဖြစ်သည်။ ယင်းငွေများကို နိုင်ငံတစ်ဝန်းရှိ ဆေးရုံများ၌ အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင်ရေးတွင် အသုံးပြုမည်ဖြစ်သည်။ အနောက်နိုင်ငံအလှူရှင်များကလည်း အကူအညီဒေါ်လာ ၂၅ သန်းပေးမည်ဖြစ်ကြောင်း ကတိပြုထားပြီးဖြစ်သည်။

လာမည့်လများအတွင်း နိုင်ငံစုံအဖွဲ့အစည်းများနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများက အကူအညီနှင့် အတိုးနည်းချေးငွေထုတ်ပေးမှုများကဲ့သို့ နောက်ထပ်အကူအညီများကို ပေးအပ်လိမ့်မည်ဟု မျှော်လင့်ထားသည်။

“မြန်မာအတွက် ပေးဖို့ ရန်ပုံငွေအတော်များများရှိနေတယ်၊ နှောင်ကြိုးမဲ့ ချေးငွေတွေပါပဲ” ဟု မူကြမ်းရေးဆွဲရာတွင် ပါဝင်နေသူတစ်ဦးကပြောဆိုခဲ့သည်။ နိုင်ငံစုံအဖွဲ့အစည်းများအပါအဝင် လက်တွဲဖော်များသည် အပြုသဘောဆောင်ကြကြောင်း သူကပြောသည်။

COVID-19 ကျယ်ကျယ်ပြန့်ပြန့်တုံ့ပြန်ရေးအစီအစဉ်သည် အစိုးရအား အခြေအနေအချိန်အခါနှင့်အညီ တုံ့ပြန်ရန် အခွင့်အရေးပေးထားကြောင်း သတင်းအရင်းအမြစ်တစ်ဦးကပြောဆိုခဲ့သည်။

စီးပွားရေးတိုးတက်မှုနှေးနေခြင်း

သို့သော် စီးပွားရေးတိုးတက်မှုလက္ခဏာများမှာ မကောင်းလှပါ။ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးအကြီးအကျယ်ထိခိုက်ခဲ့သည်။ ကူးသန်းသွားလာမှုပိတ်ပင်မှုများကြောင့် ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီသည် ၃ ဒသမ ၀ ရာခိုင်နှုန်းကျဆင်းသွားနိုင်ပြီး ယင်းသည် ၁၉၃၀ ပြည့်နှစ်ကျော်ကာလများတွင် ဖြစ်ခဲ့သည့် စီးပွားရေးကျဆင်းမှုကာလကတည်းက အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုဖြစ်နိုင်ကြောင်း IMF က သတိပေးထားပြီးဖြစ်သည်။

COVID-19 ကြောင့် မြန်မာနိုင်ငံတ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.