ကရင်ပြည်နယ်တွင်း တပ်မတော်လမ်းဖောက်မှုများက အပစ်ရပ်ရေးကိုထိခိုက်

တပ်မတော်က ကရင်ပြည်နယ်တွင်း လမ်းဖောက်မှုများကြောင့် လက်နက်ကိုင်ထိပ်တိုက်တွေ့မှုများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်မှုများရှိလာပြီး ကေအင်န်ယူနှင့်အပစ်ရပ်ရေး သဘောတူညီမှုကို ခြိမ်းခြောက်ကာ လာမည့်ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက်လည်း မျှော်လင့်ချက်များ မှေးမှိန်လာခဲ့သည်။

ဗင်ဆင်ဇို ဘရီဇီနီ ရေးသားသည်။

ဖေဖော်ဝါရီ ၂ မှ ၁၅ ရက်ကြားတွင် ပိုမိုအရှိန်မြင့်လာသည့် လက်နက်ကိုင်ထိပ်တိုက်ဆုံမှုများကြောင့် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံးတို့ကြား ရှစ်နှစ်ကြာ အပစ်အခတ်ရပ်စဲထားမှု ထိခိုက်နိုင်သည့် အန္တရာယ်ရှိလာပြီဖြစ်သည်။ ထိပ်တိုက်တွေ့မှုများအတွင်း တပ်မတော်သည် ကရင်ကျေးရွာများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ရပ်ကွက်ကျေးရွာများတွင် နေထိုင်သူများ အစုလိုက်အပြုံလိုက် နေရာစွန့်ခွာတိမ်းရှောင်ခဲ့ရသည်။

ကေအင်န်ယူနယ်မြေတွင်း နက်နက်ရှိုင်းရှိုင်းဖြတ်သွားသည့် မဟာဗျူဟာကျလမ်းကြောင်း ဖောက်လုပ်ရေးအတွက် နယ်မြေရှင်းလင်းမှုများ၌ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားမှုများ ရှိနေကြောင်း နေရပ်စွန့်ခွာခဲ့သည့် ကျေးရွာသားများ၊ ကရင်အရပ်ဘက်လူ့အဖွဲ့အစည်းဝင်များနှင့် ကေအင်န်ယူတို့၏ပြောပြချက်များအပေါ် အခြေခံပြီး သိရှိခဲ့ရသည်။ သို့သော် တပ်မတော်က ယင်းပြောဆိုမှုများကို ငြင်းပယ်ထားပြီး KNU ၏ လက်နက်ကိုင်အဖွဲ့ခွဲဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်KNLA၏တိုက်ခိုက်မှုများကိုသာ တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကေအင်န်ယူအုပ်ချုပ်မှုအောက်ရှိ မူတြော်မြို့( မြန်မာအစိုးရက ဖာပွန်ဟုခေါ်သည်) တွင် တိုက်ခိုက်မှုများကြောင့် ဖေဖော်ဝါရီ ၂၃ ရက်အထိ အသက် ငါးနှစ်အောက်ကလေး ၄၁၇ ဦးအပါအဝင် လူ ၂,၁၃၇ ဦး နေရပ်စွန့်ခွာခဲ့ရကြောင်း မူတြော်မြို့ဖွံ့ဖြိုးရေးကော်မတီကပြောသည်။ လက်နက်ကြီးကျရောက်ခဲ့သည့် ကျေးရွာများစွာသည် KNLA စခန်းများနားတွင်ရှိနေသော်လည်း အခြားကျေးရွာသားများကလည်း တပ်မတော်က KNLA စခန်းများနားတွင်မရှိသည့် ကျေးရွာများနှင့် KNLA တပ်သားများ အနီးအနားတွင်မရှိသည့် ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ကျေးရွာသားအချို့ကိုလည်း ယခုစာရေးသူက တွေ့ဆုံမေးမြန်းခဲ့ပါသေးသည်။ ၂၀၁၈ ခုနှစ် အစောပိုင်းတွင် စတင်ခဲ့သော လမ်းအဆင့်မြှင့်တင်သည့် စီမံကိန်းနားတဝိုက်တွင် တပ်မတော်သားဦးရေ ပိုမိုများပြားလာမှုကြောင့် ကျေးရွာသားများမှာ တချိန်လုံး စိုးရိမ်စရာရှိခဲ့သော်လည်း နောက်ဆုံးအကြိမ် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့်သာ နေအိမ်များကို စွန့်ခွာထွက်ပြေးရခြင်းဖြစ်ကြောင်း ပြောပြကြသည်။

အရပ်သားများနေထိုင်ရာများကို ပစ်မှတ်ထားခြင်းနှင့် အရပ်သားနှင့် လက်နက်ကိုင်မခွဲခြားဘဲ တိုက်ခိုက်ခြင်းတို့သည်နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်NCA ကိုလည်း ချိုးဖောက်လျက်ရှိသည်။ ၁၉၄၉ ခုနှစ်ကတည်းက ဗဟိုအစိုးရကို ဆန့်ကျင်တော်လှန်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည့် ကေအင်န်ယူသည် အခြားတိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့်အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် NCA ကို လက်မှတ်ရေးထိုးခဲ့သည်။ NCA အပိုဒ် ၉ တွင် အရပ်သားများ နေရာရွှေ့ပြောင်းစေရန် အင်အားသုံးခြင်းမပြုရဆိုသည့် အချက်ပါရှိသည်။ ထို့ပြင် အရပ်သားများ ဆန္ဒမပါဘဲ နေရပ်ရွှေ့ပြောင်းရေး မလုပ်ဆောင်ရဆိုသည်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် နယ်မြေများတွင်သာ မဟုတ်ဘဲ အခြားနယ်မြေများလည်းအကျုံးဝင်ကြောင်း ဖော်ပြထားသည်။

မဟာဗျူဟာ ရည်မှန်းချက်များ

ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ခဲ့သည့် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံခဲ့ရသည့် နေရာများသည် တပ်မတော်အင်ဂျင်နီယာများက ၂၀၁၈ ခုနှစ် အစောပိုင်းမှစ၍ လမ်းဖောက်၊ လမ်းပြင်နှင့် လမ်းချဲ့မှုများ ပြုလုပ်နေသည့် လမ်းကွန်ရက်များတဝိုက်မှ ဒေသများဖြစ်ကြောင်း၊ မူတြော်တွင် ခြေကုပ်စခန်းရှိ ထိုင်းနှင့်မြန်မာနယ်စပ်တလျှောက်နေရာတချို့ကို ထိန်းချုပ်ထားသည့် ကေအင်န်ယူကပြောသည်။

ယခုလောလောဆယ်တွင် ယာဉ်ကြီးများသွားလာရန် မသင့်လျော်သေးသည့် လမ်းကွန်ရက်များသည် ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူနှင့် ကျောက်ကြီးတို့ကို ထိုင်းနယ်စပ်ရှိ စောထာအပါအဝင် ကေအင်န်ယူ၏ တပ်မဟာ (၅) က ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ နယ်မြေများအဖြစ်သတ်မှတ်ထားပြီး တပ်မတော်စခန်းများ ရှိနေသည့်ဒေသများကို ချိတ်ဆက်ပေးထားသည်။ ယင်းလမ်းများသည် အစိုးရထိန်းချုပ်မှုအောက်ရှိ ဖာပွန်မြို့နှင့် ချိတ်ဆက်ပေးမည်ကို တပ်မဟာ (၅) မှ ခေါင်းဆောင်များက စိုးရိမ်နေသည်။ အဆင့်မြှင့်တင်ပြီးပါက ယင်းလမ်းကွန်ရက်သည် ကေအင်န်ယူ၏ဒေသတွင်း ထိန်းချုပ်မှုကို အကြီးအကျယ်အားနည်းသွားစေနိုင်သည်။

မူတြော်မြောက်ပိုင်းရှိ လူသောမြို့နယ်ကိုဖြတ်သွားပြီး ခေးပူနှင့် အနောက်မြောက်ပိုင်းရှိ တောင်ငူတို့ကို ဆက်သွယ်ပေးထားသောလမ်းနှင့် ချိတ်ဆက်ပေးသည့် ခေးပူနှင့် လွယ်မူပလောအထိ မြောက်မှတောင် ဆက်သွယ်သောလမ်းတို့ကို တပ်မတော်က ထိုးစစ်ဆင်ခဲ့သည့် ၂၀၀၅ မှ ၂၀၀၈ ခုနှစ်အတွင်း ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်ကျော်ကာလများတွင် ပြုလုပ်ခဲ့သည့် ထိုးစစ်ဆင်မှုများနှင့်အတူ လမ်းဖောက်မှုများလည်းပြုလုပ်ခဲ့သည်။ ခြုံပြောရလျှင် တပ်မတော်၏လမ်းဖောက်မှုနှင့် ထိုးစစ်ဆင်မှုများကြောင့် မူတြော်တွင် နေထိုင်သူ ၈၀ ရာခိုင်နှုန်း နေအိမ်များကိုစွန့်ခွာထွက်ပြေးခဲ့ရပြီး အရပ်သားများအပေါ် လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်မှုများလည်းရှိခဲ့ကြောင်း ကရင်နေရပ်စွန့်ခွာသူများအတွက် ကော်မတီကပြောဆိုခဲ့သည်။

ဇန်နဝါရီ ၂၇ ရက်တွင် တပ်မတော်၏ အမှတ် ၇၀၈ ခြေမြန်တပ်ရင်း(ခမရ ၇၀၈)၏တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စိုးသည် ဒွဲလိုမြို့နယ်ရှိ လမ်းတစ်လမ်းပေါ်တွင် ကေအင်န်ယူ ထောင်ထားသည့် မိုင်းတစ်ခုကို ရှင်းလင်းရင်း ပေါက်ကွဲမှုကြောင့်သေဆုံးခဲ့မှုကလည်း မကြာခင်က လက်နက်ကြီးများနှင့် တိုက်ခိုက်ရသည့် အကြောင်းရင်းများအနက်တစ်ခုဖြစ်နိုင်သည်။ ကျောက်ကြီးနားတွင် ကေအင်န်ယူထောင်ထားသည့် မိုင်းများကြောင့်လည်း တပ်မတော်မှစစ်သည်အချို့ ဒဏ်ရာရရှိပြီး စစ်ဘက်ဆိုင်ရာယာဉ်များ ထိခိုက်ပျက်စီးခဲ့ရပြီးဖြစ်သည်။ ယင်းမိုင်းများသည် မော်တော်ယာဉ်များကိုသာ ပစ်မှတ်ထားသည့် ပစ္စည်းများဖြစ်ကြပြီး လမ်းသွားလမ်းလာများနှင့် မြင်းများသည် ယင်းလမ်းတလျှောက်တွင် အန္တရာယ်ကင်းစွာသွားလာနိုင်ကြောင်း၊ တပ်မှူးများကို ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း ကေအင်န်ယူက ပြောသည်။

တပ်မတော်သည် ပေါ်ခေးကလိုတဝိုက်နှင့် လွယ်မူပလောနှင့် မြောက်ပိုင်း ခေးပူနားရှိ နေရာများတဝိုက်သို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း မူတြော်ခရိုင်ဆိုင်ရာ ကေအင်န်ယူ ပြန်ကြားရေးဌာနကပြောသည်။ တပ်မတော်မှ မော်တော်ယာဉ်များ စောထာသို့ဦးတည်သည့်လမ်းတလျှောက် အရှေ့ဘက်သို့ တိုးဝင်ခြင်းမပြုရန် ကေအင်န်ယူက တားမြစ်ထားပြီးဖြစ်သည်။ တပ်မတော်သည် ယမန်နှစ် အောက်တိုဘာတွင် ခေးပူနှင့် လွယ်မူပလောလမ်းကို ပြန်လည်ပြုပြင်ရန် ကြိုးပမ်းခဲ့သော်လည်း KNLA မှ တပ်သားများက ဆောက်လုပ်ရေးပစ္စည်းများကို ဖောက်ခွဲခြင်း၊ လမ်းနားရှိ ၎င်းတို့၏စခန်းများကို ခုခံခြင်းတို့ဖြင့် အကြိမ်ကြိမ်တားဆီးခဲ့သည်။

တပ်မတော်၏လမ်းဖောက်မှုများသည် NCA ကို ချိုးဖောက်ကြောင်း ကေအင်န်ယူကပြောသည်။ NCA အရ အပစ်အခတ်ရပ်စဲမှုမတိုင်မီကရှိခဲ့သည့် စစ်စခန်းများကိုသာ ပြင်ဆင်၊ ရိက္ခာထောက်ပံ့ခွင့်ရှိပြီး အခြားအဖွဲ့တစ်ဖွဲ့ ထိန်းချုပ်မှုအောက်ရှိနယ်မြေတွင် ဖွံ့ဖြိုးရေးလုပ်ဆောင်လိုက လုပ်ဆောင်လိုသည့်အဖွဲ့သည် ခွင့်ပြုချက်ကို ဦးစွာတောင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး၊ သို့မဟုတ် တည်ရှိဆဲ စစ်စခန်းများကိုပြင်ဆင်ရေးထက် တပ်မတော်၏စစ်ဆင်ရေးများ ပိုမိုထိရောက်မှုရှိစေရန် လမ်းများကို အဆင့်မြှင့်တင်ရခြင်းဖြစ်ကြောင်း ပြောဆိုမှုများသည် မှန်ကန်ခြင်းမရှိသလို တပ်မတော်သည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများ မှန်ကန်ခြင်းမရှိဟု တပ်မတော်၏ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။ တပ်မတော်သည် KNLA စခန်းတစ်ခုကိုသာ ပစ်မှတ်ထားပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဧရာဝတီသတင်းဌာနကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောဆိုခဲ့သည်။

“သူတို့က ကျွန်တော်တို့စစ်သည်တွေကို တခါတလေ ပစ်မှတ်ထားတတ်တယ်။ ပြီးတော့ စစ်သည်တွေ ကျဆုံးအောင်လည်း မြေမြှုပ်မိုင်းတွေ ထောင်တတ်တယ်။ စစ်သည်တွေလုံခြုံရေးအတွက် တန်ပြန်တိုက်ခိုက်ရတာပါ” ဟု ၎င်းကပြောသည်။

လမ်းကွန်ရက်တလျှောက်ရှိ နေရာအချို့သို့ တပ်မတော်မှ မော်တော်ယာဉ်များ ဝင်ရောက်မှုကို ပိတ်ပင်ရန် ကေအင်န်ယူတပ်မှူးများက စီစဉ်ခြင်းကို ကေအင်န်ယူကွပ်ကဲရေးဌာနချုပ်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထောက်ခံခဲ့သည်။ ဒေသဆိုင်ရာ တပ်မတော်တပ်မှူးများသည် ၎င်းတို့စခန်းများသို့ ထောက်ပံ့မှုများကို ခြေလျင်ဖြစ်စေ၊ မြင်းဖြင့်ဖြစ်စေ ပို့ဆောင်ရန် သဘောတူညီခဲ့ကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် ကျောက်ကြီး၌ ပြုလုပ်ခဲ့သည့် အလွတ်သဘောဆွေးနွေးမှုများအတွင်း ကေအင်န်ယူ တပ်မဟာ ၃ နှင့် ၅ တို့မှ တပ်မှူးများက ပြောကြားသည်။

တပ်မတော်နှင့် ကေအင်န်ယူ တပ်မဟာ ၃၊ ၅ တို့အကြား သဘောတူညီမှုသည်ရှင်းနေကြောင်း တပ်မဟာ (၅)နှင့် မူတြော်ခရိုင်ပြောခွင့်ရှိသူ ဗိုလ်မှူး စောကလယ်ဒိုကပြောသည်။ မူသဲနှင့် ပလာခိုကြားတွင် မော်တော်ယာဉ်များကို သွားလာခွင့်ပြုထားပြီး ယင်းကိုကျော်ပါက ခြေလျင်၊ သို့မဟုတ် မြင်းဖြင့်သာသွားလာခွင့်ပြုကြောင်း ၎င်းကပြောသည်။

“ဒီကိစ္စက ကျွန်တော်တို့အတွက် ရှင်းရှင်းလေးပဲ၊ တစ်နှစ်ပြီး တစ်နှစ် နွေရာသီရောက်တိုင်း သူတို့က လမ်းဖောက်တယ်။ ဒါကလည်း NCA ကို ချိုးဖောက်တာပဲ။ ဒါကြောင့်ပဲ ထိပ်တိုက်ဆုံတာတွေရှိလာတာ။ ယုံကြည်မှုဆိုတာ နှစ်ဖက်စလုံးမှာ တည်ဆောက်ရတယ်၊ အပစ်အခတ်ရပ်စဲထားတာကို လေးစားဖို့ လိုအပ်တယ်” ဟု ၎င်းကပြောသည်။

ဒေဘူနို၌ ကရင်တော်လှန်ရေးနေ့က ကေအင်န်အယ်လ်အေစစ်သားများ စစ်ရေးပြစဉ်။ ဓာတ်ပုံ - ဗင်ဆင်ဇို ဘီရီဇီနီ

ဒေဘူနို၌ ကရင်တော်လှန်ရေးနေ့က ကေအင်န်အယ်လ်အေစစ်သားများ စစ်ရေးပြစဉ်။ ဓာတ်ပုံ – ဗင်ဆင်ဇို ဘီရီဇီနီ

ရေတွက်တာ ရပ်လိုက်ပြီ

ဖေဖော်ဝါရီ ၃ ရက်တွင် တပ်မတော်သည် လူသောမြို့နယ်တွင်းသို့ မော်တာကျည်ဆန် ၄၀ ခန့်ပစ်ခတ်ခဲ့ကြောင်း ကေအင်န်ယူ တပ်မဟာ(၅)ကပြောသည်။ ယင်းနေ့မတိုင်မီတွင်လည်း KNLA နှင့် တပ်မတော်တို့ကြား ပစ်ခတ်မှုများရှိခဲ့ပြီးနောက် တပ်မတော်သည် ဝါသိုးခိုကျေးရွာရှိ ကျေးရွာသားနှစ်ဦးကို ပစ်ခတ်ခဲ့သေးကြောင်း ကေအင်န်ယူသတင်းရင်းမြစ်များကပြောသည်။

ယင်းနောက်တွင် တပ်မတော်သည် ဖေဖော်ဝါရီ ၉ မှ ၁၅ ရက်ကြား နေ့စဉ်ရက်ဆက်ဆိုသလို မော်တာကျည်ဆန် ခြောက်ခု၊ သို့မဟုတ် ခုနစ်ခုဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအင်န်ယူနှင့် ကျေးရွာသားများကပြောသည်။ ယင်းနေ့ရက်များအတွင်း စာရေးသူသည် ၃၅ ကီလိုမီတာအကွာရှိ ဒေဘူနိုမှ လက်နက်ကြီးသံများကို ကြားခဲ့ရသည်။

နေရပ်စွန့်ခွာသူများကို တွေ့ဆုံမေးမြန်းသည့်အခါတွင်လည်း ပလာခိုကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၄၂ စုမှ ကျေးရွာသား ၃၃၂ ဦးသည် လုသောမြို့နယ်ရှိ လွယ်မူပလောကျေးရွာအုပ်စုသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ကေအင်န်ယူ၏ပြောဆိုမှုများမှန်ကန်ကြောင်း သိလာခဲ့ရသည်။ ပလာခိုကျေးရွာအုပ်စုရှိ ကူဒေကျေးရွာမှ စာသင်ကျောင်းတစ်ခုနားသို့ လက်နက်ကြီးကျည် တစ်ခု ကျရောက်ပေါက်ကွဲခဲ့ကြောင်း နေရပ်စွန့်ခွာခဲ့ရသည့် ကျေးရွာသားများကပြောသည်။ ကျေးရွာသားအများစုသည် နေရပ်ပြန်လာခဲ့ပြီဖြစ်သော်လည်း တပ်မတော်သည် ကျေးရွာနားသို့ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်ကြောင်းဆိုသည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင် Frontier သည် ကူဒေကျေးရွာမှ ထွက်ပြေးလာသည့် မိသားစုတစ်စုနှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် ကျေးရွာကို လက်နက်ကြီးနှင့် အပစ်ခံရပြီးနောက် ၁၀ ရက်ခန့် တောထဲတွင် ပုန်းအောင်းနေခဲ့ရသူများဖြစ်ကြသည်။ ကျေးရွာသားတချို့ ပြန်သွားပြီဖြစ်သော်လည်း ၎င်းတို့ကမူ ကြောက်လန့်နေဆဲဖြစ်ကြောင်း ဖခင်ဖြစ်သူကပြောသည်။

“ကျွန်တော့် အမေက ဖျားနေတယ်၊ အဖေကလည်း အသက် ၈၀ ကျော်နေပြီ၊ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့ဘူး။ ကလေးငယ်နှစ်ယောက်လည်းရှိသေးတယ်” ဟု ၎င်းကပြောသည်။

“ဗမာစစ်သားတွေက ဒီလမ်းအတိုင်း ထရပ်ကားတွေနဲ့ဖြတ်သွားချင်တယ်။ ဒါကြောင့် သူတို့က ပစ်ခတ်တာ” ဟု သူကပြောသည်။

“ကျေးရွာထဲက ဘယ်သူမှ ဒဏ်ရာမရဘူး၊ ဒါပေမဲ့ လက်နက်ကြီးကျည်ဆန်တစ်ခုက ကျွန်တော်တို့နား ကျလာသေးတယ်၊ ကံကောင်းလို့ မပေါက်တာ၊ ကျွန်တော်တို့ အရင်လို လုပ်စားကိုင်စားလို့ရအောင် တပ်မတော်က ပစ်ခတ်တာတွေကို ရပ်တန်းကရပ်စေချင်ပါတယ်” ဟု ၎င်းကပြောသည်။

ဒေသခံများသည် ကျရောက်သော လက်နက်ကြီးကျည်များကို ရေတွက်နေပြီး လက်နက်ကြီးကျည် ၃၀ ကျရောက်ပြီးနောက်တွင် ဆက်မရေတွက်တော့ကြောင်း ကူဒေကျေးရွာမှ နေရပ်စွန့်ခွာသူတစ်ဦးက မူတြော်ပြန်ကြားရေးဌာနအရာရှိတစ်ဦးကိုပြောပြသည်။

တပ်မတော်က အရပ်သားများကို ၎င်းတို့တိုက်ခိုက်ခြင်းမပြုခဲ့ကြောင်း ပြောဆိုမှုကို တုံ့ပြန်သောအားဖြင့် ဗိုလ်မှူးစောကလယ်ဒိုက “ဗမာတွေက အရင်လိုပဲ ပြောနေလုပ်နေတာ။ သူတို့က အရာရာကို ငြင်းမယ်ဆိုတာချည်းပဲ။ သူတို့မှာ အပြစ်မရှိဘူးဆိုတာကို တကမ္ဘာလုံးကိုပြချင်နေတာ၊ တကယ်က အဲ့ဒါနဲ့ဆန့်ကျင်ဘက်ပဲ။ ဒီလို အပြစ်ကျူးလွန်နေတယ်ဆိုတာကို နှစ်တိုင်းပြခဲ့ပြီးပြီ”ဟု ဆိုသည်။

အခြေအနေများကို သဲသဲကွဲကွဲသိရှိစေရန် အခင်းဖြစ်ပွားသည့်နေရာ၌ လွတ်လပ်ပြီး အမှီအခိုကင်းသည့် စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ရှိစေချင်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့မှ ကွင်းဆင်းရေးဒါရိုက်တာ စော အဲလ်ဘတ်ကပြောကြားသည်။

အဖြေမထွက်

ကေအင်န်ယူနှင့် တပ်မတော်ခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်မတိုင်မီ ရက်အနည်းငယ်အလိုတွင် တင်းမာမှုလျှော့ချရေးအဖြစ် တပ်မတော်၏ပစ်ခတ်မှုများ အရှိန်လျော့ကျသွားခဲ့ကြောင်း ကေအင်န်ယူကပြောသည်။

တွေ့ဆုံပွဲတွင် လမ်းဖောက်မှုဆိုင်ရာအငြင်းပွားမှုနှင့်ပတ်သက်၍ ရလဒ်မထွက်ခဲ့ချေ။ နေရပ်စွန့်ခွာသည့် ကျေးရွာသားများစွာသည် သတိဖြင့် နေရပ်ပြန်ခဲ့သော်လည်း ထိပ်တိုက်တွေ့ဆုံမှုအနည်းငယ်ရှိနေဆဲဖြစ်ပြီး စစ်ရေးတင်းမာမှုများ မြင့်မားနေဆဲဖြစ်သည်။ ဖေဖော်ဝါရီ ၂၃ ရက်တွင် ဒွဲလိုမြို့နယ်၌ KNLA နှင့် တပ်မတော်၊ နယ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.