ကတ်စနစ်ဖြင့် ဘတ်စ်ကားခ ပေးချေသည့်စနစ်အား ခြောက်လအတွင်း အသုံးပြုနိုင်မည်

ဆုမြတ်မွန်

ရန်ကုန်မြို့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့် ရန်ကုန်ဘတ်စ်ကားစနစ် (YBS) တွင် ယာဉ်စီးခကို ကတ်စနစ်ဖြင့် ပေးချေသည့်စနစ်အား ခြောက်လအတွင်း အသုံးပြုနိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ ၂ နှစ်ပြည့် အခမ်းအနားအား ရန်ကုန်မြို့၌ ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့က ကျင်းပစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

YRTA အနေဖြင့် ရန်ကုန်မြို့၊ အများပြည်သူသယ်သူပို့ဆောင်ရေးကဏ္ဍနယ်ပယ်အား မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် YBS နှင့် ပတ်သက်ပြီးလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သည်ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ သို့သော် အားနည်းချက်များ ရှိနေနိုင်သေးသည်ဟုလည်း ၎င်းကဆိုသည်။

ယခင် မထသမှ YBS စနစ်သို့ ပြီးခဲ့သည့် ၂ နှစ်က စတင်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယခုအခါ ယာဉ်လိုင်းအများစုတွင် ငွေကောက်ခံသူမပါသည့်စနစ်ဖြင့် ပြောင်းလဲပြေးဆွဲနေပြီဖြစ်သော်လည်း ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေသည့်စနစ်အား အကောင်အထည်ဖော်ရာတွင်မူ နှောင့်နှေးမှုများရှိနေသည်။

ငွေအကြွေ ရှားပါးမှုအပါအဝင်၊ ခရီးသည်အချို့က ယာဉ်စီးခ ထည့်ရမည့် ပိုက်ဆံပုံးအတွင်း ကားခမထည့်ဘဲ စီးနင်းမှုများရှိနေသည့်ပြဿနာကို ယာဉ်လိုင်းများက ရင်ဆိုင်နေရသည်။ ထိုအခက်အခဲများအား ဖြေရှင်းရေးအတွက် ကတ်စနစ်ကို အကောင်အထည်ဖော်ရန် တာဝန်ရှိသူများက စီစဉ်ကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သည့် ပြည်သူ ၇ သန်းအနက် နေ့စဉ်နည်းလမ်းအမျိုးမျိုးဖြင့် ခရီးသွားလာနေသူ ၂၈ သိန်းရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် YRTA ဥက္ကဋ္ဌဖြစ်သူ ဒေါ်နီလာကျော်က ပြောကြားသည်။ ထိုအထဲမှ လူပေါင်း ၂၄သိန်းနှင့်အထက် အသုံးပြုနေသည့် YBS စနစ်ကို အောင်မြင်သထက် အောင်မြင်အောင် ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“YBS ကားလိုင်းဘက်က ချိုု့ယွင်းချက်ကို ပြောနေကြပေမယ့် တစ်ဖက်ကလည်း ကားခမထည့်ဘဲ စီးနေကြတဲ့ ရာခိုင်နှုန်း တော်တော်များနေပါတယ်။ ဒီလိုမျိုးအခက်အခဲတွေ ပြေပျောက်သွားနိုင်ဖို့ သူတို့ ရသင့်ရထိုက်တဲ့ ငွေကြေးတွေကို မှန်မှန်ကန်ကန် ရရှိဖို့၊ တစ်ဖက်ကလည်း ခရီးသွားပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန် လွယ်လွယ်ကူကူ ပေးချေနိုင်အောင် နှစ်ဖက်လုံးကို အကျိုးရှိစေမယ့် ကတ်စနစ်ကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်နီလာကျော်က ဆက်လက်ပြောကြားသည်။

YBS အား ဖော်ဆောင်လာခဲ့သည့် ကာလအတွင်း ယာဉ်လိုင်းများအတွက်နှင့် ပြည်သူများအတွက်ပါ နှစ်ဖက်လုံး  အကျိုးရှိစေမည့်စနစ်ကို ဖော်ဆောင်သွားမည်ဟုလည်း ၎င်းကပြောသည်။

ကတ်စနစ်ပေးချေမှုစနစ် Yangon Payment Service (YPS) ကို တင်ဒါအောင်ကာ လုပ်ခွင့်ရရှိသည့် Asia Starmar Transport Intelligent Company မှ တာဝန်ရှိသူ ဒေါ်ရီရီခင်ကမူ ခရီးသည်များအနေဖြင့် နောက်ကိုးလအကြာတွင် ကတ်ပေးချေစနစ်ဖြင့် ယာဉ်စီးခများ စတင်ပေးဆောင်နိုင်မည်ဟု ဆိုသည်။

အဆိုပါကတ်များကို ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားမည်ဖြစ်သလို GNG၊ ABC ဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များထံ၌ ဝယ်ယူကာ ငွေဖြည့်တင်းနိုင်မည်ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဦးဆောင်ကာ ပြောင်းလဲခဲ့သည့် YBS စနစ်တွင် ယခုအခါ ကားအစီးရေ ၄,၀၀၀ ကျော်ဖြင့် ပြေးဆွဲနေသည်ဟု သိရသည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဘတ်စ်ကားလိုင်းများအား ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နေသည်ဟု ပြောကြားသည်။

“ဒါပေမယ့် ဒါက အောင်မြင်မှုပန်းတိုင်တစ်ခုမဟုတ်ပါဘူး။ အမြဲတမ်းပဲ ကြိုးပမ်ဆောင်ရွက်နေရမယ့်ကဏ္ဍ၊ ခေတ်ရဲ့ ပြောင်းလဲမှုတွေကို လိုက်လျောညီထွေအောင် ပြုပြင်ပြောင်းလဲသွားရမယ့် အခြေအနေသာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.