ကချင်ထိုးစစ်များကြောင့် ထပ်ခါ ထပ်ခါ ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်များ

ကချင်ပြည်နယ်အတွင်းရှိ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) ၏ ဌာနချုပ်ဖြစ်သော လိုင်ဇာအား ဝန်းရံထားသည့် အဓိက တပ်စခန်းများကို တပ်မတော်က သိမ်းယူသည့် ထိုးစစ်များအတွင်း  နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်မှာ ၂၀၁၆ ခုနှစ်အကုန်တွင် ၄၀,၀၀၀ ခန့်အထိ ရှိနေပြီဖြစ်သည်။

စတီဗ် တစ်ခ်နာ ရေးသားသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်မှာ ၂၀၁၆ ခုနှစ်အကုန်တွင် ၄၀,၀၀၀ ခန့်အထိ ရှိနေပြီဖြစ်သည်။

တပ်မတော်က ကချင်ပြည်နယ်အတွင်းရှိ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) ၏ ဌာနချုပ်ဖြစ်သော လိုင်ဇာအား ဝန်းရံထားသည့် အဓိက တပ်စခန်းများကို သိမ်းယူသည့် ထိုးစစ်များအတွင်း ၎င်းတို့ ထွက်ပြေးလာခဲ့ကြရခြင်း ဖြစ်သည်။

အဆိုပါနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများသည် ယာယီစခန်း ၂၀ တွင် ယခုအခါ နေထိုင်နေကြရသည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ အကူအညီပေးရေးအဖွဲ့ဖြစ်သည့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူများနှင့် ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ(IDP and Refugee Relief Committee) အား ဦးဆောင်သော ဇော်ရော်က Frontier ကို ဒီဇင်ဘာလအကုန်ပိုင်းက ပြောကြားသည်။

ထိုစခန်း ၂၀ အနက် ၁၆ ခုမှာ မြန်မာနှင့် တရုတ်နယ်စပ်တစ်လျောက်တွင် တည်ရှိနေကြသည်။ ထို့ပြင် ထောင်ပေါင်းများစွာသော ကချင်လူမျိုးများမှာလည်း တရုတ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြသည်။

ကေအိုင်အိုက ထိန်းချုပ်ထားသော ကချင်ပြည်နယ် အစိတ်အပိုင်း၏ မြို့တော်ဖြစ်ကာ လူဦးရေ ၅,၀၀၀ ခန့်ရှိ လိုင်ဇာမြို့ ပတ်ဝန်းကျင်တွင် နေရပ်စွန့်ခွာထွက်ပြေးသူများအတွက် အဓိကစခန်းကြီး သုံးခုရှိနေသည်။ တောင်ပိုင်းတွင် ဂျာယန်စခန်းနှင့် ဖွန်လမ်ယန်စခန်းတို့ တည်ရှိပြီး မြောက်ပိုင်းတွင် မြစ်ကြီးနားသွား ကားလမ်းတစ်လျှောက် ဝဲချိုင်စခန်းနှင့် မန်လိုင်ခယက်တို့ ရှိနေသည်။

နေရပ်စွန့်ခွာ ထွက်ပြေးလာသူများနှင့် ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ(IDP and Refugee Relief Committee) အား ဦးဆောင်နေသည့် ဇော်ရော်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

နေရပ်စွန့်ခွာ ထွက်ပြေးလာသူများနှင့် ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ(IDP and Refugee Relief Committee) အား ဦးဆောင်နေသည့် ဇော်ရော်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“တရုတ်ပြည်ကနေ တိုက်ရိုက် မြစ်ကိုဖြတ်ကူးရုံနဲ့ ရောက်နိုင်တဲ့ ဂျာယန်ကတော့ ပုံမှန်အတိုင်းပဲ ရှိနေပါသေးတယ်။ မိသားစု ၁,၆၄၉ စုနဲ့ နေရပ်စွန့်ပြေးလာသူ ၈,၉၇၀ ဦးက ဂျာယန်မှာ ရှိနေပါတယ်။ နောက်ပြီး ဂျာယန်နဲ့ မဝေးတဲ့ ဖွန်လမ်ယန်စခန်းမှာလည်း မိသားစု ၆၄၉ စုနဲ့ နေရပ်စွန့်ပြေးသူ ၂,၉၆၈ ဦးရှိပါတယ်။ စခန်းနှစ်ခုစလုံးက ၂၀၁၁ ခုနှစ် ကတည်းက ရှိနေခဲ့တာပါ။ နောက်ပြီး ပိုပြီးသေးငယ်တဲ့ စခန်းမှာတော့ မိသားစု ၆၄၁ စု၊ နေရပ်စွန့်ခွာထွက်ပြေးသူ စုစုပေါင်း ၂,၉၆၈ ဦးရှိပါတယ်။ ကချင်ဘာသာစကားအရ ဖွန်လမ်ဆိုတာ ပူသောရေလို့ အဓိပ္ပါယ်ရှိပြီး ဆိုလိုတာက အဲဒီဒေသမှာ ပူနွေးတဲ့ နွေဦးရာသီရှိနေလို့ပါပဲ” ဟု ဇော်ရော်က ပြောကြားသည်။

အဆိုပါ စခန်းသုံးခုလုံးသည် လိုင်ဇာနှင့် အလွန်နီးကပ်စွာ တည်ရှိနေပြီး စခန်းတစ်ခုဆီတွင် ကော်မတီတစ်ခုစီ ဖွဲ့စည်းထားသည်ဟု ၎င်းက ပြောကြားသည်။ လိုင်ဇာ၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင် ခိုလှုံနေကြရသည့် နေရပ်စွန့်ပြေးလာသူ ထောင်ပေါင်းများစွာ၏ အခြေအနေမှာမူ ပို၍ စိုးရိမ်ဖွယ်ဖြစ်နေသည်။

မိသားစု ၅၈၅ စုနှင့် လူဦးရေ ၂,၅၈၂ ဦးရှိသော မာဂါယန်စခန်းသည် ကေအိုင်အေတို့၏ ဂီဒွန် တောင်ထိပ်စခန်းနှင့် အလွန်နီးကပ်စွာ တည်ရှိနေသည်။ အဆိုပါ စခန်းအား ဒီဇင်ဘာလလယ်တွင် တပ်မတော်က အမြောက်၊ လေယာဉ်နှင့် မြေပြင်တပ်ဖွဲ့များ သုံးကာ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ခဲ့ပြီး သိမ်းယူခဲ့သည်။

အနီးရှိ စိုင်းအောင်စခန်းတွင်လည်း မိသားစုပေါင်း ၆၀၀၊ စုစုပေါင်း လူဦးရေ ၂,၈၅၆ ဦးရှိကာ ကေအိုင်အေ၏ ဒုတိယမြောက် တပ်စခန်းဖြစ်သည့် လွဲဖောင်အနီး တည်ရှိသည်။ အဆိုပါတပ်စခန်းမှာလည်း ဂီဒွန်စခန်းကျပြီး မကြာမီမှာပင် တပ်မတော်လက်ထဲသို့ ကျရောက်သွားခဲ့သည်။

နေရပ်စွန့်ခွာထွက်ပြေးလာသူများ နေထိုင်နေကြသည့် စခန်းနှစ်ခုသို့ လိုင်ဇာမှ သွားရောက်ရေးမှာ လမ်းအခြေအနေအရ အကန့်အသတ်အများအပြား ရှိနေသည်။ တပ်မတော်က လိုင်ဇာ၏ မြောက်ဖက်လမ်းနှင့် နယ်စပ်အနီးသို့ ချဉ်းကပ်လာနေသဖြင့် လမ်းခရီးမှာ လုံခြုံမှုမရှိတော့ဟု သိရသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မန်လိုင်ခယက်စခန်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မန်လိုင်ခယက်စခန်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“ဒီစခန်းနှစ်ခု(မာဂါနှင့် စိုင်းအောင်) လုံးမှာ နေထိုင်သူတွေဟာ အခုရွှေ့နေကြပါပြီ။ ဒီဇင်ဘာ ၂၇ တုံးက တပ်မတော်ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်က စိုင်းအောင်စခန်းကို မတော်တဆကျလိုက်တော့ သူတို့ အရမ်း ကြောက်လန့်ကုန်တာပေါ့။ အခုတော့ သူတို့တွေ လမ်းဘေးမှာ နေရတယ်။ ဆောင်းရာသီမှာတောင် သူတို့မှာ အမိုးအကာမရှိ၊ အစားအစာမရှိ၊ သန့်ရှင်းရေးနဲ့ ဆေးဝါးထောက်ပံ့မှုမရှိ၊ ဒါ့အပြင် လုံခြုံရေးလည်းမရှိကြပါဘူး” ဟု ဇော်ရော်က ပြောကြားသည်။

“ဒီစခန်းမှာနေသူတွေဟာ ပြည်တွင်းက ရနိုင်တဲ့ အထောက်အပံ့တွေမှတပါး ထောက်ပံ့မှုတွေ လုံးဝ ဖြတ်တောက်ခံထားရပါတယ်။ နိုင်ငံတကာ NGO တွေကို အဲဒီနေရာတွေသွားရောက်မှုကို အစိုးရနဲ့ တပ်မတော်က တားမြစ်ထားပါတယ်” ဟု ၎င်းကပြောသည်။

“မန်လိုင်ခယက်(Mung Lai Hkyet) စခန်းက လွန်ခဲ့တဲ့တစ်ပတ်လောက်က လက်နက်ကြီး ကျည်ထိတာ။ ဒီစခန်းက လိုင်ဇာရဲ့ မြောက်ဖက် ၁၀ ကီလိုမီတာပဲ ဝေးတာပါ။ ဒီၤဇင်ဘာ ၁၈ ရက်၊ မနက် ၄ နာရီနဲ့ လေးခွဲကြားမှာ စခန်းနဲ့ အနီးတစ်ဝိုက်မှာ ၁၅၀ မမ အမြောက်ကျည် ဒါဇင်ဝက်ကျော် ကျခဲ့ပါတယ်”ဟု ဇော်ရော်က ဆိုသည်။

ယင်းစခန်းမှာ မြစ်ကြီးနားသွား ကားလမ်းအနီးရှိနေပြီး အနီးတွင် ကေအိုင်အေစခန်းများ မရှိပေ။ ခနော်နီခနော်နဲ့ ကျိုးပဲ့နေသော အထပ်သား အကာအရံများက နံရံနှင့် တံခါးများကို ထိမှန်ခဲ့သောအမြောက်ဆန်များ၏ ဒဏ်ကို ပြသလျက်ရှိသည်။

စခန်းတွင် နေထိုင်သူတို့မှာ နေ့ခင်းဘက်တွင် စခန်းသို့ သွားနေရသည်ကို လွန်စွာကြောက်လန့်နေကြပြီး ညဘက်တွင် လိုင်ဇာရှိ စာသင်ကျောင်းများတွင် ခိုလှုံနေကြသည်။

typeof=

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေနှင့် ကချင်ပြည်နယ်မှ နေရပ်စွန့်ပြေးသူတို့အတွက် အလားအလာအပေါ် မည်သို့မြင်သည်ကို မေးသောအခါ သုံးသပ်ချက်ပေးရန် ဇော်ရော်က ငြင်းပယ်ခဲ့သည်။ ၎င်းတွင် ပြောစရာမရှိကြောင်းနှင့် ၎င်းစိုးရိမ်နေသည်မှာ နေရပ်စွန့်ပြေးသူများကို စောင့်ရှောက်ရေးသာဖြစ်သည်ဟု ဆိုသည်။

“ဒီဇင်ဘာ ၂၇ ရက်နေ့ကတည်းက အမြောက်ဆန်ကျပြီးတဲ့နောက် အခုအထိ စိုင်းအောင်စခန်းက နေသူတွေက အရမ်း ကြောက်နေကြတယ်” ဟု ဇော်ရော်က ဆိုသည်။ လိုင်ဇာနှင့် မိုင် ၄၀ ခန့်ဝေးသော စခန်းများ၏ အခြေအနေနှင့် ပတ်သက်၍ ၎င်းကပြောကြားခြင်းဖြစ်သည်။

“မန်လိုင်ခယက် အမြောက်ဆန်ထိတဲ့ကိစ္စ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညိနှိုင်းရေးရုံး(OCHA) ကို ကျွန်တော်တို့ မက်စေ့တစ်စောင်ပို့ထားပါတယ်။ သူတို့က သူတို့ကြားမှ ဖြန့်တယ်။ ဒါပေမယ့် ဒါကို အတည်ပြုဖို့ ခက်တယ်လို့ သူတို့က ပြောတယ်။ ကျွန်တော်ကလည်း လက်နက်ကြီးကျည်ထိတယ်လို့ အစီရင်ခံတယ်” ဟု ၎င်းကပြောသည်။

Frontier က အဆိုပါစခန်းသို့ ရောက်ရှိခဲ့ချိန်တွင် အမြောက်ဆန်များ ထိမှန်မှု၏ အထောက်အထားများကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရသည်။ စခန်းကော်မတီအကြီးအကဲ ဂါဆိုင်းနော်က  အမြောက်ဆန်မှန်သော နေရာများသို့ Frontier ကို ခေါ်ဆောင်သွားကာ ပြသခဲ့သည်။ အမြောက်ဆန်ကြောင့် နံရံများတွင် ပျက်စီးနေမှုများကိုလည်း ပြသခဲ့သည်။

ဝဲချိုင်စခန်းတွင် နေထိုင်နေသည့် အသက် ၈၀ နှစ်အရွယ်ရှိ ကချင်အမျိုးသမီးကြီးတစ်ဦး။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဝဲချိုင်စခန်းတွင် နေထိုင်နေသည့် အသက် ၈၀ နှစ်အရွယ်ရှိ ကချင်အမျိုးသမီးကြီးတစ်ဦး။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“အမြောက်ဆန်ကြောင့် စခန်းနေသူများ ကြောက်လန့်တကြား နိုးလာပြီး သူမ၏ လ ၂၀ အရွယ်သမီးလေးမှာ အကြောက်လွန်က ချော့မော့မရဘဲ ငိုကြွေးနေခဲ့သည်ဟု စခန်းနေ မိခင်တစ်ဦးကပြောသည်။

လိုင်ဇာနှင့် ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းကို တပ်မတော်က တစ်စထက် တစ်စ ချုပ်ကိုင်လာချိန်တွင် နေရပ်စွန့်ပြေးသူများမှာ စိုးရိမ်မှုများ မြင့်မားလာပြီး လာမည့်လများတွင် မရှိမဖြစ်လိုအပ်သည့် အစားအစာနှင့် ဆေးဝါးများ လျော့ပါး ပြတ်လပ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။ ထို့အပြင် အမိုးအကာနှင့် ဆောင်းရာသီက သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကို ပင်ပန်းဆင်းရဲ၍ ဒုက္ခရောက်စေနိုင်မည် ဖြစ်သည်။

ကာကွယ်ရေးဆိုင်ရာ လေ့လာသူများက တပ်မတော်အနေဖြင့် ကေအိုင်အိုထိန်းချုပ်ထားသည့်နယ်မြေကို ထက်ဝက်ခြမ်းပြီး ယူရန် ရည်ရွယ်နေခြင်းမှာ သိသာနေသည်ဟု ပြောကြားကြသည်။

၁၉၉၄ ခုနှစ်တွင် တပ်မတော်နှင့် ကေအိုင်အိုတို့အကြား လက်မှတ်ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြိုကွဲသွားပြီးနောက် ၂၀၁၁ ခုနှစ်၊ ဇွန်လကတည်းက စတင်ကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူနေရသူ အရေအတွက်မှာ ၁၀၀,၀၀၀ ဝန်းကျင်ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် ကုလသမဂ္ဂ၏ စာရင်းများအရ ကချင်ပြည်နယ်ရှိ ကေအိုင်အိုထိန်းချုပ်နယ်မြေထဲမှ စခန်းများတွင် နေရပ်စွန့်သူ ၄၀,၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

ဝဲချိုင်စခန်းတွင် နေထိုင်နေသည့် ကလေးငယ်များ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဝဲချိုင်စခန်းတွင် နေထိုင်နေသည့် ကလေးငယ်များ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ပြီးခဲ့သည့်နှစ်တွင် လက်ရှိအစိုးရ အာဏာရရှိပြီးနောက် တစ်လအတွင်းမှာပင် ခရီးသွားလာခွင့်နှင့် ပတ်သက်ပြီး ခွင့်ပြုချက်ပေးသည့် လုပ်ငန်းစဉ်သစ်တစ်ခုကို မိတ်ဆက်ပြီးနောက် ပြီးခဲ့သည့်နှစ် ဧပြီလမှစတင်ကာ  နေရပ်စွန့်ခွာ စစ်ဘေးရှောင်များအပေါ် နိုင်ငံတကာအကူအညီများ သိသိသာသာလျော့ကျသွားခဲ့သည်။

လုပ်ငန်းစဉ် ပြောင်းလဲမှုများကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဲန်ဂျီအိုများအနေဖြင့် အစိုးရထိန်းချုပ်မှုအောက်တွင် မဟုတ်သည့် နယ်မြေများတွင် အကူအညီများ သွားရောက်ပေးနိုင်ခြင်း မရှိတော့ပေ။ တနည်းအားဖြင့်ဆိုလ ျှင် အကူအညီပစ္စည်းများ တိုင်းရင်းသားလက်နက်ကိုင်များထံ ရောက်ရှိသွားမည်ကို အစိုးရက စိုးရိမ်နေခြင်းလည်း ဖြစ်သည်။

သို့သော်လည်း လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများမှ စစ်ဘေးရှောင်များအနေဖြင့် အကူအညီပေးရေး ပစ္စည်းများအား အစိုးရထိန်းချုပ်နယ်မြေထဲရှိ ခွင့်ပြုထားသည့် ဖြန့်ဖြူးရေးနေရာများတွင် သွားရောက် ရယူနိုင်ကြောင်း အစိုးရက ပြောကြားထားသည်။

ဝဲချိုင်စခန်းတွင် နေထိုင်နေသည့် ကချင်မိသားစုတစ်စု။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဝဲချိုင်စခန်းတွင် နေထိုင်နေသည့် ကချင်မိသားစုတစ်စု။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“အဲဒီစနစ်သစ်က အကူအညီတွေရဖို့အရေး အရပ်သားတွေဟာ အန္တရာယ်ထဲ တိုးဝင်ရမှာဖြစ်လို့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလက ငြင်းဆိုထားပါတယ်။ အချို့နေရာတွေမှာ အကူအညီတွေရဖို့ ဖြစ်ပွားနေတဲ့ ပဋိပက္ခစည်းမျဉ်းကို ဖြတ်ကျော်ရာမှာ တိမ်းရှောင်ပြည်သူတွေအတွက် လိုအပ်ချက်တွေကို ချပေးဖို့လိုပါတယ်” ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရေးရာ ညိနှိုင်းရေးရုံး(OCHA) ၏ ကမ္ဘာလုံးဆိုင်ရာအကြီးအကဲ စတီဖင်အိုဘရိုင်ယန်က အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံကို လာရောက်စဉ် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

ခရီးသွားလာခွင့်အပြောင်းအလဲများသည် စစ်ရှောင်ပြည်သူ ထောင်ပေါင်းများစွာအတွက် အသက်ကယ်အ ကူအညီများ ပေးမည့် လူသားချင်းစာနာမှု အကူအညီပေးအဖွဲ့အစည်းများရဲ့ လုပ်ကိုင်နိုင်စွမ်းကို ဆိုးဆိုးရွားရွားထိခိုက်စေသည်ဟု OCHA ၏ ပြောရေးဆိုခွင့်ရှိသူ ပီယာရေးပီရွန်က ပြောကြားခဲ့သည်။ ပဋိပက္ခဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာအဖွဲ့များ ဝင်ရောက်ခွင့်မှာ နှစ်အနည်းငယ်အတွင်း ပို၍ဆိုးဝါးလာကြောင်းလည်း ၎င်းက ထပ်မံပြောကြားသည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“လက်ရှိခရီးသွားလာခွင့်စနစ်ကို လျှော့ချလိုက်ရင် ကချင်ပြည်နယ်က လိုအပ်နေတဲ့သူ အားလုံးအတွက် အကူအညီပေးဖို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ဝင်ရောက်ခွင့်ကို ရရှိနိုင်ပါတယ်။ နောက်ပြီးတော့ အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအလွန်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် ရုံးတွေဖွင့်ခွင့်နဲ့ အမြဲတမ်းဝန်ထမ်းတွေ ခန့်ထားခွင့်လည်း ရရှိဖို့လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။ မကြာသေးမီလများအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ခိုက်မှု မြင့်မားလာခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုအပေါ် ထိခိုက်မည်ကို လွန်စွာစိုးရိမ်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

“နိုင်ငံတကာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဥပဒေကို လေးစားဖို့ ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးကို ကျွန်တော်တို့ တောင်းဆိုပါတယ်။ နောက်ပြီး အရပ်သားတွေကို ကာကွယ်ဖို့နဲ့ ပြည်တွင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေ နေတဲ့စခန်းတွေ၊ တခြားအရပ်သားတွေနေတဲ့ နေရာတွေအနီးမှာ တိုက်ခိုက်မှု လုပ်တာတွေကို ရှောင်ရှားဖို့လည်း တောင်းဆိုပါတယ်” ဟု ၎င်းကပြောသည်။” ဒီပဋိပက္ခမှာ မြေမြုပ်မိုင်းတွေ ဆက်သုံးနေပြီး အရပ်သားတွေ အန္တရာယ်ဖြစ်စေတာကြောင့် ကျွန်တော်တို့ အလွန်စိုးရိမ်ပါတယ်။ မြေမြုပ်မိုင်းတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူတွေနဲ့ တခြားအရပ်သားတွေ ဒဏ်ရာရ၊ ဒါမှမဟုတ် သေဆုံးနေတဲ့အကြောင်း အပတ်စဉ် သတင်းတွေ ရနေပါတယ်” ဟု ဟု ၎င်းကပြောသည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

တပ်မတော်က ပြုလုပ်နေတဲ့ ထိုးစစ်များကို ရပ်တန့်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ချက်ခြင်းအရေးယူ ဆောင်ရွက်ရန်လည်း ပဋိပက္ခဒေသများတွင် အလုပ်လုပ်နေကြသည့် ပြည်တွင်းအဖွဲ့အစည်းများက တောင်းဆိုထားသည်။ ဒီဇင်ဘာ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုတွင် စစ်ရှောင်ဒုက္ခသည်များအတွက် အရေးပေါ် အကူအညီများ ပေးရန် ကချင်နှင့် ရှမ်းပြည်နယ်တို့မှ အရပ်ဘက် လူ့မှုအဖွဲ့အစည်းနှင့် ဘာသာရေးအခြေပြုအဖွဲ့အစည်း ၁၃၅ ဖွဲ့က တောင်းဆိုခဲ့သည်။ ဒုက္ခသည်များ၏ အခြေအနေမှာ အန္တရာယ်ရှိနေပြီဟုလည်း ၎င်းတို့က သတိပေးခဲ့သည်။

“ထိုးစစ်က အရပ်ဘက်ဧရိယာတွေကို ထိခိုက်နေပါတယ်။ လက်နက်ကြီးကျည်တွေက စစ်ရှောင်သူတွေနား ကျနေပြီး မန်လိုင်ချက်(ဝဲချိုင်) စခန်းက လူတွေကို ထိတ်လန့်နေခဲ့ကြပါတယ်။ သူတို့မှာ တရုတ်နဲ့ လိုင်ဇာကလွဲပြီး ဘယ်မှ ပြေးစရာမရှိပါဘူး” ကြေညာချက်တွင်ဖော်ပြထားသည်။

ဝဲချိုင်စခန်းမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနေတဲ့ စစ်ဘေးရှောင်တစ်ဦး။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဝဲချိုင်စခန်းမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနေတဲ့ စစ်ဘေးရှောင်တစ်ဦး။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ခိုက်မှုများ မြင့်တက်နေမှုအပေါ် အစိုးရက နှုတ်ဆိတ်နေခြင်းအပေါ် စိတ်ပျက်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် စစ်ဘေးရှောင် ဒုက္ခသည်များက ပြောကြားခဲ့ကြသည်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျွန်မတို့ ငြိမ်းချမ်းရေး လိုအပ်တယ်လို့ပြောတယ်။ လက်တွေ့ကျတော့ အစိုးရက ကျွန်တော်တို့ကို တိုက်ခိုက်နေတုံးပဲ” ဟုဝဲချိုင်စခန်းတွင်နေထိုင်သူတစ်ဦးဖြစ်သည့် အသက် ၄၆ နှစ်ရှိ နာဖောဂရောင်က ပြောသည်။

“သူပြောတဲ့အတိုင်း မဟုတ်ဖူးဆိုရင် ဒီလိုမျိုးမပြောသင့်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ခေါင်းစီးဓာတ်ပုံ- စတိဗ် တစ်ခ်နာ

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.